Connect with us

Hi, what are you looking for?

News

နွေဦးထီဒုတိယနေ့မှာလည်း စောင်ရေငါးသောင်းရောင်းမယ်၊ တော်လှန်ရေး အသိ၊သတိရှိဖို့ နှိုးဆော်

“အထူးမှာကြား တိုက်တွန်းလိုသည်မှာ နွေဦးထီကို အသံတိတ်ပါဝင် ဆင်နွှဲပေးကြပါရန်နှင့် မိမိတို့၏ ငွေပေးချေမှုစနစ်အား အကြမ်းဖက်စစ်ကောင်စီ ခြေရာခံ ရန် မလွယ်အပ်သည့် နည်းလမ်းများဖြင့် စိတ်ရှည်စွာ စီစဉ်ဆောင် ရွက်ပေးကြပါ”လို့ ထုတ်ပြန်ပါတယ်။

နွေဦးထီ ဒုတိယမြောက်နေ့အတွက် ထီစောင်ရေ ငါးသောင်းကို ဒီနေ့ညနေ ၄ နာရီမှာ စတင်ရောင်းချမယ်လို့ ‘အောင်လံလွှင့်ချီ နွေဦးထီ’ က ထုတ်ပြန်အသိပေးပါတယ်။

ထီထိုးတဲ့ နွေဦးတော်လှန်ရေး သူရဲကောင်းများအတွက် ပိုမိုစိတ်ချရစေဖို့ နည်းပညာလုံခြုံရေးကွန်ယက်ကို မွမ်းမံပြင်ဆင်နေရတာကြောင့် ပုံမှန်သတ်မှတ်ချိန် နံနက် ၁၀ နာရီမှာ စတင်ရောင်းချခြင်း မပြုနိုင်တာကို အနူးအညွှတ် တောင်းပန်ထားပါတယ်။

“အထူးမှာကြား တိုက်တွန်းလိုသည်မှာ နွေဦးထီကို အသံတိတ်ပါဝင် ဆင်နွှဲပေးကြပါရန်နှင့် မိမိတို့၏ ငွေပေးချေမှုစနစ်အား အကြမ်းဖက်စစ်ကောင်စီ ခြေရာခံ ရန် မလွယ်အပ်သည့် နည်းလမ်းများဖြင့် စိတ်ရှည်စွာ စီစဉ်ဆောင် ရွက်ပေးကြပါ”လို့ ထုတ်ပြန်ပါတယ်။

ဒါ့အပြင် ထီထိုးမယ့်သူတွေအနေနဲ့ ထီဝယ်ယူခြင်းလုပ်ငန်းစဉ် မြန်ဆန်ချောမွေ့စေဖို့ မိမိတို့အမှန်တကယ်အသုံးပြုလိုတဲ့ Signal သို့မဟုတ် Telegram ဖုံးနံပါတ် တစ်ခုကို ကြိုတင်ဖန်တီးထားကြဖို့လည်း မေတ္တာရပ်ခံတိုက်တွန်းထားပါတယ်။

Public Service Announcement

Public Service Announcement

တော်လှန်ရေးအသိ၊ တော်လှန်ရေးသတိဖြင့် နွေဦးထီကို အောင်လံလွှင့်ချီကြပါစို့လို့ နှိုးဆော်ထားပါတယ်။

တော်လှန်ရေးထီဖြစ်တဲ့ ‘အောင်လံလွှင့်ချီနွေဦးထီ’ကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က မနေ့က စတင်ရောင်းချခဲ့ပြီး နာရီပိုင်းအတွင်းမှာပဲ သတ်မှတ်စောင်ရေရောင်းကုန်သွားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ရေးအောင်မြင်မှုတွေ ဘယ်လောက်ပဲရရှိနေပါစေ၊ ပြည်သူ့မေတ္တာနဲ့ ယုံကြည်မှုကို ဆုံးရှုံးသွားရင် တော်လှန်ရေးဟာ အဓိပ္ပာယ်မဲ့သွားမှာဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက သတိပေးလိုက်ပါတယ်။

သတင်း

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF) အနေနဲ့ အာဏာသိမ်းစစ်ကောင်စီ ဖြုတ်ချဖို့အတွက် လုပ်ဆောင်သွားဖို့ ကြိုါ်ပမ်းလျက်ရှိရာ ပြည်သူတွေ ရပ်တည်ပေးကြဖို့ SCEF တာဝန်ရှိသူ တစ်ဦးဖြစ်တဲ့ ချင်းအမျိုးသားတပ်ဦး(CNF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောကြားပါတယ်။

မေးမြန်းခန်း

ဆလိုင်းထက်နီနဲ့ မေးမြန်းခန်း

Facebook