Connect with us

Hi, what are you looking for?

News

နွေဦးထီကို နည်းပညာပိုင်းအာမခံချက်ပေးထားလို့ အကြမ်းဖက်စစ်ကောင်စီရဲ့ ခြိမ်းခြောက်မှုတွေကို ဂရုစိုက်ဖို့မလိုဘူးလို့ NUG ပြော

“နွေဦးထီကို ပျက်စီးစေချင်ရင် စစ်ကောင်စီအနေနဲ့ သူတို့ပုံမှန်လည်ပတ်ဖို့ ဇွတ်အတင်းတည်ဆောက်နေတဲ့ အွန် လိုင်းငွေပေးချေမှုစနစ်ကို အထိခိုက်မခံဘဲ ကျွန်တော်တို့ကို တားဆီးဖို့ဆိုတာ လုံး၀မဖြစ်နိုင်ပါဘူး” လို့ ဦးတင် ထွန်းနိုင်က ပြောပါတယ်။

People's Spring
People's Spring

နွေဦးထီထိုးသူကလွဲပြီး ဘယ်သူမှ မသိနိုင်တဲ့ နည်းပညာပိုင်းဆိုင်ရာအာမခံချက် ပေးထားတာမို့ အကြမ်းဖက်စစ် ကောင်စီရဲ့ခြိမ်းခြောက်နေမှုတွေကို ဂရုစိုက်ဖို့မလိုဘူးလို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ပြည်ထောင်စု ဝန်ကြီးက ပြောပါတယ်။

NUG ရဲ့ ‘အောင်လံလွင့်ချီ နွေဦးထီ’ကို မနက်ဖြန် ဩဂုတ် ၁၅ရက်မှာ စတင်ရောင်းချမှာဖြစ်ပြီး နွေဦးထီကို အဖက်ဖက်က သေချာတွက်ချက်ပြင်ဆင်ထားပြီးမှစတင်တာဖြစ်သလို စစ်အာဏာရှင်တွေ ဘက်က အစွမ်းကုန်နှောက်ယှက်ဟန့်တားလာမှာကိုလည်း တွက်ဆမျှော်လင့်ထားပြီးသားဖြစ်တယ်လို့ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီး ဦးတင်ထွန်းနိုင်က ပြောပါတယ်။

“တော်လှန်ရေးထီဖြစ်တဲ့အပြင် ထီထိုးတဲ့သူနဲ့ ထီပေါက်တဲ့သူတွေရဲ့လုံခြုံရေးကို အဓိကထား ကာကွယ်ပေးလို့တဲ့ အတွက် ပုံမှန်ထိုးနေကြထီတွေကို သိန်းသောင်းချီမပေးနိုင်တာကို နားလည်ပေးကြဖို့ ကြိုတင်တောင်း ပန်လိုပါတယ်”လို့ ဝန်ကြီးက ပြောပါတယ်။

နွေဦးထီကို တစ်စောင်လျှင် ၂၀၀၀ ကျပ်နှုန်းနဲ့ အနည်းဆုံး ၅ စောင်ကနေ စောင်ရေ ၅၀ အထိ အားပေးဝယ်ယူနိုင် ပြီး ထီရောင်းချရငွေ စုစုပေါင်းရဲ့ ၇၀ ရာခိုင်နှုန်းကို နိုင်ငံ့ဝန်ထမ်း CDM တွေအတွက် သုံးစွဲမှာဖြစ်ပြီး ၃၀ ရာခိုင်နှုန်း ကို ဆုမဲအဖြစ်ပြန်လည်ပေးအပ်သွားမှာဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

‘အောင်လံလွှင့်ချီနွေဦးထီ’ဟာ တော်လှန်ရေးအတွက် တစ်သောင်းကျပ်အနည်းဆုံး လှူဒါန်းနေသူတွေကို ဦးတည် လုပ်ဆောင်တာဖြစ်ပြီး အမြင့်ဆုံးဆုငွေ ၁၅ သိန်းကျပ်ကို ထုတ်ယူသည်ဖြစ်စေ၊ NUG ကို ပြန်လည်လှူဒါန်းသည် ဖြစ်စေ ရွေးချယ်နိုင်တယ်လို့ ဆိုပါတယ်။

“နွေဦးထီကို ပျက်စီးစေချင်ရင် စစ်ကောင်စီအနေနဲ့ သူတို့ပုံမှန်လည်ပတ်ဖို့ ဇွတ်အတင်းတည်ဆောက်နေတဲ့ အွန် လိုင်းငွေပေးချေမှုစနစ်ကို အထိခိုက်မခံဘဲ ကျွန်တော်တို့ကို တားဆီးဖို့ဆိုတာ လုံး၀မဖြစ်နိုင်ပါဘူး” လို့ ဦးတင် ထွန်းနိုင်က ပြောပါတယ်။

နွေဦးထီစတင်ရောင်းချမယ့် မနက်ဖြန်မှာ အကြမ်းဖက်စစ်ကောင်စီက အင်တာနက်လိုင်းကို အဆင်ခြင်မဲ့ပိတ်ချ လိုက်ပါက NUG က ပြည်သူနဲ့အတူ ဩဂုတ် ၁၆ ရက်မှ အရောင်းအဝယ်လုပ်ကြမယ်လို့ ဝန်ကြီးက ဆိုပါတယ်။

“၁၆ ရက်နေ့ထပ်ပိတ်ရင် ၁၇ ရက်နေ့မှ စရောင်းချရုံပါပဲ။ ဆိုလိုတာက အစစအရာရာ ပုံမှန်ပြန်ဖြစ်နေပါပြီလို့ ဗြောင်လိမ်ဗြောင်စားလုပ်နေတဲ့ သူတို့ရဲ့ စီမံ အုပ်ချုပ်ရေးယန္တရားကို အထိခိုက်မခံဘဲ ကျွန်တော်တို့ကို တားဆီးပိတ်ပင်လို့မရပါဘူး။ ကျွန်တော်တို့ကတော့ သူတို့ တစ်ခုပိတ်ဆို့ရင် နောက်နည်းလမ်းတစ်ခုနဲ့ ကျော်လွှားဆောင်ရွက်နိုင်ဖို့ကို အဆင်သင့်ပြင်ဆင်ထားပါတယ်” လို့ ဆက်ပြောပါတယ်။

အရေးကြီးဆုံးမှာ ပြည်သူတွေရဲ့ ပူးပေါင်းပါဝင်မှုနဲ့ ညီညွတ်မှုကသာအဓိကဖြစ်ပြီး ပြည်သူလူထုအားနဲ့ လက်ရှိ အချိန်အထိ ခရီးဆက်လာနိုင်ခဲ့တာဖြစ်တယ်လို့ ဝန်ကြီးဦးတင်ထွန်းနိုင် ပြောပါတယ်။

“စစ်အာဏာရှင်ရဲ့ နောက်ဆုံးနေ့များကလည်း မဝေးတော့ဘူးဆိုတာ ထူးပြောစရာလိုမယ်မထင်ပါဘူး။ အောင်ပွဲက လက်တကမ်းရောက်နေပါပြီ” လို့ သူက ဆိုပါတယ်။

နွေဦးထီဟာ စစ်အာဏာရှင်ပြုတ်ကျရေးအတွက် အရေးပါတဲ့တော်လှန်ရေးထီဖြစ်တာကြောင့် ပြည်သူတစ်ဦးချင်း၊ တစ်ယောက်ချင်းက အသံတိတ်ဆင်နွှဲပေးကြဖို့ NUG ဝန်ကြီးက တိုက်တွန်းပါတယ်။

ဆက်စပ်သတင်းများ

သတင်း

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) သွားရောက်တွေ့ဆုံခဲ့မှုအပေါ် လှိုက်လှဲစွာကြိုဆိုကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က ဒီကနေ့ ဩဂုတ် ၄ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

တော်လှန်ရေးအင်အားစုများရဲ့ဘုံနိုင်ငံရေးသဘောတူညီချက် (ပထမမူကြမ်း)ကို သဘောတူအတည်ပြုကြောင်း သဘောတူညီချက်မှာ ပါဝင်တဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေက ဒီကနေ့ ဇူလိုင် ၃၀ရက်မှာ အသိပေးထုတ်ပြန်ပါတယ်။

ဆောင်းပါး

ပြည်နယ်/ယူနစ် အားကောင်းရေးမှ ပြည်ထောင်စု အားကောင်းရေး (Bottom-Up Federalism) အခြေခံမူဖြင့် ပြည်နယ်/ယူနစ် ဥပဒေအစီအမံများ စစ်ကိုင်း၊ မကွေး၊ မန္တလေးနှင့် ရန်ကုန်ဒေသတို့တွင် ၂၀၂၅ ခုနှစ် နှစ်လယ်ပိုင်းမှစ၍ အသီးသီးပေါ်ပေါက်လာကြသည်။

သတင်း

အာရက္ခပြည်မှာ ကြုံတွေ့နေရတဲ့ ရေဘေးဖြစ်စဉ်အတွင်း ရေဘေးသင့်ပြည်သူများ ရဲ့ အရေးပေါ်လိုအပ်ချက်များကို ကူညီဖြေရှင်းပေးနိုင်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က အာရက္ခပြည်သူ့ တော်လှန်ရေးအစိုးရဖြစ်တဲ့ ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ် (ULA/AA)ကို တရုတ်ယွမ်ငွေ ၁၅၀,၀၀၀ (တစ်သိန်းငါးသောင်း) ကနဦးအဖြစ် ကူညီပံ့ပိုးခဲ့တယ်လို့ NUGက သတင်းထုတ်ပြန်ပါတယ်။