Connect with us

Hi, what are you looking for?

သတင်း

မုံရွာမြို့ ကညနရုံးရှိ စစ်ကောင်စီတပ်အား ပစ်ခတ်တိုက်ခိုက်ရာ နှစ်ဦးသေ

ယနေ့ (ဧပြီ ၂၆ ရက်) နံနက် ၁၁နာရီခန့်က နတ်လူထိပ်ပန်ရပ်ကွက်ရှိ ကညနရုံး၌ တပ်စွဲထားသော စစ်ကောင်စီတပ်ကို ဒေသတွင်း မြို့ပြပြောက်ကျားရဲဘော်များက သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်သား၂ဦးလဲကျသေဆုံးသွားကြောင်း မြို့ပြပြောက်ကျားတပ်ဖွဲ့များက ပြောသည်။

(မုံရွာမြို့ ကညနရုံးရှိ စစ်ကောင်စီတပ်သားများအား ပစ်ခတ်တိုက်ခိုက်နေစဥ်)
(မုံရွာမြို့ ကညနရုံးရှိ စစ်ကောင်စီတပ်သားများအား ပစ်ခတ်တိုက်ခိုက်နေစဥ်)

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန(ကညန)ရုံးရှိ စစ်ကောင်စီတပ်သားများအား သွားရောက်ပစ်ခတ်တိုက်ခိုက်ရာ စစ်သား နှစ်ဦးသေဆုံးကြောင်း မြို့ပြပြောက်ကျား တပ်ဖွဲ့များက ပြောသည်။

ယနေ့ (ဧပြီ ၂၆ ရက်) နံနက် ၁၁နာရီခန့်က နတ်လူထိပ်ပန်ရပ်ကွက်ရှိ ကညနရုံး၌ တပ်စွဲထားသော စစ်ကောင်စီတပ်ကို ဒေသတွင်း မြို့ပြပြောက်ကျားရဲဘော်များက သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်သား၂ဦးလဲကျသေဆုံးသွားကြောင်း မြို့ပြပြောက်ကျားတပ်ဖွဲ့များက ပြောသည်။

“အင်အားက ၁၀ယောက်လောက်တော့ရှိမယ်။ သူတို့လုပ်နေကျအတိုင်းပဲ ပြည်သူတွေဆီကငွေညှစ်နေတာ။ ကြာချိန်ကတော့ တစ်မိနစ်ကျော်လောက်ပဲရှိတာ။ ပြန်ပစ်တယ်။ သူတစ်ပြန်ကိုယ်တစ်ပြန်ပစ်တယ်။ ရဲဘော်တစ်ယောက်ဆိုပြန်လှည့်ပြေးလာတော့ ဖိနပ်ပါကျွတ်ကျန်ခဲ့ပါတယ်။”ဟု Monywa Nightking PDF အဖွဲ့က ပြောသည်။

Public Service Announcement
Public Service Announcement

အဆိုပါ တိုက်ခိုက်မှုကို မုံရွာခရိုင်ပြည်သူကာကွယ်ရေးတပ်မတော် (Chindwin Attack Force) တပ်ရင်း – ၂ တပ်ရင်း – ၃ တပ်ရင်း – ၄ အထူးကွန်မန်ဒိုတပ်ဖွဲ့ (Monywa The Boys) ၊ မုံရွာခရိုင်တပ်ရင်း – ၄ တပ်ခွဲ – ၃ Monywa Nightking PDF ၊ ယင်းမာပင်ခရိုင် တပ်ရင်း – ၂၈ ဓားမဆိုင်းတပ်မတော် ၊ Spring Dove၊တို့5/Uနှင့် စေတန်တို့ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း အသိပေးထားသည်။

Public Service Announcement

Public Service Announcement

Monywa Nightking PDF အဖွဲ့သည် Pyaw Pay Par က Monywa People’s Force-MPF Support Team ၊လှူပါ 1500 – Hlu Par 1500 Monywa Nightking တို့နှင့် ပူးပေါင်းကာ လာမည့်မိုးရာသီအတွက် စစ်ကောင်စီအားတိုက်ခိုက်ရန် ကျည်ကြိုတင်စုဆောင်းနေပြီး ကျည်တစ်တောင့် ကျပ်တစ်သောင်းနှုန်းဖြင့် ထည့်ဝင်နိုင်ကြောင်း အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA အုပ်ချုပ်သော မြို့နယ်များကို စစ်ကောင်စီတပ်မှ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းကိုအသုံးပြုကာ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဇန်နဝါရီလအတွင်း ပြည်သူ၁၃ ဦးသေဆုံးခဲ့ပြီး ၂၆ဦးဒဏ်ရာရရှိခဲ့ဟု TNLAက သတင်းထုတ်ပြန်သည်။

သတင်း

၃ ရက်အတွင်းစစ်​ရှောင်ပြည်သူ ၉ ဦး​သေဆုံး

သတင်း

ညနက်ပိုင်းတွင် လေကြောင်းတိုက်ခိုက်မှုဆက်တိုက်ပြုလုပ်ခဲ့

သတင်း

စစ်ကောင်စီဘက်က အင်အားအလုံးအရင်းဖြင့် ထိုးစစ် ဆင်နေသော မိုးဗြဲ မြို့ကို တော်လှန်ရေးပူးပေါင်းတပ် များ ထိန်းချုပ်ထားနိုင်ဆဲဖြစ်​ကြောင်း ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် KNDF က ယနေ့ ထုတ်ပြန်သည်။