Connect with us

Hi, what are you looking for?

သတင်း

နေပြည်တော်တွင် ပျက်စီးအဆောက်အဦးများအတွင်း အုပ်စုဖွဲ့လုယက်နေ

နေပြည်တော်တွင် စစ်ကိုင်းငလျင်ကြီးကြောင့် ပျက်စီးသွားသည့် အဆောက်အဦးများအတွင်း အုပ်စုဖွဲ့ လုယက်မှုများဖြစ်နေကြောင်း ဒေသခံ၊ဝန်ထမ်းနှင့်နီးစပ်သူများက လူထုနွေဦးသို့ ပြောသည်။

ဧပြီ၉၊၂၀၂၅။ရဲခေါင်/People’s Spring

နေပြည်တော်တွင် စစ်ကိုင်းငလျင်ကြီးကြောင့် ပျက်စီးသွားသည့် အဆောက်အဦးများအတွင်း အုပ်စုဖွဲ့ လုယက်မှုများဖြစ်နေကြောင်း ဒေသခံ၊ဝန်ထမ်းနှင့်နီးစပ်သူများက လူထုနွေဦးသို့ ပြောသည်။

အင်အားပြင်းငလျင်ဖြစ်ပွားမှုအပြီး နှစ်ပတ်ခန့်ကြာသည်အထိ ဆိုးရွာစွာထိခိုက်ခဲ့သော ဝန်ထမ်းအိမ်ရာများတွင် လုယက်မှုမှာပို၍ ဖြစ်နေကြောင်းလည်း ၎င်းတို့က ဆိုသည်။

“အနုကြမ်းစီးသလိုမျိုးပဲ။အုပ်စုလိုက်လာပြီး အိမ်ထဲဝင် ပစ္စည်းယူကြတာ။အတားအဆီးဘာမှမရှိသလိုမျိုး ဖြစ်နေတာ။နေအိမ်ပျက်စီးတဲ့သူတွေက စစ်ကောင်စီ နေရာချထားတဲ့နေရာမှာသွားနေရတာရှိသလို နီးစပ်ရာကိုအရေးပေါ်ရွှေ့ပြောင်းကျတော့ ကြီးကြီးမားမား ဘာမှမသယ်နိုင်ဘူးလေ။အခုက အဲယားကွန်းတွေကအစ ဖြုတ်သယ်ကျတာ”ဟု နေပြည်တော်ရှိ ဝန်ထမ်းတစ်ဦး နှင့် နီးစပ်သူက လုယက်မှုအခြေအနေကို ရှင်းပြသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီအခြေစိုက်ရာ နေပြည်တော်တွင် ဝန် ကြီးဌာန အဆောက်အဦးများပြိုကျပျက်စီးမှုများစွာရှိသော်လည်း စစ်ကောင်စီကသတင်းထိန်းချုပ်ထားကြောင်းလည်း ဒေသခံတစ်ဦးက ပြောသည်။

“ပျက်စီးတဲ့ ဓာတ်ပုံတွေ မတင်ရဘူး။မပို့ရဘူး။တွေ့ရင် အရေးယူမယ်ဆိုတာ ခြိမ်းခြောက်ခံထားရတယ်။ကျွန်တော့် ညီမအိမ်ရာကတိုက်ဆိုရင် မပြိုဘူး။ဒါပေမယ့်နေလို့မရတော့ဘူး။အဲ့လိုတွေအများကြီးပဲ။ပြိုတဲ့အိမ်ရာတွေက ပြိုကြတယ်”ဟု ၎င်းက ပြောသည်။

နေပြည်တော်မြို့ခံတစ်ဦးကလည်း “နေပြည်တော်က ဝန်ထမ်းအိမ်ရာအကုန် နီးပါးက လူနေလို့ မရတော့အောင် ပျက်စီးတာ။လွှတ်တော်လည်းတော်တော်ထိတယ်။ဝန်ကြီး ဌာနရုံးတွေထဲမှာဆို ပြည်ထဲရေး၊နိုင်ငံခြားရေး၊ဗဟိုဘဏ် တို့လည်းထိတယ်။တခြားရုံးတွေလည်းထိတာပေါ့။ရုံးတွေက တစ်ခုနဲ့တစ်ခုဆက်စပ်နေတာလေ။ ပျဥ်းမနားဆိုရင် ဗိုလ် ချုပ်လမ်းတလျောက်အကုန်နီးပါးပြိုတာ”ဟု ငလျင်ကြောင့် နေပြည်တော်ပျက်စီးမှုအခြေအနေကို ပြောသည်။

ရုံးလုပ်ငန်းများအမြန်ဆုံးစတင်နိုင်ရန် နေပြည်တော်ရှိ ရုံး၊ဆေးရုံနှင့်ဝန်ထမ်းအိမ်ရာများကို အမြန်ဆုံးပြန် လည်တည်ဆောက်ပြုပြင်ရမည်ဖြစ်ပြီး ဝန်ထမ်းများအား ရပ်ကွက်ငါးခုရှိ အားကစားကွင်းများတွင် ထားရှိမည်​ဖြစ်ကြောင်း ဧပြီ ၇ ရက်က ပြုလုပ်သည့် စစ်ကောင်စီ၏ သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဗဟိုဌာနအစည်းအဝေးမှတ်တမ်းအရ သိရသည်။

ငလျင်လှုပ်ခတ်မှုအပြီး လုယက်မှုများသည် မန္တလေးနှင့် စစ်ကိုင်းတို့တွင်လည်း ဖြစ်ပွားမှုရှိသော်လည်း စစ်ကောင်စီဘက်ကမူ ကောလာဟလ အဖြစ်သာယူဆကြောင်း ၎င်း၏ ဝါဒဖြန့်သတင်းစာတွင် ဧပြီ၈ရက်က ဖော်ပြထားသည်။

လုယက်မှုဖြစ်ပွားပါက တိုင်ကြားနိုင်သည်ဟု စစ် ကောင်စီက ဖြန့်ဝေထားသော ဖုန်းနံပတ်အချို့ကို လူထုနွေဦးက ဆက်သွယ်သော်လည်း ပြန်လည်ဖြေ ကြားမှုမရှိပေ။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်းမှာ လှုပ်ခတ်ခဲ့တဲ့ မဂ္ဂနီကျု ၆.၃ အဆင့် ငလျင်ကြောင့် လူ ၁ ဦးသေပြီး ၈ ဦး ဒဏ်ရာရခဲ့ပါတယ်။

နိုင်ငံတကာ

အင်ဒိုနီးရှား နိုင်ငံ အလယ်ပိုင်းမှာ မဂ္ဂနီကျု ၆.၇ အဆင့် ငလျင်တစ်ခု လှုပ်ခတ်ခဲ့သလို နောက်ဆက်တွဲ ငလျင်ငယ်တွေပါ ထပ်လှုပ်နေတာကြောင့် ဒေသခံတွေ အထိတ်တလန့် ဖြစ်နေပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့အနီးမှာ ဒီကနေ့ ဇွန်လ၁၅ရက် မနက်အစောပိုင်းက ရစ်ခ်တာစကေး ၄ ဒဿမ ၄ အဆင့် ငလျင်တစ်ခု မြေအနက်တိမ်တဲ့နေရာကို ဗဟိုပြု လှုပ်သွားပါတယ်။

သတင်း

ရန်ကုန်မြို့အနီးမှာ ဒီနေ့ (ဇွန်လ၁၄)ညနေ ၅နာရီ ၉ မိနစ်ခန့်ကရစ်ခ်တာစကေး ၄ ဒဿမ ၁ အဆင့် ငလျင်ထပ်လှုပ်သွားပါတယ်။