သတင်း လက်ခတ်တောင်ဒေသ ယမန်နေ့တိုက်ပွဲ စစ်ကောင်စီတပ် ၁၅ဦးသေ၊ လက်နက်မျိုးစုံ ၁၃လက်ရဟု ကော်ဘရာထုတ်ပြန် ယမန်နေ့တိုက်ပွဲအတွင်း ရန်သူဘက်မှ ဗိုလ်မှူး တစ်ဦး၊ ဗိုလ်ကြီး တစ်ဦး အပါအဝင် စုစုပေါင်း ၁၅ဦး သေဆုံး၊ ၂၁ဦး ဒဏ်ရာရရှိခဲ့ကြောင်း ကော်ဘရာစစ်ကြောင်းက ထုတ်ပြန်ပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့သည်ဟု အသိပေးသည်။ LuduNwayOoဩဂုတ် 16, 2023
နိုင်ငံတကာ အနောက်နိုင်ငံတွေနဲ့အပြိုင် ရုရှားဆီက လက်နက် ထောက်ပံ့မှုတွေ ရနေတယ်လို့ ယူကရိန်း လှောင်ပြောင် ဆိုဗီယက် ပြည်ထောင်စုက ခွဲထွက်လာတဲ့ နိုင်ငံတစ်ခုပီပီ ယူကရိန်းဟာ ရုရှားရဲ့ စစ်လက်နက် နည်းပညာတွေနဲ့ သိပ်မစိမ်းလှတာကြောင့် အဲဒီ သိမ်းဆည်းရမိ စစ်လက်နက်တွေကို လိုအပ်သလို ပြုပြင်ပြီး ရုရှားတွေကို တိုက်ခိုက်ဖို့ ပြန်လည် အသုံးပြုလေ့ ရှိပါတယ်။ LuduNwayOoဩဂုတ် 12, 2023
သတင်း မုံရွာမှ လက်နက်တင်စစ်သင်္ဘောများ ချင်းတွင်းမြစ်အထက် ဆန်တက်လာ လက်တလော ပစ်ခတ်မှုမရှိသေးသော်လည်း အဆိုပါစစ်သင်္ဘောများအားလုံးသည် ချင်းတွင်းမြစ်အထက်ပိုင်းကို ဆန်တက်မည်ဖြစ်ပြီး မြစ်ကမ်းဘေးရှိ ကျေးရွာများမှ ပြည်သူများအနေဖြင့် ရှောင်တိမ်းကြရန် ဒေသတွင်းတော်လှန်ရေးအင်အားစုများက သတိပေးသည်။ LuduNwayOoဩဂုတ် 7, 2023
သတင်း မြစ်ခြေ – ကမ္မလမ်းပိုင်း ဘီယာဆိုင်တွင် သောက်နေသော စစ်ကောင်စီတပ်သား နှစ်ဦးကို ပစ်ခတ်ရှင်းလင်း၊ လက်နက် နှစ်လက်ရဟု PDF အသိပေး ဇူလိုင် ၂၈ရက်က ပခုက္ကူမြို့နယ်၊ မြစ်ခြေ - ကမ္မလမ်းပိုင်းရှိ ဆုံစည်းရာ ဘီယာဆိုင်တွင် ဘီယာထိုင်သောက်နေသော ရန်သူ့တပ်သား နှစ်ဦးအား ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၈)က ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဖော်ပြသည်။ LuduNwayOoဩဂုတ် 2, 2023
သတင်း လွိုင်ကော် – မိုးဗြဲလမ်းပိုင်းတိုက်ပွဲ စစ်ကောင်စီတပ်၂၀ဦးသေ၊ လက်နက် ရှစ်လက်ရဟု KNDF အသိပေး ဇူလိုင် ၂၀ရက်မှစ၍ စစ်ကောင်စီမှ စစ်ကြောင်းထိုးခြင်း ၊ စစ်ယာဥ်တန်းများဖြင့် အင်အားဖြည့်ဝင်ရောက်ခြင်းများ လုပ်ဆောင်ခဲ့၍ စစ်ကောင်စီတပ်များကို ကရင်နီပူးပေါင်းတပ်က တိုက်ခိုက်ခဲ့ကြောင်း အသိပေးထားသည်။ LuduNwayOoဇူလိုင် 31, 2023
သတင်း ကျောက်တံခါး၊ နံဇရွာတိုက်ပွဲအပြီးနယ်မြေရှင်းလင်းရာစစ်သား အလောင်းခုနစ်လောင်းတွေ့ပြီး လက်နက်ခြောက်လက်ရ ကျောက်တံခါးမြို့နယ်အတွင်းမှ စစ်ကောင်စီလက် အောက်ခံ စစ်သားနှင့် ရဲများအနေဖြင့် လက်နက်ချအညံ့ခံရန် သတိပေးထားပြီး လက်နက်နှင့် ဆက်စပ်ပစ္စည်းများပါလာပါက ထိုက်သင့်သော ဆုကြေးငွေကိုလည်း ပေးအပ်သွားမည်ဖြစ်ကြောင်း မြို့နယ် (ပကဖ)မှ ကြေညာထားသည်။ LuduNwayOoဇူလိုင် 26, 2023
သတင်း လက်နက်လာပို့သည့် စစ်တပ်က ချင်းတွင်းမြစ်ဘေးရှိကျေးရွာများပစ်ခတ်နေ၍ ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရ ယနေ့ (ဇူလိုင် ၂၃ရက်) နံနက်ပိုင်းက ဧရာဝတီမြစ်ကြောင်းမှ ဆန်တက်လာသည့် စစ်ကောင်စီ မော်တော် သုံးစင်းသည် ချင်းတွင်းမြစ်အတွင်းရောက်ရှိလာခဲ့သည်။ LuduNwayOoဇူလိုင် 23, 2023
နိုင်ငံတကာ နျူကလီးယားလက်နက် သုံးရင် မြောက်ကိုရီးယားအစိုးရ အဆုံးသတ်သွားစေရမယ်လို့ တောင်ကိုရီးယား သတိပေး မြောက်ကိုရီးယားက ကိုရီးယား ကျွန်းဆွယ် တဝိုက်မှာ တောင်ကိုရီးယားရဲ့ မဟာမိတ် အမေရိကန်က စစ်အင်အား ပိုမိုဖြန့်ကျက်လာနေတဲ့အပေါ် ခါးခါးသီးသီး ဝေဖန်ပြီး နျူကလီးယား လက်နက်တွေနဲ့ တုံ့ပြန်မယ်လို့ မကြာသေးခင်က ခြိမ်းခြောက်ထားပါတယ်။ LuduNwayOoဇူလိုင် 22, 2023
သတင်း မြဝတီ လက်ခတ်တောင်တိုက်ပွဲ စစ်ကောင်စီဗိုလ်ကြီးတစ်ဦးသေ၊ လက်နက်နှင့် ကျည်များရဟု ကော်ဘရာ ထုတ်ပြန် ယနေ့တိုက်ပွဲတွင် ရန်သူဘက်မှ လက်နက်ကြီးများဆက်တိုက်ပစ်၍ တိုက်ပွဲပြင်းထန်ခဲ့ကြောင်း၊ ပူးပေါင်းတပ်ဖွဲ့ဘက်မှ တစ်ဦးဒဏ်ရာရခဲ့ကြောင်း အသိပေးထားသည်။ LuduNwayOoဇူလိုင် 18, 2023
သတင်း ဟားခါးအခြေစိုက် ခလရ(၂၆၆)တပ်ရင်းမှ တပ်သားတစ်ဦး လက်နက်နဲ့အလင်းဝင်လာ လက်နက်နှင့် အလင်းဝင်လာသည့် စစ်ကောင်စီတပ်သားက လက်နက်အပ်နှံနေသည့်ဓာတ်ပုံမှတ်တမ်းကို ဖော်ပြခဲ့ပြီး အဆိုပါ စစ်ကောင်စီတပ်သားကို လုံခြုံသည့် နေရာသို့ ပို့ဆောင်ပေးခဲ့ကြောင်း ထုတ်ပြန်သည်။ LuduNwayOoဇူလိုင် 18, 2023