Connect with us

Hi, what are you looking for?

LuduNwayOo

News

နွေဦးထီ ဒုတိယမြောက်နေ့ သိန်း ၁၄၀၀ ကျော်ဖိုးရောင်းရ

၂၀၀၀ ကျပ်နှုန်းနဲ့ စတင်ရောင်းချခဲ့တာဖြစ်ပြီး တစ်နာရီအတွင်း သတ်မှတ်စောင်ရေ ရောင်းကုန်ခဲ့တာပါ။

နွေဦးထီ ရောင်းချတဲ့ ဒုတိယမြောက်နေ့မှာ ထီလက်မှတ်စောင်ရေ ၇၂,၇၇၀ ထပ်မံ ရောင်းချ နိုင်ခဲ့ကြောင်း အများပြည်သူကို အသိပေးထားပါတယ်။

ဒီနေ့မှာ ထီလက်မှတ်စောင်ရေ ၇၂,၇၇၀ အော်ဒါလက်ခံရရှိခဲ့တာဖြစ်ပြီးတန်ဖိုးအားဖြင့် သိန်းပေါင်းတစ်ထောင့်လေးရာ ကျော်ရောင်းချနိုင်ခဲ့တာပါ။

ဒီလို အော်ဒါ ရရှိထားတဲ့ ထီလက်မှတ်တွေအတွက် လိုအပ်တဲ့ဝန်ဆောင်မှုတွေပေးဖို့ ဒီနေ့ ထီရောင်းချတာကို ရပ်နားခွင့်ပြုဖို့ကိုလည်း အောင်လံလွှင့်ချီ နွေဦးထီ ဖေ့ဘွတ်ခ်စာမျက်နှာကနေ တောင်းပန်ထားတာတွေ့ရပါတယ်။

အမျိုးသားညီညွှတ်ရေးအစိုးရဟာ နွေဦးထီကို မနေ့က သြဂုတ်လ ၁၅ ရက်မှာ တစ်စောင်လျှင် ၂၀၀၀ ကျပ်နှုန်းနဲ့ စတင်ရောင်းချခဲ့တာဖြစ်ပြီး တစ်နာရီအတွင်း သတ်မှတ်စောင်ရေ ရောင်းကုန်ခဲ့တာပါ။

Public Service Announcement

Public Service Announcement

နွေဦးထီ ရောင်းချရတဲ့ ပမာဏ ထဲက ၇၀ ရာခိုင်နှုန်းကို CDM ဝန်ထမ်းတွေကိုထောက်ပံ့မှာဖြစ်ပြီး ၃၀ ရာခိုင်နှုန်း ကို ဆုချီးမြှင့်မှာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

News

လစဉ် နွေဦးထီ ရောင်းရငွေ စုစုပေါင်း ဝင်ငွေ၏ ၇၀ ရာခိုင်နှုန်းကို တာဝန်သိ CDM ဝန်ထမ်းများအား ချီးမြှင့်သွားမည်ဟုလည်း NUGက ဆိုထားသည်။

ဗီဒီယို

ထိုင်းထီလက်မှတ်တွေကို အွန်လိုင်းကနေရောင်းချတာဖြစ်ပြီး မြန်မာငွေ ၆၀၀၀ ကျပ်ကျော်ကနေ ၇၀၀၀ ကျပ်ကျော်အထိ နံပတ်လှတာတာအပေါ်မူတည်ပြီး​စျေးသတ်မှတ်ရောင်းကြတယ်လို့ ပြောပါတယ်။

News

ထီရောင်းချချိန်ကိုလည်း နံနက် ၁၀ နာရီမှ ည ၁၀နာရီအထိသတ်မှတ်ထားပြီး ယခင်ကဲ့သို့ ခဏလေးဖြင့် ထီလက်မှတ်ကုန်သွားခြင်းမျိုးရှိတော့မည်မဟုတ်ကြောင်း၊ ထို့ပြင် ထီလက်မှတ် ရရှိရာတွင်လည်း ပိုမိုမြန်ဆန်သွားမည်ဖြစ်ကြောင်း အသိပေးထားသည်။

News

နွေဦးထီ၏ ပထမအဆင့်ရှေ့ပြေးစီမံကိန်းတွင် ကြုံတွေခဲ့ရသည့် စိန်ခေါ်မှု၊ နှောက်ယှက်မှု၊ အခက်အခဲများကို ပြန်လည်သုံးသပ်ပြီး စီးပွားရေးပုံစံအသစ်ဖြင့် ပြန်လည်စတင်နိုင်မည်ဟု နွေဦးထီမိသားစုက ဆိုသည်။