Connect with us

Hi, what are you looking for?

သတင်း

နေပြည်​တော်ဝန်ထမ်းအိမ်ရာအချို့တွင်ငလျင်​ကြောင့်သေဆုံးသူများ၏အပုပ်နံ့များထွက်နေ

နေပြည်တော် မီးရထားဌာန နှင့် မွေးမြူရေးဌာန ဝန်ထမ်းအိမ်ယာများပြိုကျမှုတွင် သေဆုံးသူရုပ်အလောင်းများကို ယနေ့ (ဧပြီလ ၉ရက်)အထိ ပြန်ဖော်နိုင်ခြင်းမရှိသေးဘဲ ဘေးပတ်ဝန်းကျင်တွင် အပုတ်နံ့များထွက်​နေသည်။

စစ်ကိုင်းငလျင်​ကြောင့် ​နေပြည်​တော်ဝန်ထမ်းအိမ်ရာများ၏အပျက်အစီးများနှင့် ရှာ​ဖွေ​ကယ်ဆယ်​ရေးလုပ်​နေသူများ။ ဓါတ်ပုံ-CJ

ဧပြီ-၉၊၂၀၂၅။ဧရာ/People’s Spring

နေပြည်တော် မီးရထားဌာန နှင့် မွေးမြူရေးဌာန ဝန်ထမ်းအိမ်ယာများပြိုကျမှုတွင် သေဆုံးသူရုပ်အလောင်းများကို ယနေ့ (ဧပြီလ ၉ရက်)အထိ ပြန်ဖော်နိုင်ခြင်းမရှိသေးဘဲ ဘေးပတ်ဝန်း ကျင်တွင် အပုပ်နံ့များထွက်​နေသည်။

“တော်တော်ကို ပုပ်စော်နံနေတာပါဗျ။ မခံမရပ်နိုင်အောင်ပဲ။ဘာမှကယ်ဆယ်ရေးလာမလုပ်တော့ အသေများတယ်ဗျ”ဟုနေပြည်တော်မြန်မာ့မီးရထားအိမ်ရာအနီး နေသူတစ်ဦးကပြောသည်။

အဆိုပါအိမ်ရာသည် ဇမ္ဗူသီရိမြို့နယ်၌ ရှိပြီး မတ်လ ၂၈ရက်က လှုပ်သော စစ်ကိုင်းငလျင်ကြီးကြောင့် ၄ ထပ်တိုက် အမှုထမ်းအိမ်ရာ ၂၅ လုံး၊ အရာထမ်းအိမ်ရာ ၁၇ လုံးမြေကျွံပြိုကျပျက်စီးခဲ့သည်ဟု ဝန်ထမ်းတစ်ဦးကပြောသည်။ စစ်ကောင်စီက အရေးပေါ်ကယ်ဆယ်ရေးမလုပ်ခဲ့သောကြောင့် ပိတ်မိသူများပါသေဆုံးသူများပြားခဲ့ပြီး ယခုအခါ အပုပ်နံ့များထွက်နေပြီဟုပြောသည်။

Public Service Announcement

Public Service Announcement

“ကျမတို့ကနေပြည်တော်ဘူတာကြီးကယ်ဆယ်ရေးစခန်းမှာလာနေရတယ်။အဆောင်ကိုပြန်ကြည့်တာ ပြိုခဲ့တဲ့နေ့ကအတိုင်းပဲ။သေတာတွေ များတယ်။ ကျမအဆောင်ရှေ့မှာတင်သေတာ ၅ယောက်မကဘူး” ဟု မီးရထားဝန်ထမ်းတဦးက‌ပြောသည်။

မီးရထားဌာနအပြင် မွေးမြူရေးဌာနဝန်ထမ်းအိမ်ယာဘက်တွင်လည်း အပုပ်နံ့များထွက်နေပြီး အိမ်ယာဝင်း ရှေ့လမ်းပေါ်မှ ကားဖြတ်မောင်းရန်ပင် အဆင်မပြေကြောင်း နေပြည်တော်မှ စားသောက်ဆိုင်လုပ်ငန်းရှင်တစ်ဦးကပြောသည်။

အဆိုပါ ဝန်ထမ်းအိမ်ယာနှစ်ခုမှဝန်ထမ်း ၃,၀၀၀ဦးထက်မနည်းကို နေပြည်တော်ဘူတာကြီးနှင့် ကုန်းလမ်းပို့ဆောင်ရေးဝန်ကြီးဌာန ဝင်းထဲတွင် ယာယီနေရာချထားပေးသည်။ စစ်ကိုင်းငလျင်ကြောင့် နေပြည်တော်တွင် ထိခိုက်ပျက်စီးမှုမှုအလွန်များပြားခဲ့သည်။ သေဆုံးမှုနှင့် ထိခိုက်ပျက်စီးမှုစာရင်းများကို စစ်ကောင်စီက အရှိအတိုင်းချမပြဘဲ သတင်းမထွက်ရေးထိန်းချုပ်ထားသည်ဟုဝန်ထမ်းတစ်ဦးကပြောသည်။

ထို့အပြင်ဝန်ထမ်းများသည်ယာယီနေရာများ၌ရုံးလုပ်ငန်းဆက်လက်လုပ်နေသူများရှိသလို နေရပ်သို့ပြန်သွားသူများလည်းရှိနေသည်။နေရပ်ပြန်သွားသူများဧပြီလ၂၀ရက်အရောက်ပြန်လာကြရန် စစ်ကောင်စီက ဖိအားပေးနေသည်။

“နေစရာမရှိဘဲဘယ်မှာနေရမလဲ။ ကယ်ဆယ်ရေးလုပ်မပေးခဲ့ဘဲ သေဆုံးသွားသူတွေအတွက်လည်း ဘာတာဝန်မှမယူတဲ့ အစိုးရကို ဘယ်လိုယုံကြည်ရမလဲ။အလုပ်ပြုတ်ချင်ပြုတ်ပစေ။ ပြန်မသွားချင်တော့ဘူး”ဟု ပဲခူးတိုင်းမှ ဌာနဆိုင်ရာဝန်ထမ်းတစ်ဦးကပြောသည်။

လက်ရှိတွင် အပုပ်နံ့ထွက်နေသောနေပြည်တော် မီးရထားဌာနနှင့် မွေးမြူရေးဌာန ဝန်ထမ်းအိမ်ယာအနီးမှ ဒေသခံများသည် ကူးစက်​ရောဂါများကူးစက်လာမည်ကိုစိုးရိမ်နေကြသည်။ အဆောက်အအုံအောက်တွင် ပိမိနေသော အလောင်းများအား မရှင်းလင်းပါက ကူးစက်ရောဂါများဖြစ်ပွားနိုင်ကြောင်း ကျန်းမာရေးဆိုင်ရာကျွမ်းကျင်သူများကသတိပေးထားသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်းမှာ လှုပ်ခတ်ခဲ့တဲ့ မဂ္ဂနီကျု ၆.၃ အဆင့် ငလျင်ကြောင့် လူ ၁ ဦးသေပြီး ၈ ဦး ဒဏ်ရာရခဲ့ပါတယ်။

နိုင်ငံတကာ

အင်ဒိုနီးရှား နိုင်ငံ အလယ်ပိုင်းမှာ မဂ္ဂနီကျု ၆.၇ အဆင့် ငလျင်တစ်ခု လှုပ်ခတ်ခဲ့သလို နောက်ဆက်တွဲ ငလျင်ငယ်တွေပါ ထပ်လှုပ်နေတာကြောင့် ဒေသခံတွေ အထိတ်တလန့် ဖြစ်နေပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့အနီးမှာ ဒီကနေ့ ဇွန်လ၁၅ရက် မနက်အစောပိုင်းက ရစ်ခ်တာစကေး ၄ ဒဿမ ၄ အဆင့် ငလျင်တစ်ခု မြေအနက်တိမ်တဲ့နေရာကို ဗဟိုပြု လှုပ်သွားပါတယ်။

သတင်း

ရန်ကုန်မြို့အနီးမှာ ဒီနေ့ (ဇွန်လ၁၄)ညနေ ၅နာရီ ၉ မိနစ်ခန့်ကရစ်ခ်တာစကေး ၄ ဒဿမ ၁ အဆင့် ငလျင်ထပ်လှုပ်သွားပါတယ်။