Connect with us

Hi, what are you looking for?

သတင်း

မုံရွာမြို့တွင် စစ်ကောင်စီတပ်စခန်းနေရာနှင့် ယာဥ်တန်းအား တော်လှန်ရေးတပ်ပေါင်းစုများ တိုက်ခိုက်

စစ်​ကောင်စီဘက်ကလည်း ပြန်လည်ပစ်ခတ်သည့်အပြင် အနီးရှိ တောပုရွာမှ ပျူစောထီးများက လက်နက်ကြီးပစ်ကူခဲ့သော်လည်း ရဲဘော်များအထိအခိုက်မရှိ​ဟု Aung San Force – A.S.F၏ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။

(မုံရွာမြို့ပေါ်တွင် တွေ့ရှိရသော စစ်ကောင်စီတပ်သားများအား စစ်တပ်အာဏာသိမ်းအပြီး ၂၀၂၁က တွေ့ရစဥ် ။ ဓာတ်ပုံ - CJ)
(မုံရွာမြို့ပေါ်တွင် တွေ့ရှိရသော စစ်ကောင်စီတပ်သားများအား စစ်တပ်အာဏာသိမ်းအပြီး ၂၀၂၁က တွေ့ရစဥ် ။ ဓာတ်ပုံ - CJ)

စစ်ကိုင်းတိုင်း၊ မုံရွာမြို့တွင် စစ်အုပ်စုတပ်စခန်းချရာနေရာများတိုက်ခိုက်ရာ စစ်ကားတစ်စီးပျက်စီးပြီး စစ်ကောင်စီတပ်သား နှစ်ဦးထက်မနည်းသေဆုံးကြောင်း ဒေသတွင်း တော်လှန်ရေးအင်အားစုများက ပြောသည်။

ယမန်နေ့(မတ်လ ၂၃ရက်) ညနေ ၅နာရီခန့်က မုံရွာမြို့နယ်ရှိ မုံရွေးနှင့် ကျောက္ကာကျေးရွာများအား စစ်ကြောင်းထိုး ပြန်လာသော စစ်ကား လေးစီးအား ​မုံရွာ – မန္တလေးလမ်းမပေါ်တွင် မုံရွာခရိုင်အမှတ် (၅)တပ်ရင်း၊ တပ်ခွဲ – ၁က ပဒေသာမိုင်းတွဲဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း မုံရွာခရိုင်အမှတ် (၅)တပ်ရင်း Aung San Force – A.S.F၏ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ထိုသို့တိုက်ခိုက်မှုကြောင့် စစ်ကားတစ်စီးပျက်စီးကာ စစ်ကောင်စီတပ်သားအချို့ ထိခိုက်သေဆုံးမှုရှိသ​ည်ဟု အထက်ပါတာဝန်ခံက ဆိုသည်။

စစ်​ကောင်စီဘက်ကလည်း ပြန်လည်ပစ်ခတ်သည့်အပြင် အနီးရှိ တောပုရွာမှ ပျူစောထီးများက လက်နက်ကြီးပစ်ကူခဲ့သော်လည်း ရဲဘော်များအထိအခိုက်မရှိ​ဟု Aung San Force – A.S.F၏ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

ယနေ့(မတ်လ ၂၄ ရက်) နံနက်၂နာရီခွဲခန့်က မုံရွာမြို့၊ အောင်ဇေယျရပ်ကွက် တောင်ကုန်းပေါ်ရှိ စစ်အုပ်စုစခန်းနှင့် ကင်းစခန်းများအား (၆၀) မမ၊ (၈၀) မမ၊ (၁၂၀) မမ လက်နက်ကြီးများဖြင့် စုပေါင်း အလုံးရေ ၁၀၀ခန့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Salingyi Border Task Force – SBTF အဖွဲ့ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။

စစ်အုပ်စုကလည်း (၆၀) မမများ၊ စက်များ၊ မောင်းပြန်များဖြင့် ပစ်ခတ်ခဲ့ကြောင်း၊ ထို့နောက် တပ်ပေါင်းစုအဖွဲ့များက ပြန်လည်ပစ်ခတ်ခဲ့ကြောင်း ၎င်းက ပြောသည်။

တပ်ပေါင်းစု ရဲဘော်များပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်များမှာ စစ်အုပ်စုရှိရာအနီး ကျရောက်ပေါက်ကွဲခဲ့ပြီး နှစ်ဦးသေဆုံးကာ တစ်ဦးပြင်းထန်ဒဏ်ရာရသည်ဟု အထက်ပါတာဝန်ခံက ဆိုသည်။

“ အောင်ဇေယျကုန်း ကချင်းတွင်းတံတားအနောက်ဘက်မှာ ရှိတာပါ။ မုံရွာ ကွက်သစ်ဗျ။ စစ်မှုထမ်းဟောင်းတွေအများစုနေတာ။ ချင်းတွင်းတံတားအနောက်ဘက်မှာ ရပ်ကွက်သစ် လုပ်ထားတာပါ။အဲ့မှာ အထိုင်ချတဲ့ စခ(စစ်ကောင်စီတပ်သား)တွေက လမ်းသွားပြည်သူတွေဆီက ဆက်ကြေးကောက်ခံတာတွေပြုလုပ်ပြီး စစ်ကြောင်းထိုးပြီဆိုလည်း စစ်မှုထမ်းဟောင်းမိသားစုတွေပါလာတတ်ပြီး ကျေးရွာပြည်သူ့နေအိမ်တွေကိုဝင်မွှေ ခိုးယူ​ပြီး ကားနဲ့သယ်တာတွေလည်းရှိပါတယ်။” ဟု SBTF အဖွဲ့ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။

အဆိုပါ စစ်ဆင်ရေးအား Salingyi Border Task Force – SBTF ဆားလင်းကြီးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲနှင့်ယင်းမာပင် – ဆားလင်းကြီး လက်နက်ကြီး မဟာမိတ်တပ်ပေါင်းစုတို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း အသိပေးထားသည်။

မုံရွာမြို့နယ်တွင် စစ်ကောင်စီတပ်ကလည်း ကျေးရွာများအား စစ်ကြောင်းထိုးမီးရှို့ခြင်း၊ ဒေသခံ ပြည်သူများနှင့် ရဲဘော်များအား ဖမ်းဆီးနှိပ်စက်သတ်ဖြတ်ခြင်းများ ပြုလုပ်နေသည်။

ဆက်စပ်သတင်းများ

သတင်း

အနာဂတ်မှာနိုင်ငံရေး၊စီးပွားရေးမဟာမိတ်အဖြစ် ပူးပေါင်းချိတ်ဆက်ဖို့ဆွေးနွေးခဲ့ဟု ချင်းညီနောင်ပြော

သတင်း

နိုဝင်ဘာ – ၇ ၊၂၀၂၅ ၊နိုင်ပကောင်း/People’s Spring ဘားအံမြို့မှာ စစ်ကောင်စီက ကျင်းပတဲ့ နှစ်(၇၀)ပြည့် ကရင်ပြည်နယ်နေ့အခမ်းအနားကို ကရင်လက်နက်ကိုင်အဖွဲ့သုံး ဖွဲ့က ထိပ်ပိုင်းခေါင်းဆောင်တွေ တက်ရောက်ခဲ့ကြတယ်လို့သိရပါတယ်။ ဒီနေ့​ (နိုဝင်ဘာလ ၇ ရက်) မှာ ကျရောက်တဲ့ နှစ် (၇၀ )...

သတင်း

စစ်ကိုင်းတိုင်းအတွင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ စစ်ကောင်စီ ရွေးကောက်ပွဲ ဆန့်ကျင်ရေးနဲ့ စစ်မှုထမ်းဥပဒေတိုက်ဖျက်ရေး သပိတ်လှုပ်ရှားမှုတွေ ဒီကနေ့ (နိုဝင်ဘာ ၆) မှာ အသီးသီးပြုလုပ်ခဲ့ပါတယ်။