Connect with us

Hi, what are you looking for?

LuduNwayOo

News

နွေဦးထီရောင်းချမယ့် တရားဝင်ဖေ့စ်ဘွတ်ခ်စာမျက်နှာ NUG ကြေညာ၊ ဒီနေ့မနက် ၁၀ နာရီ ထီစရောင်းမယ်

လက်ရှိမှာ ‘အောင်လံလွှင့်ချီ နွေဦးထီ’ အမည်နဲ့ ဖေ့စ်ဘွတ်ခ် စာမျက်နှာ အတုတွေ ထွက်ပေါ်နေတာကြောင့် တရားဝင် စာမျက်နှာလိပ်စာဖြစ်တဲ့ https://m.facebook.com/nuglottery ကို သတိပြုဖို့လိုပါတယ်။

People's Spring
People's Spring

ပြည်သူအားကိုးနဲ့ အကြမ်းဖက်စစ်ကောင်စီကို အပြီးတိုင်ရိုက်ချိုးမယ့် ရဲ့ တရားဝင် ဖေ့စ်ဘွတ်ခ်စာမျက်နှာကို အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးက အသိပေးကြေညာပါတယ်။

နွေဦးထီ ကံစမ်းလိုသူတွေဟာ တရားဝင် စာမျက်နှာဖြစ်တဲ့ https://m.facebook.com/nuglottery ကနေ မနက် ၁၀ ကနေ ည ၁၀ နာရီအထိ ကံစမ်းနိုင်မှာ ဖြစ်ပါတယ်။

လက်ရှိမှာ ‘အောင်လံလွှင့်ချီ နွေဦးထီ’ အမည်နဲ့ ဖေ့စ်ဘွတ်ခ် စာမျက်နှာ အတုတွေ ထွက်ပေါ်နေတာကြောင့် တရားဝင် စာမျက်နှာလိပ်စာဖြစ်တဲ့ https://m.facebook.com/nuglottery ကို သတိပြုဖို့လိုပါတယ်။

နွေဦးထီ ကံစမ်းလိုသူတွေအနေနဲ့ အဲဒီစာမျက်နှာရဲ့ Chat bot ကို ဝင်ရောက်ပြီး တစ်ဆင့်ချင်းစီ လုပ်​ဆောင်သွားရမှာပါ။

Public Service Announcement

Public Service Announcement

ထီထိုးနည်း လမ်းညွှန်ကိုလည်း အဲဒီဖေ့ဘုတ်စာမျက်နှာမှာ ဖော်ပြထားပါတယ်။
မိတ်ဆွေတို့ ထီထိုးဖို့အတွက်

👉
chatbot ကို သွားပါ
👉
‘e-lottery ဆိုတာ ဘာလဲ ‘ ရဲ့ အောက်မှာ ရှိတဲ့ ‘Get Started’ ကို နှိပ်ပါ
👉 ပိုမိုသိရှိရန် ကို နှိပ်ပေးပါ
👉 အကွက်လေးတွေ ကျ လာပါလိမ့်မယ် ဘယ်ဖက်ကို ပွတ်ဆွဲပေးပါ
👉 ‘ထီလက်မှတ်ဝယ်ရန် ‘ ကို နှိပ်ပါ
👉 အမည် ၊ ဖုန်းနံပါတ် ထိုးချင်တဲ့ အစောင်ရေ တွေကို ဖြည့်ပေးပါ
👉 ဖြည့်ပြီးသွားရင် Payment အောက်တွင် Process>> ဆိုတာလေးကို နှိပ်ပေးပါ
Agent များမှ ငွေပေးချေဖို့ ဆက်သွယ်ပေးပါလိမ့်မယ်
စတဲ့ ထီထိုးနည်း လမ်းညွှန်ကို အဲဒီစာမျက်နှာမှာ လေ့လာနိုင်ပါတယ်။
ထီတစ်စောင်ကို ၂၀၀၀ ကျပ်နှုန်းနဲ့ အနည်းဆုံး ၅ စောင်ကနေ အများဆုံး ၅၀ စောင်အထိ ကံစမ်းနိုင်မှာဖြစ်ပါတယ်။ အမြင့်ဆုံး ဆုငွေက ၁၅ သိန်းကျပ်ပါ။
တော်လှန်ရေးထီဖြစ်တဲ့အပြင် ထီထိုးသူတွေရဲ့ လုံခြုံရေးကို အဓိက အလေးထားတာကြောင့် ဆုကြေးငွေ နည်းပါးတာကို NUG က တောင်းပန်ထားပြီး အခုထီရောင်းရငွေရဲ့ ၇၀ ရာခိုင်နှုန်းကို CDM ဝန်ထမ်းတွေအတွက် သုံးစွဲသွားမှာဖြစ်ပါတယ်။
ဒီနေရာမှာ ထီထိုးသူတွေဟာ ကိုယ်တိုင်ထုတ်မပြောရင် ဘယ်သူမှ မသိနိုင်တဲ့ နည်းပညာပိုင်းဆိုင်ရာ အာမခံချက်ရှိတာမို့ အကြမ်းဖက်စစ်ကောင်စီရဲ့ ခြိမ်းခြောက်မှုတွေကို ဂရုမစိုက်ဖို့ NUG က ပြောထားပါတယ်။
နွေဦးထီဟာ စစ်အာဏာရှင်ပြုတ်ကျရေးအတွက် အရေးပါတဲ့တော်လှန်ရေးထီဖြစ်လို့ ပြည်သူတစ်ဦးချင်း၊ တစ်ယောက်ချင်းက အသံတိတ်ပါဝင်ဆင်နွှဲဖို့ NUG က တိုက်တွန်းထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

လွန်ခဲ့သည့်ရက်အနည်းငယ်အတွင်းမှာပင် ဒေသခံပြည်သူ ထောင်နှင့်ချီ၍ တာချ်ခရိုင်၊ မဲဆောက်မြို့နှင့် အခြားဒေသများသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း ဖော်ပြသည်။

သတင်း

AAအနေဖြင့် စစ်ကောင်စီနှင့် အပေါင်းအပါများ၏ ရက္ခိုင်ပြည်သူအပေါ် ကျူးလွန်သည့် စစ်ရာဇဝတ်မှုတွေအားလုံးကို မှတ်တမ်းတင်ထားပြီး ပြစ်မှုကျူးလွန်သူ အားလုံးကို အရေးယူနိုင်ရေး ဆက်လက်ကြိုးစားသွားမည်ဟု အသိပေးထားသည်။

မေးမြန်းခန်း

အမျိုးသားညီညွတ်ရေးအစိုးရ​NUG သမ္မတရုံးပြောခွင့်ရပုဂ္ဂိုလ်ဦးကျော်ဇောကို People’s Spring လူထုနွေဦးသတင်းဌာနက ဆက်သွယ်မေးမြန်းထားပါသည်။

သတင်း

ယနေ့ (ဧပြီ ၁၆ရက်) တွင် ကျရောက်သည့် NUG ဖွဲ့စည်းမှု ၃နှစ်ပြည့်တွင် ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက မိန့်ခွန်းပြောကြားခဲ့ရာ ယခုကဲ့သို့ ထည့်သွင်း ပြောကြားခဲ့သည်။