Connect with us

Hi, what are you looking for?

သတင်း

မုံရွာမှ လက်နက်တင်စစ်သင်္ဘောများ ချင်းတွင်းမြစ်အထက် ဆန်တက်လာ

လက်တလော ပစ်ခတ်မှုမရှိသေးသော်လည်း အဆိုပါစစ်သင်္ဘောများအားလုံးသည် ချင်းတွင်းမြစ်အထက်ပိုင်းကို ဆန်တက်မည်ဖြစ်ပြီး မြစ်ကမ်းဘေးရှိ ကျေးရွာများမှ ပြည်သူများအနေဖြင့် ရှောင်တိမ်းကြရန် ဒေသတွင်းတော်လှန်ရေးအင်အားစုများက သတိပေးသည်။

(စစ်ကောင်စီ၏ ရေယာဥ်တစ်စီးအား ချင်းတွင်းမြစ်တစ်နေရာတွင် တွေ့ရစဥ်။ ဓာတ်ပုံ-Cj)
(စစ်ကောင်စီ၏ ရေယာဥ်တစ်စီးအား ချင်းတွင်းမြစ်တစ်နေရာတွင် တွေ့ရစဥ်။ ဓာတ်ပုံ-Cj)

မြစ်ကမ်းဘေးကျေးရွာများ သတိပြုရှောင်ရှားကြရန် တော်လှန်ရေးအင်အားစုများ သတိပေး

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှ လက်နက်များတင်ဆောင်လာသည့် စစ်သင်္ဘောများ ချင်းတွင်းမြစ်အထက်ပိုင်းသို့ ဆန်တက်လာပြီး မြစ်ကမ်းဘေးရှိ ကျေးရွာများ သတိပြုရှောင်ရှားကြရန် ဒေသတွင်းတော်လှန်ရေးအင်အားစုများက သတိပေးသည်။

ယနေ့(သြဂုတ် ၇ရက်) နေ့လယ် ၁နာရီခွဲခန့်က မုံရွာမြို့နယ်၊ အလုံမြို့ စစ်ပင်ဆိပ်ကမ်းမှ စစ်ကောင်စီ၏ စစ်လက်နက်များ တင်ဆောင်လာသည့် ဖလပ်ခွံရေယာဥ် နှစ်စီး၊ စပိဘုတ် နှစ်စီး၊ စစ်သင်္ဘော တစ်စီး ချင်းတွင်းမြစ်အထက်ပိုင်းကို စတင်ဆန်တက်လာကြောင်း ကင်းထောက်ရဲဘော်များက ပြောသည်။

ထို့နောက် ၁နာရီခန့်အကြာ နေ့လယ် ၂နာရီကျော်တွင်လည်း ဒုတိယအကြိမ် စစ်သင်္ဘောတစ်စီး၊ ဖလပ်ခွံရေယာဥ် သုံးစီး ထပ်မံထွက်ခွာခဲ့သည်။

Public Service Announcement
Public Service Announcement

“စစ်ပင်ဆိပ်က ဆန်တက်သွားတဲ့ ဖလက်ကြီးတွေ ယင်းမာပင်နယ် ‌စေသူ၊ သံဘို၊ပန်းတိပ်ပြင်၊ ကျောက်မှော်ရွာတို့မှာ နေရာဖြန့်ထားပြီး ဆိုက်ကပ်ထားတယ်။”ဟု ဒေသတွင်း ကင်းထောက်ရဲဘော်တစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

လက်တလော ပစ်ခတ်မှုမရှိသေးသော်လည်း အဆိုပါစစ်သင်္ဘောများအားလုံးသည် ချင်းတွင်းမြစ်အထက်ပိုင်းကို ဆန်တက်မည်ဖြစ်ပြီး မြစ်ကမ်းဘေးရှိ ကျေးရွာများမှ ပြည်သူများအနေဖြင့် ရှောင်တိမ်းကြရန် ဒေသတွင်းတော်လှန်ရေးအင်အားစုများက သတိပေးသည်။

သြဂုတ်၅ ရက်က ပခုက္ကူမြို့ရှိ ဆင်ဖြူရှင်တံတားမှ ချင်းတွင်းမြစ်ကြောင်းအတိုင်း ဆန်တက်လာသော လေယာဥ်ဆီများပါ တင်ဆောင်လာသော စစ်ကောင်စီသင်္ဘော ငါးစီးကို ဒေသကာကွယ်ရေးတပ်များက ဆားလင်းကြီးမြို့နယ်အတွင်း မြစ်ကြောင်းတနေရာတွင် တိုက်ခိုက်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

မုံရွာမြို့အ​ခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)ရဲ့ပတ်ဝန်းကျင်က မြို့တွေမှာ စစ်ရေးတင်းမာနေပြီး စစ်‌တပ်က အရပ်သားတွေနဲ့ အိမ်ယာတွေကို ပစ်မှတ်ထားတိုက်ခိုက်ဖျက်ဆီးနေတယ်လို့ ​ဒေသခံ နဲ့ ​တော်လှန်​ရေးတပ်ဖွဲ့ဝင်​တွေက​ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဆိုင်ကယ်စီးနင်းသူတွေကို လိုက်လံစစ်ဆေးဖမ်းဆီးပြီး ကျပ်သိန်းချီတောင်းနေကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

အာဏာ သိမ်းစစ်တပ်ဟာ ကျောက်ဖြူမြို့နယ် တောင်မော်ဦးရေတပ်စခန်းကို ယမန်နေ့ (ဇွန် ၈ )ကစစ်သင်္ဘောသုံးစီးနဲ့ စစ်ကူအင်အားသုံးရာဝန်းကျင် ထပ်မံဖြည့်တင်းခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောကြပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ မိုးကောင်းပြီး သစ်ပင်လဲပိလို့ ကား ၂စီး ပျက်စီးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။