News NUGရဲ့ နွေဦးထီ ဒီနေ့ပြန်လည်ရောင်းချမည် ပြီးခဲ့တဲ့ စမ်းသပ်ရောင်းချမှု Pilot project ‘phase-1’ မှာ ကြုံတွေ့ခဲ့ရတဲ့ နည်းပညာစိန်ခေါ်မှုတွေ၊ အနှောက်အ ယှက်အခက်အခဲများစွာသင်ခန်းစာယူ၊ ပြင်ဆင်မှုတွေပြုလုပ်ပြီး Pilot project ‘phase-2’ ကို ဒီနေ့ ညနေ ၄ နာရီ မှာ ပြန်လည်စတင်မယ်လို့ ‘အောင်လံလွှင့်ချီနွေဦးထီ’က ဆိုပါတယ်။ LuduNwayOoစက်တင်ဘာ 6, 2021
News နွေဦးထီကိုပြည်သူတွေအားပေးနေချိန်မှာ အောင်ဘာလေထီဆုငွေပမာဏတိုးမြှင့်လိုက်တဲ့ စစ်ကောင်စီ လိုထီထိုးသူဦးရေ ကျဆင်းလာတာကြောင့် စစ်အာဏာမသိမ်းခင် က အမြင့်ဆုံးဆု ကျပ်သိန်းတစ်သောင်းခွဲ ချီးမြှင့်ခဲ့ပေမယ့် အာဏာသိမ်းပြီးတဲ့နောက်မှာတော့ အမြင့်ဆုံးဆုကို ကျပ်သိန်းငါးထောင်ဆုသာ ချီးမြှင့်နိုင်တဲ့အခြေအနေ ဖြစ်ခဲ့တာပါ။ LuduNwayOoဩဂုတ် 19, 2021
News နွေဦးထီ ဒုတိယမြောက်နေ့ သိန်း ၁၄၀၀ ကျော်ဖိုးရောင်းရ ၂၀၀၀ ကျပ်နှုန်းနဲ့ စတင်ရောင်းချခဲ့တာဖြစ်ပြီး တစ်နာရီအတွင်း သတ်မှတ်စောင်ရေ ရောင်းကုန်ခဲ့တာပါ။ LuduNwayOoဩဂုတ် 16, 2021
News နွေဦးထီဒုတိယနေ့မှာလည်း စောင်ရေငါးသောင်းရောင်းမယ်၊ တော်လှန်ရေး အသိ၊သတိရှိဖို့ နှိုးဆော် "အထူးမှာကြား တိုက်တွန်းလိုသည်မှာ နွေဦးထီကို အသံတိတ်ပါဝင် ဆင်နွှဲပေးကြပါရန်နှင့် မိမိတို့၏ ငွေပေးချေမှုစနစ်အား အကြမ်းဖက်စစ်ကောင်စီ ခြေရာခံ ရန် မလွယ်အပ်သည့် နည်းလမ်းများဖြင့် စိတ်ရှည်စွာ စီစဉ်ဆောင် ရွက်ပေးကြပါ"လို့ ထုတ်ပြန်ပါတယ်။ LuduNwayOoဩဂုတ် 16, 2021
News NUG မှ ရောင်းချသည့် အောင်လံလွှင့်ချီနွေဦးထီ ဝယ်သူများ၍ ရောင်းမလောက် နွေဦးထီကို နောက်ရက်များတွင် ဆက်လက်ထိုးခွင့်ရရန် စောင့်ဆိုင်းအားပေးမည်ဖြစ်ပြီး ထီပေါက်လိုသည်ထက် NUG အစိုးရကို ထောက်ခံလှူဒါန်းလိုသည့်အတွက် ထိုးခြင်းဖြစ်ကြောင်း ပြည်သူအများစုက ဆိုသည်။ LuduNwayOoဩဂုတ် 15, 2021
News နွေဦးထီရောင်းချမယ့် တရားဝင်ဖေ့စ်ဘွတ်ခ်စာမျက်နှာ NUG ကြေညာ၊ ဒီနေ့မနက် ၁၀ နာရီ ထီစရောင်းမယ် လက်ရှိမှာ 'အောင်လံလွှင့်ချီ နွေဦးထီ' အမည်နဲ့ ဖေ့စ်ဘွတ်ခ် စာမျက်နှာ အတုတွေ ထွက်ပေါ်နေတာကြောင့် တရားဝင် စာမျက်နှာလိပ်စာဖြစ်တဲ့ https://m.facebook.com/nuglottery ကို သတိပြုဖို့လိုပါတယ်။ LuduNwayOoဩဂုတ် 15, 2021
News နွေဦးထီကို နည်းပညာပိုင်းအာမခံချက်ပေးထားလို့ အကြမ်းဖက်စစ်ကောင်စီရဲ့ ခြိမ်းခြောက်မှုတွေကို ဂရုစိုက်ဖို့မလိုဘူးလို့ NUG ပြော “နွေဦးထီကို ပျက်စီးစေချင်ရင် စစ်ကောင်စီအနေနဲ့ သူတို့ပုံမှန်လည်ပတ်ဖို့ ဇွတ်အတင်းတည်ဆောက်နေတဲ့ အွန် လိုင်းငွေပေးချေမှုစနစ်ကို အထိခိုက်မခံဘဲ ကျွန်တော်တို့ကို တားဆီးဖို့ဆိုတာ လုံး၀မဖြစ်နိုင်ပါဘူး” လို့ ဦးတင် ထွန်းနိုင်က ပြောပါတယ်။ LuduNwayOoဩဂုတ် 15, 2021
News NUG ရဲ့ အောင်လံလွှင့်ချီနွေဦးထီကို ဩဂုတ်၁၅ စရောင်းမယ်၊ ထီထိုးသူတွေရဲ့လုံခြုံရေးကို အဓိကထားတယ်လို့ ဝန်ကြီးပြော အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ဟာ ‘အောင်လံလွှင့်ချီနွေဦးထီ’ ကို ဩဂုတ် ၁၅ ရက်မှာ စတင်ရောင်းချမှာ ဖြစ်ပြီး ထီထိုးတဲ့သူတွေနဲ့ ထီပေါက်တဲ့သူတွေရဲ့လုံခြုံရေးကို အဓိကထား ကာကွယ်ပေးထားတယ်လို့ မနေ့က အသိပေးထုတ်ပြန်ပါတယ်။ LuduNwayOoဩဂုတ် 13, 2021
News CDM ဝန်ထမ်းများအား ထိရောက်စွာကူညီရန် NUGက နွေဦးထီ အကောင်အထည်ဖော်မည် NUGစီမံကိန်း၊ ဘဏ္ဍာရေးနှင့်ရင်းနှီးမြုပ်နှံမှု ဝန်ကြီး ဌာနက ပေးပို့လာသည့် လောင်းကစားဥပဒေကို ပထမအကြိမ် ပြင်ဆင်သည့် ဥပဒေအား အတည်ပြုပြဌာန်းလိုက်ကြောင်း ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)က ယနေ့ ထုတ်ပြန်ကြေညာခဲ့သည်။ LuduNwayOoဩဂုတ် 7, 2021