Connect with us

Hi, what are you looking for?

သတင်း

မုံရွာမြို့ပေါ်ရှိ စစ်ကောင်စီကင်းနှစ်ခုကို တပြိုင်နက် တိုက်ခိုက်

အလားတူ အဖွဲ့(၂)ရဲဘော်များကလည်း စစ်ကောင်စီတပ်စွဲရာ မုံရွာစီးပွားရေးတက္ကသိုလ်ဝင်းအတွင်းသို့ (၄၀) မမ လေးလုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး အထိအခိုက်မသိရသေးကြောင်း တပ်ရင်းမှူးက ဆိုသည်။

(မုံရွာမြို့ပေါ်ရှိ စစ်ကောင်စီတပ်သားများအား အာဏာသိမ်းကာလအစောပိုင်းက တွေ့ရစဥ်။ ဓာတ်ပုံ - CJ)
(မုံရွာမြို့ပေါ်ရှိ စစ်ကောင်စီတပ်သားများအား အာဏာသိမ်းကာလအစောပိုင်းက တွေ့ရစဥ်။ ဓာတ်ပုံ - CJ)

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်ရှိ စစ်ကောင်စီကင်းစခန်းနှစ်ခုကို အဖွဲ့နှစ်ဖွဲ့ခွဲကာ တပြိုင်နက် ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း မုံရွာခရိုင်တပ်ရင်းအမှတ်(၂၇) Black Dragon Force ၏ တပ်ရင်းမှူး K.M.S.Gက ပြောသည်။

ယမန်နေ့ (ဧပြီ၁၉ ရက်)နံနက် ၁၀နာရီခွဲခန့်က မုံရွာမြို့ရှိ စစ်ကောင်စီ တပ်စွဲထားသော မုံရွာစီးပွားရေးတက္ကသိုလ်အနီး ဇလုပ်အဝိုင်းပတ်ထောင့် ဘန်ကာအတွင်း ကင်းစောင့်နေသော စစ်ကောင်စီတပ်သား လေးဦးအား အဖွဲ့ (၁)ရဲဘော်များက ကားဖြင့်အနီးကပ်ဝင်ရောက်ပစ်ခတ်ခဲ့ရာ စစ်ကောင်စီတပ်သား တစ်ဦး သေဆုံးကြောင်း Black Dragon Force ၏ တပ်ရင်းမှူး K.M.S.G က ပြောသည်။

အလားတူ အဖွဲ့(၂)ရဲဘော်များကလည်း စစ်ကောင်စီတပ်စွဲရာ မုံရွာစီးပွားရေးတက္ကသိုလ်ဝင်းအတွင်းသို့ (၄၀) မမ လေးလုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး အထိအခိုက်မသိရသေးကြောင်း တပ်ရင်းမှူးက ဆိုသည်။

“မနေ့က (၂)ဖွဲ့ခွဲပြီး Mission စထွက်ခဲ့တာပါ။အဖွဲ့ (၁)က ကားနဲ့အနီးကပ်ဝင်ပစ်ခဲ့တာဖြစ်ပြီး အဖွဲ့ (၂)က အဖွဲ့ (၁)ပြန်ဆုတ်ချိန်မှာ (၄၀)မမနဲ့ ပစ်ခတ်ခဲ့တာပါ။ ကားနဲ့အနီးကပ်ဝင်ပစ်တာက တစ်ကောင်ရခဲ့ပြီး (၄၀)နဲ့ပစ်တာကတော့ အထိအခိုက်ကမသိရသေးပါဘူး။”ဟု Black Dragon Force ၏ တပ်ရင်းမှူး K.M.S.G က ပြောသည်။

Public Service Announcement

Public Service Announcement

စစ်အုပ်စုဘက်ကလည်း ပြန်လည်ပစ်ခတ်ခဲ့ပြီး ရဲဘော်များ အထိအခိုက်မရှိဟု သိရသည်။

အဆိုပါ စစ်ဆင်ရေးကို မုံရွာခရိုင်တပ်ရင်း အမှတ် (၂၇) Black Dragon Force နှင့် Peacock King People Defense Force၊ ပုဏ္ဏက ပြောက်ကျားတပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း အသိပေးထားသည်။

ပြီးခဲ့သည့် ဧပြီ ၁၈ ရက်ကလည်း မုံရွာမြို့၊ အောင်ဇေယျကွက်သစ်ရှိ စစ်ကောင်စီတပ်ကို SBTF နှင့် မဟာမိတ်များက လက်နက်ကြီးများဖြင့် ၁နာရီခန့် ပစ်ခတ်တိုက်ခိုက်ခဲ့သေးသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။