Connect with us

Hi, what are you looking for?

သတင်း

စစ်ကိုင်းငလျင်ကြီးကြောင့် နေပြည်တော်ရှိ ဌာနဆိုင်ရာအဆောက်အဦး ၂၀ ပျက်စီး

အာဏာသိမ်းစစ်ကောင်စီ စစ်ရုံးချုပ်အခြေစိုက်ရာ နေပြည်တော်မှာ စစ်ကိုင်းငလျင်ကြီးကြောင့် ဝန်ကြီး ဌာနဆိုင်ရာ အဆောက်အဦး ၂၀ ထိခိုက်ပျက်စီးခဲ့တယ်လို့ စစ်ကောင်စီရဲ့ စာရင်းအရသိရပါတယ်။

နေပြည်တော်မှာ ထိခိုက်ပျက်စီးမှုတွေကို လိုက်လံကြည့်ရှုနေတဲ့ အာဏာသိမ်း စစ်ခေါင်းဆောင် ဓာတ်ပုံ - စစ်ကောင်စီ

ဧပြီ – ၈၊၂၀၂၅/People’s Spring

အာဏာသိမ်းစစ်ကောင်စီ စစ်ရုံးချုပ်အခြေစိုက်ရာ နေပြည်တော်မှာ စစ်ကိုင်းငလျင်ကြီးကြောင့် ဝန်ကြီး ဌာနဆိုင်ရာ အဆောက်အဦး ၂၀ ထိခိုက်ပျက်စီးခဲ့တယ်လို့ စစ်ကောင်စီရဲ့ စာရင်းအရသိရပါတယ်။

ငလျင်ကြီးကြောင့် နေပြည်တော်ကောင်စီနယ်မြေထဲမှာပါတဲ့မြို့နယ် ၈ ခုက အဆောက်အဦး ၂,၈၀၀ ကျော် ထိခိုက်ပျက်စီးပြိုကျရာမှာ ဌာနဆိုင်ရာ အဆောက်အဦး ၂၀ ပါဝင်တာလို့ စစ်ကောင်စီရဲ့ နေပြည်တော် ကောင်စီဝင် လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှုးကြီး ရဲမိုးက စစ်တပ်ဝါဒဖြန့်တယ်လီဂရမ်ချန်နယ်တစ်ခုကိုဖြေကြားထားတာပါ။

စစ်ကိုင်းငလျင်ကြီးကြောင့်ထိခိုက်ပျက်စီးသွားတဲ့ ဝန်ကြီးဌာန အမည်တွေကိုတော့ အသေးစိတ်ပြောကြားတာမရှိပါဘူး။

Public Service Announcement

Public Service Announcement

နေပြည်တော်မှာ စစ်ကောင်စီရဲ့ စာရင်းအရတင် ထိခိုက်သေဆုံးသူဦးရေ မှာ သေဆုံးသူ ၆၆၁ ဦး ၊ ဒဏ်ရာရသူ ၈၅၇ ဦး ၊ပျောက်ဆုံးသူ ၉ ဦး ရှိတယ်လို့ သိရပါတယ်။

ပျက်စီးသွားတဲ့အဆောက်အဦး ၂,၈၀၀ ကျော်မှာ နေအိမ် ၁,၀၀၀ ခန့် ၊ ဘုန်းကြီးကျောင်း ၁၅၀ ၊ စာသင်ကျောင်း ၃၉ ကျောင်း ၊ တံတား ၁ စင်း ၊ ဘုရားစေတီ ၂၉၀ နဲ့ အခြားအဆောက်အဦး ၂၈၀ ကျော်ရှိတယ်လို့ စစ်ကောင်စီက ဆိုပါတယ်။

နေပြည်တော်က ငလျင်ရှာဖွေကယ်ဆယ်ရေးကို တရုတ် ၊ အိန္ဒိယ ၊ ရုရှား ၊ စင်ကာပူ ၊ထိုင်း ၊ ဗီယက်နမ် ၊ တူရကီ ၊ ဘင်္ဂလားဒေ့ရှ် ၊ အင်ဒိုနီးရှား ၊ ဖိလစ်ပိုင် နဲ့ ယူအေအီးနိုင်ငံတွေက ကူညီခဲ့ကြပါတယ်။

ရှာဖွေကယ်ဆယ်ရေး နေရာ ၁၄၅ ခုမှာ အသက်ရှင်လျက် ၁၄၉ ဦး ကိုကယ်ထုတ်နိုင်ခဲ့ပြီး သေဆုံးသူ ၁၉၈ဦးရဲ့ ရုပ်အလောင်းကိုသယ်ထုတ်ပေးနိုင်ခဲ့တယ်လို့ စစ်ကောင်စီရဲ့ နေပြည်တော် ကောင်စီဝင် လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှုးကြီး ရဲမိုးကပြောထားပါတယ်။

နေပြည်တော်မှာ စစ်ကောင်စီရဲ့ဌာနဆိုင်ရာ ရုံးတွေ ငလျင်ကြောင့်ထိခိုက် ပျက်စီးမှုမှာ ရာထူးအကြီးပိုင်းအချို့ ထိခိုက်ဒဏ်ရာရရှိမှုတွေရှိခဲ့ပါတယ်။

မြန်မာနိုင်ငံကိုရောက်လာတဲ့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ အကြီးအကဲ Tom Fletcher နဲ့ စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးတို့ တွေ့ဆုံမှု အပြီး မှတ်တမ်းတင်ဓာတ်ပုံအရ ခြေထောက်မှာ ထိခိုက်ဒဏ်ရာရထားတဲ့ နိုင်ငံခြားရေးဌာန အဆင့်မြင့်အရာရှိကြီးတစ်ဦးကို တွေ့ရပါတယ်။

စစ်ကောင်စီရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနရုံးလည်း ထိခိုက်ပျက်စီးသွားခဲ့ပြီး အစည်းအဝေးတွေကို အဆောက်အဦး ပြင်ပမှာ ပြုလုပ်တာကို ဓာတ်ပုံမှတ်တမ်းတွေမှာ တွေ့ရပါတယ်။

ယခင်စစ်အာဏာရှင်ဟောင်း ဗိုလ်ချုပ်မှုးကြီးသန်းရွှေ တည်ဆောက်သွားတဲ့ အုပ်ချုပ်ရေးမြို့တော် နေပြည်တော်ဟာ မတ်လ ၂၈ ရက်က လှုပ်ခတ်တဲ့စစ်ကိုင်းငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးမှု ကြီးမားခဲ့တာပါ။

သမ္မတအိမ်တော်၊ လွှတ်တော်အဆောက်အအုံတွေ ၊ ဝန်ထမ်းအိမ်ရာတွေ​၊ စျေးတွေ ၊ ဆေးရုံတွေ၊ လမ်းတွေ ထိခိုက်ပျက်စီးခဲ့ပြီးငလျင် ကနဦးနေ့ရက်တွေကဆိုရင် လမ်းပန်းဆက်သွယ်ရေး ၊ ရေနဲ့ မီး ပြတ်တောက်တာတွေ ဖြစ်ခဲ့ပါတယ်။

စစ်ကောင်စီရဲ့ စစ်ရုံးချုပ်ထဲမှာလည်းထိခိုက်ပျက်စီးမှုတွေရှိခဲ့ပေမယ့် ပြင်ပကို သတင်းမထွက်အောင် ဖုံးဖိထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

နေပြည်တော်၊ တပ်ကုန်းမြို့နဲ့ မကွေးတိုင်း မြို့သစ်မြို့က ဒေသခံတွေဆီက WY စိတ်ကြွဆေးပြား ၂၀၀၀၀ ကျော် ဖမ်းဆီးရမိတယ်လို့ နတ်မောက်ဂဠုန် PDF တပ်ဖွဲ့တာ၀န်ရှိသူက ပြောပါတယ်။

သတင်း

နေပြည်တော်မှာ စစ်တပ်ရဲ့ ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးညွန့်ဝင်းဆွေရဲ့ ကိုယ်ရေးအရာရှိ‌ (PSO)မောင်းလာတဲ့ကားတိုက်မိလို့ ဒုဗိုလ်မှူးကြီး ၁ ဦး သေဆုံးပြီး နောက်ထပ်အရာရှိ ၁ဦးလည်း ဒဏ်ရာရရှိခဲ့တယ်လို့ စု့စမ်းသိရပါတယ်။

သတင်း

တာချီလိတ်မှာ မယ်ဆိုင်ချောင်းရေလျှံ

သတင်း

နေပြည်တော်၊ လယ်ဝေးမြို့နယ်မှာ တပ်မိသားစုဝင် ၁ဦး ပေါ်တာဆွဲခံရလို့ မိခင်ကိုယ်တိုင် လူမှုကွန်ရက်ကနေ အကူအညီတောင်းနေပါတယ်။

Facebook