သတင်း မုံရွာမြို့ပေါ်တွင် စစ်ဆေးငွေတောင်းခံနေသည့်စစ်အုပ်စုအား နှစ်ရက်ဆက်ပစ်ခတ်တိုက်ခိုက် မေလ ၁၅ ရက် ညနေ ၅နာရီခန့်က မုံရွာမြို့၊ ကျွဲရဲအဝိုင်းပတ်အနီးတွင် စစ်ဆေးငွေတောင်းခံနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို အနီးကပ်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း မုံရွာနတ်ဆိုးအဖွဲ့က ပြောသည်။ LuduNwayOoမေ 17, 2023
သတင်း မုံရွာမြို့ ကညနရုံးရှိ စစ်ကောင်စီတပ်အား ပစ်ခတ်တိုက်ခိုက်ရာ နှစ်ဦးသေ ယနေ့ (ဧပြီ ၂၆ ရက်) နံနက် ၁၁နာရီခန့်က နတ်လူထိပ်ပန်ရပ်ကွက်ရှိ ကညနရုံး၌ တပ်စွဲထားသော စစ်ကောင်စီတပ်ကို ဒေသတွင်း မြို့ပြပြောက်ကျားရဲဘော်များက သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်သား၂ဦးလဲကျသေဆုံးသွားကြောင်း မြို့ပြပြောက်ကျားတပ်ဖွဲ့များက ပြောသည်။ LuduNwayOoဧပြီ 26, 2023
သတင်း မုံရွာမြို့ပေါ်ရှိ စစ်ကောင်စီကင်းနှစ်ခုကို တပြိုင်နက် တိုက်ခိုက် အလားတူ အဖွဲ့(၂)ရဲဘော်များကလည်း စစ်ကောင်စီတပ်စွဲရာ မုံရွာစီးပွားရေးတက္ကသိုလ်ဝင်းအတွင်းသို့ (၄၀) မမ လေးလုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး အထိအခိုက်မသိရသေးကြောင်း တပ်ရင်းမှူးက ဆိုသည်။ LuduNwayOoဧပြီ 20, 2023
သတင်း မုံရွာမြို့ရှိ ရပ်ကွက်ရုံးစစ်ဆေးရေးဂိတ်အားတိုက်ခိုက်ရာ သုံးဦးသေ မုံရွာခရိုင်တပ်ရင်း (၂၊ ၃၊ ၄)အနေဖြင့် ထိုးစစ်တိုက်နေ၍ လက်နက်ခဲယမ်းလိုအပ်နေသည်ဟု Chindwin Attack Force က မကြာခဏတောင်းဆိုနေရသည်။ LuduNwayOoမတ် 31, 2023
သတင်း စစ်ခေါင်းဆောင်မင်းအောင်လှိုင် မုံရွာမြို့ရောက်ချိန်လုံခြုံရေးယူပေးသည့် စစ်ကောင်စီတပ်အား တိုက်ခိုက်ရာ ရှစ်ဦးသေဟုဆို အာဏာသိမ်းစစ်ခေါင်းဆောင် မုံရွာမြို့ရောက်ရှိသည့်ရက်တွင်ဒေသတွင်းတော်လှန်ရေးအင်အားစုများကအနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ) အတွင်းသို့ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ LuduNwayOoမတ် 27, 2023
သတင်း မုံရွာမြို့တွင် စစ်ကောင်စီတပ်စခန်းနေရာနှင့် ယာဥ်တန်းအား တော်လှန်ရေးတပ်ပေါင်းစုများ တိုက်ခိုက် စစ်ကောင်စီဘက်ကလည်း ပြန်လည်ပစ်ခတ်သည့်အပြင် အနီးရှိ တောပုရွာမှ ပျူစောထီးများက လက်နက်ကြီးပစ်ကူခဲ့သော်လည်း ရဲဘော်များအထိအခိုက်မရှိဟု Aung San Force - A.S.F၏ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။ LuduNwayOoမတ် 24, 2023
သတင်း မုံရွာမြို့တွင် အာဏာသိမ်းခေါင်းဆောင်ရောက်နေချိန်ရွှေဆိုင် ဓါးပြတိုက်ခံရ ယမတ်နေ့ (မတ်လ ၂၁ ရက်) မွန်းလွဲပိုင်းက မုံရွာ မြို့လယ်၊ လမ်းမကြီးဘေး အောင်မင်္ဂလာရပ်ရှိ ပေါ်ဦး-၂ ရွှေဆိုင်ဓားပြတိုက်ခံရပြီး ဆိုင်ရှိ ရွှေထည်၊ရွှေတုံးများ ပိဿာလိုက်ပါသွားပြီး ကျပ်သိန်းထောင်ချီလည်း ယူဆောင်သွားကြောင်း ရွှေဆိုင်နှင့်နီးစပ်သူအချို့က ပြောသည်။ LuduNwayOoမတ် 22, 2023
သတင်း မုံရွာမြို့နယ် ထနောင်းတောတောင်ရွာ စစ်အုပ်စုမီးရှို့ဖျက်ဆီးရာ သက်ကြီးရွယ်အိုသုံးဦး သေဆုံး စစ်ကောင်စီတပ်သည် နံနက် ၁၁နာရီခွဲတွင် တောပုမြောက်ပိုင်း ပျူကျေးရွာသို့ ဝင်ရောက်ကာ တောပုမှတစ်ဆင့် ဆိုင်ကယ် ၁၅စီးဖြင့် ၎င်းတို့တပ်စွဲရာ စွမ်းရည်ထက်ဆီဆိုင်သို့ပြန်သွားခဲ့ကြောင်း မုံရွာ - အမြင့်လမ်းသတင်းမှန်ပြန်ကြားရေးက ပြောသည်။ LuduNwayOoမတ် 16, 2023
သတင်း မုံရွာမြို့နယ် ထနောင်းတောတောင်ရွာကို စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးနေ ယနေ့ (မတ်လ ၁၅ရက်) နံနက် ၆ နာရီခန့်တွင်မုံရွာမြို့နယ်၊ ထနောင်းတောတောင်ရွာကို စစ်ကောင်စီတပ်များက ဝင်ရောက်မွှေနှောက်ခဲ့သည်။ ထို့နောက် နံနက်၉နာရီခန့်တွင် ထနောင်းတောတောင်ရွာရှိ ပြည်သူ့နေအိမ်များကို မီးရှို့ဖျက်ဆီးသွားကြောင်း ဒေသခံများက ပြောသည်။ LuduNwayOoမတ် 15, 2023
သတင်း မုံရွာအခြေစိုက် PDF သုံးဖွဲ့ပေါင်းပြီး ဒေသတော်လှန် ရေးတပ်ပေါင်းစု ဖွဲ့စည်း တော်လှန်ရေးကာလတလျှောက် စစ်ရေးအရှိန် မြင့်တက်လာသည်နှင့်အမျှ စစ်အသုံးစရိတ်ကြပ်တည်းမှု ပြသနာများအား နယ်မြေခံတော်လှန်ရေးအဖွဲ့အစည်းများအနေဖြင့် ပေါင်းစပ်ဖြေရှင်းနိုင်ရန် လိုအပ်နေသည်ဟုလည်း အထက်ပါတာဝန်ခံက ဆိုသည်။ LuduNwayOoမတ် 7, 2023