Connect with us

Hi, what are you looking for?

သတင်း

နေပြည်‌တော်ကို ဗဟိုပြု ​နောက်ဆက်တွဲငလျင်ထပ်လှုပ်

နေပြည်တော် ဒက္ခိဏသိရိမြို့ကို ဗဟိုပြု၍ ရစ်ခ်တာစကေး ၅ဒဿမ၁ အဆင့်ရှိ​သော ​နောက်ဆက်တွဲ​မြေငလျင် ယနေ့ ည‌နေ ၄နာရီ၌ လှုပ်သွားသည်။

မြေငလျင်လှုပ်ခတ်သည်ကို USGS နှင့် Google ကထုတ်ပြန်ထားမှုနှင့် ငလျင်​ကြောင့်အပျက်အစီးများကို မတ် ၂၈ရက်က​တွေ့ရစဥ်။

မတ်-၂၉၊၂၀၂၅။ဇော်ရမ်း/People’s Spring

နေပြည်တော် ဒက္ခိဏသိရိမြို့ကို ဗဟိုပြု၍ ရစ်ခ်တာစကေး ၅ဒဿမ၁ အဆင့်ရှိ​သော ​နောက်ဆက်တွဲ​မြေငလျင် ယနေ့ ည‌နေ ၄နာရီ၌ လှုပ်သွားသည်။

မတ်လ ၂၈ရက်နေ့က ဖျက်အားပြင်းငလျင်ကြီးကြောင့် ထိခိုက်သေဆုံးသူများကို ရှာဖွေကယ်ဆယ်ရေး လုပ်နေချိန် နေပြည်တော်ကို ဗဟိုပြု၍ မတ် ၂၉ ရက်ည​နေ ၃ နာရီ ၅၀ လှုပ်ခြင်းဖြစ်သည်။

ငလျင်သည် မြေအနက်၁၀ ကီလိုမီတာ( ၆မိုင်​ကျော်)၌ဗဟိုပြု လှုပ်သွား​သော ​ဇောကတိမ်ငလျင်ဖြစ်​ကြောင်း USGS က​ဖော်ပြသည်။ ​မြေငလျင်မှာ ​ဇောက်တိမ်လျင် ဖျက်အားပိုကြီးသည်။

Public Service Announcement

Public Service Announcement

” သိမ့်ခနဲ့ပဲ။ ထပ်ပြိုတဲ့သတင်းတွေ ကြားရတယ်။ ကျမတို့ကတပ်ကုန်းထဲကရွာရောက်နေလို့ သေချာမသိ”ဟု နေပြည်တော်မှ ဝန်ထမ်းတစ်ဦးကပြောသည်။

မတ်လ ၂၈ရက်နေ့ကငလျင်ကြောင့်ပျဉ်းမနားတစ်မြို့တည်းတွင် သေဆုံးသူ ၂၀၀ ကျော် ရှိနေပြီဖြစ်သည်။ ရစ်ချ်တာစ​ကေး ၇ ဒသမ ၇ အဆင့်ရှိ ​မြေငလျင်ပြီးလှုပ်ခတ်ပြီး​နောက် ​နောက်ဆက်တွဲ​မြေငလျင်များဆက်တိုက်လှုပ်ရှား​နေသည်။

​မြေငလျင်ကြီးလှုပ်ခတ်ပြီး​နောက် ​နောက်ဆက်တွဲ​မြေငလျင်များ ဆယ်နှင့်ချီ၍ လှုပ်ခတ်​ခဲ့ရာ ​မြေငလျင်ကြီး လှုပ်ပြီး ၁၂ မိနစ်ခန့်အကြာတွင် တံတားဦး​လေဆိပ်အနီးဗဟိုပြု၍ ပြင်းအား ၆ ဒသမ ၄ ဖြင့် လှုပ်ခတ်​သော ​မြေငလျင်မှာ အားအကြီးဆုံးဖြစ်သည်။ ယခုငလျင်မှာ ပြင်းအား ၅ ဒသမ ၁ ​ကျော်၍ ဒုတိယအားအကြီးဆုံး​နောက်ဆက်တွဲငလျင်ဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်-မန္တလေးလမ်းဟောင်းမှာ ဆိုင်ကယ်ကိုရှောင်ရင်း အိမ်စီးကားတစ်စီး တိမ်းမှောက်ခဲ့ပြီး သံဃာတစ်ပါးနဲ့ လူ ခြောက်ဦး စိုးရိမ်ဒဏ်ရာရရှိခဲ့တယ်လို့ ကရုဏာရှင်လူမှုကူညီရေးပရဟိတအသင်းက အသိပေးထားပါတယ်။

သတင်း

နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်မှာ မိုးကြီးပြီး မြို့ပေါ်ရပ်ကွက်အချို့နဲ့ ဆေးရုံကို တောင်ကျရေတွေနဲ့ ရွှံ့နွံတွေစီးဝင်လာတဲ့အတွက် လူနာတွေနဲ့ဒေသခံတွေကိုအရေးပေါ်ရွှေ့ပြောင်းခဲ့ရပါတယ်။

နိုင်ငံတကာ

ဂျပန်နိုင်ငံ အနောက်တောင်ပိုင်းမှာ ဇူလိုင် ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ မဂ္ဂနီကျု ၇.၁ အဆင့် ငလျင်ကြီးကြောင့် သေဆုံးသူဟာ နှစ်ဒါဇင် နီးပါးထိ များပြားလာခဲ့ပါတယ်။

သတင်း

မန္တလေးမြို့၊ ပုသိမ်ကြီးမြို့အနီးကို ဗဟိုပြုပြီး ၄.၆ အဆင့်ရှိ အင်အား အတော်အသင့်ရှိတဲ့ မြေငလျင်တစ်ခု လှုပ်ခတ်သွားကြောင်း အမျိုးသားညီညွတ်ရေးအစိုးရရဲ့ လူမှုရေးရာ၊ အလုပ်သမားနှင့် လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာန(MoSLHA)က သတင်းထုတ်ပြန်ပါတယ်။