Connect with us

Hi, what are you looking for?

သတင်း

ငလျင်ကြီးကြောင့် နေပြည်တော်၊ ပျဉ်းမနားတွင်ပင် သေဆုံးသူ ၈၀ ကျော်လာ

​မြေငလျင်ကြီးကြောင့် နေပြည်တော်၊ ပျဉ်းမနားတွင် သေဆုံးသူ၈၀ဦးကျော်လာပြီဖြစ်ကြောင်း ယနေ့ည ၉ နာရီအထိ အခြေအနေကိုဒေသခံများနှင့် လူမှုရေးအဖွဲ့များထံမှသတင်းရရှိသည်။

​မြေငလျင် လှုပ်ပြီး အပျက်အစီးများကို ပျဥ်းမနားမြို့တွင်​တွေ့ရစဥ်။ဓါတ်ပုံ-CJ

ကဖေး/People’s Spring

​မြေငလျင်ကြီးကြောင့် နေပြည်တော်၊ ပျဉ်းမနားတွင် သေဆုံးသူ၈၀ဦးကျော်လာပြီဖြစ်ကြောင်း ယနေ့ည ၉ နာရီအထိ အခြေအနေကိုဒေသခံများနှင့် လူမှုရေးအဖွဲ့များထံမှသတင်းရရှိသည်။

ပျဉ်းမနားမြို့၊ ဗိုလ်ချုပ်လမ်းတလျှောက်တွင် အပျက်အစီးအလွန်များပြားပြီး အဆောက်အဦးများစွာပြိုကျပျက်စီးနေကြောင်း မြို့ခံများကပြောသည်။

“ပြိုသွားတဲ့အိမ်တွေထဲမှာ လူတွေပိတ်မိနေတုန်းပဲ။ သေဆုံးသူတွေအရမ်းများပါတယ်။ ရေခဲတိုက်မှာ တန်းစီနေတာပဲ။ လမ်းပေါ်တွေမှာလည်း ရှိတယ်”ဟု ဒေသခံတစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

မတ် ၂၈ ရက်ည ၉နာရီအထိစာရင်းအရ ပျဉ်းမနားမြို့တွင် အင်အားကြီးငလျင်ကြီး လှုပ်ခတ်မှုကြောင့်သေဆုံးသူ ၈၀ကျော်ရှိပြီဟုကယ်ဆယ်ရေးလုပ်နေသူတစ်ဦးကပြောသည်။ ​ပျဥ်းမနားတစ်ခုတည်းတွင်ပင် ​သေဆုံးသူအ​ရေအတွက်များ၍ ​နေပြည်​တော်​ကောင်စီနယ်​မြေတစ်ခုလုံးဆိုပါက ​သေဆုံး သူများစွာတိုးလာနိုင်​ကြောင်း ကယ်ဆယ်​ရေးလုပ်ကိုင်​နေသူအချို့က​ပြောသည်။

နေပြည်တော်ရှိ စစ်​ကောင်စီဝန်ထမ်းအိမ်ယာများလည်း ပြိုကျခဲ့သည်။

“ကန်ထရိုက်တိုက်တွေမခိုင်တော့တော်တော်လေးကိုအပျက်အစီးများတယ်။သေဆုံးတဲ့ကိန်းဂဏန်း ဖုန်းမနိုင်ဖိမရဖြစ်လာလိမ့်မယ်ထင်တယ်။ အခုညလည်း ဝန်ထမ်းတွေ လမ်းပေါ်တွေမှာနေကြရတယ်”ဟု ခရေဆောင်မှ ဝန်ထမ်းတစ်ဦးကပြောသည်။

ထို့အပြင်နေပြည်တော်လေဆိပ်ရှိလေကြောင်းထိန်သိမ်းရေးတာဝါကျိုးကျပြီး အမျိုးသမီးအချို့အပါအဝင် ၇ ဦးသေဆုံးကြောင်းလည်း လေဆိပ်နှင့်နီးစပ်သူတဦးကပြောသည်။ ငလျင်ကြောင့် ပြိုကျသွားသည့် နေအိမ်နှင့် အဆောက်အဦးများအတွင်း လူများပိတ်မိနေဆဲဖြစ်ပြီး ကယ်ဆယ်ရေးများ လုပ်ဆောင်နေဆဲဖြစ်သည်။

ထိုအပြင် ပျဉ်းမနားစိုက်ပျိုးရေးသိပ္ပံတွင် ကျောင်းအုပ်ကြီး ရုံးခန်းပြိုကျပြီး အောက်ထပ်တွင် စာစစ်​နေ​သော ဆရာ ၊ဆရာမ များအပါအဝင် ၆ ဦး​သေဆုံးပြီး ဒဏ်ရာရသူများရှိခဲ့သည်။ အပေါ်ထပ် ရုံးခန်းမှ ဒေါ်စန္ဒာဝင်းက ဦးခေါင်းပေါက်ဒဏ်ရာရခဲ့သည်။​သေဆုံးသူများတွင် အဆောင်မှုးဒေါ်ခင်ဝင်းမြိုင်၊ ဦးသန်းလွင်၊ ဒေါ်နေခြည်လင်း တို့အပါအဝင် ၆ ဦးဖြစ်သည်။

ငလျင်ကြောင့် သေဆုံးသူ ၁၄၄ ဦးရှိပြီး၊ ထိခိုက်ဒဏ်ရာရသူ ၇၃၀ ကျော်ရှိ မြန်မာစစ်ခေါင်းဆောင်ရဲ့ မတ် ၂၈ ရက် ညပိုင်း ၈ နာရီ အချိန် မြန်မာငလျင်နဲ့ ပတ်သက်ပြီး ပြောကြားတဲ့ မိန့်ခွန်းအရ မြေငလျင်​ကြောင့် နေပြည်တော်တွင် ၉၆ ယောက် ၊ စစ်ကိုင်းမြို့တွက် ၁၈ ယောက်နှင့် ကျောက်ဆည်မြို့မှာ ၃၀ ယောက် စုစုပေါင်း ၁၄၄ ယောက် သေဆုံးပြီး ၊၇၃၂ ဦး ဒဏ်ရာရခဲ့သည်ဟု အာဏာသိမ်း​ခေါင်း​ဆောင်က မတ် ၂၈ ရက်ညတွင် ​ပြောကြားခဲ့သည်။သို့​သော် ​အာဏာသိမ်း​ခေါင်း​ဆောင်​ပြော​သောစာရင်းတွင် မြေငလျင်ကြီး​ကြောင့် ​သေဆုံးမှု ၊ပျက်စီးဆုံးရှုံးမှု အများဆုံးဖြစ်​သော မန္တ​လေမြို့အပါအဝင် အခြား​ဒေသများမပါဝင်​ပေ။ထိုအပြင် စစ်​ကောင်စီက ​မြေငလျင်ပျက်စီးမှု​ကြောင့် ​မန္တ​လေး ၊စစ်ကိုင်း ၊​နေပြည်​တော် ၊ပဲခူး၊မ​ကွေး ၊ ရှမ်းပြည်နယ် ​မြောက်ပိုင်းကို စစ်​ကောင်စီက အ​ရေး​​ပေါ်အ​ခြေအ​နေ​ကြေညာပြီး ငလျင်လှုပ်ပြီးမှ ထို​ဒေသများထဲမှ သုံး​​ဒေသကို ​လေ​ကြောင်းမှဗုံးကြဲခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်မှာ မိုးကြီးပြီး မြို့ပေါ်ရပ်ကွက်အချို့နဲ့ ဆေးရုံကို တောင်ကျရေတွေနဲ့ ရွှံ့နွံတွေစီးဝင်လာတဲ့အတွက် လူနာတွေနဲ့ဒေသခံတွေကိုအရေးပေါ်ရွှေ့ပြောင်းခဲ့ရပါတယ်။

သတင်း

ဗိုလ်မှူးအဆင့်အပါအဝင်၉ဦးသေဆုံး ၊လက်နက်မျိုးစုံ ၆ လက်နဲ့ခဲယမ်း​တွေရ၊​ဟောင်ဝစ်ဇာကိုမသယ်နိုင်လို့ဖျက်ဆီးခဲ့

သတင်း

တအာင်းတပ်မတော်(TNLA)နဲ့ အာဏာသိမ်းစစ်တပ်တို့ နေပြည်တော်မှာ ဒီကနေ့ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း TNLပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက အတည်ပြုပါတယ်။

သရော်စာ

ကလေးအစ၊ ခွေးအဆုံးကို အံ့ဩမင်သက်စေပြီး သာမာန်လူတွေပင် လက်မခံနိုင်သော တရားလွန်လုပ်ရပ်များကို လူတစ်ယောက်က နိုင်ငံအနှံ့လိုက်လုပ်နေသည်။လူတွေကို နေ့စဉ် သတ်ဖြတ်နေသည်။ အနီရောင်ပန်းပင်တွေကို လိုက်ခုတ်ပြီး ရုပ်တုတွေကို လိုက်ဖြိုနေသည်။ ထိုသူကို အချိန်မီဆေးတိုက်ရန်လိုအပ်နေပြီ။