Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်ကိုင်း၊ မကွေး၊ မန္တလေးနှင့် ရှမ်းမြောက်တွင် ဇွန်လတိုက်ပွဲများအတွင်း စစ်ကောင်စီတပ် ၄၀၀ သေ၊ လက်နက် ၂၆လက်ရဟု NUG အသိပေး

နွေဦးတော်လှန်ရေးကာအတွင်း အင်အားပြုန်းတီးမှု သုံးသောင်းကျော်ရှိခဲ့၍ စစ်ကောင်စီက ၎င်းတို့၏ ထောက်ပို့တပ်နှင့် နည်းပညာတပ်ရင်းများကိုပင်ရှေ့တန်း၌ အသုံးချနေသည်ဟု ပြောသည်။

(မော်လိုက်မြို့နယ်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ထံမှ သိမ်းဆည်းရရှိသော လက်နက်ခဲယမ်းများအား တွေ့ရစဉ်။ ဓာတ်ပုံ - MOD/NUG)
(မော်လိုက်မြို့နယ်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ထံမှ သိမ်းဆည်းရရှိသော လက်နက်ခဲယမ်းများအား တွေ့ရစဉ်။ ဓာတ်ပုံ - MOD/NUG)

အမှတ်(၁) စစ်ဒေသနယ်မြေ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်း၊ ရှမ်းပြည်နယ် မြောက်ပိုင်းတို့တွင် ဇွန်လအတွင်း တိုက်ပွဲပေါင်း ၄၃၉ ကြိမ်ဖြစ်ပွားခဲ့ပြီးစစ်ကောင်စီတပ်မှ သေဆုံးထိခိုက်များပြားခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

ဇွန်လတိုက်ပွဲများအတွင်း ရန်သူ ၄၀၀ဦး သေဆုံးပြီး ၅၇၄ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည် ဖော်ပြထားသည်။ တိုက်ပွဲများကို အမှတ်(၁) စစ်ဒေသကွပ်ကဲမှုအောက်ရှိ PDF၊ ပကဖနှင့် EROs ပူးပေါင်းအဖွဲ့များက ဆင်နွှဲခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

အဆိုပါတိုက်ပွဲများ၌ တော်လှန်ရေး ရဲဘော် ၂၆ဦးကျဆုံးခဲ့ပြီး ၅၉ဦး ဒဏ်ရာရခဲ့သည်ဟု အသိပေးသည်။

(မော်လိုက်မြို့နယ်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ထံမှ သိမ်းဆည်းရရှိသော လက်နက်ခဲယမ်းများအား တွေ့ရစဉ်။ ဓာတ်ပုံ - MOD/NUG)
(မော်လိုက်မြို့နယ်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ထံမှ သိမ်းဆည်းရရှိသော လက်နက်ခဲယမ်းများအား တွေ့ရစဉ်။ ဓာတ်ပုံ – MOD/NUG)

စစ်ကောင်စီတပ်ထံမှ လက်နက်မျိုးစုံ (၂၆)လက် အပါအဝင် ခဲယမ်းမီးကျောက် အမြောက်အမြား သိမ်းဆည်းရမိခဲ့သည်ဟုလည်း ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

အမှတ်(၁) စစ်ဒေသနယ်မြေတွင် မေလအတွင်းက တိုက်ပွဲပေါင်း ၅၀၀ ကြိမ်ဖြစ်ပွားခဲ့ပြီး ဧပြီအတွင်းက တိုက်ပွဲအကြိမ် ၄၀၀ ကျော်ဖြစ်ပွားခဲ့သည်။ယင်းတိုက်ပွဲများ၌လည်း စစ်ကောင်စီတပ်က သေဆုံးထိခိုက်များပြားခဲ့သည်။

တော်လှန်ရေးအင်အားစုများ၏ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်များ အထိနာလျက်ရှိပြီး အင်အားပြုန်းတီးမှုများပြားလျက်ရှိကြောင်း ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဦးမောင်မောင်ဆွေကပြီးခဲ့သည့် ရက်ပိုင်းက ပြောဆိုထားသည်။

(မော်လိုက်မြို့နယ်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ထံမှ သိမ်းဆည်းရရှိသော လက်နက်ခဲယမ်းများအား တွေ့ရစဉ်။ ဓာတ်ပုံ - MOD/NUG)
(မော်လိုက်မြို့နယ်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ထံမှ သိမ်းဆည်းရရှိသော လက်နက်ခဲယမ်းများအား တွေ့ရစဉ်။ ဓာတ်ပုံ – MOD/NUG)

အင်အားပြုန်းတီးမှုများအနက် တိုက်ပွဲအတွင်း သေကြေဒဏ်ရာရခြင်း၊ တိုက်ပွဲအတွင်းကျဆုံးခြင်း၊ ထွက်ပြေးခြင်းများ စစ်ကောင်စီတပ်တွင်း၌ အဖြစ်များနေသည်ဟု ဆိုသည်။

“တစ်လတစ်လကို အင်အားပြုန်းတီးမှုက တစ်ထောင်ကျော်လောက်ဖြစ်နေပြီဆိုတာကိုလည်း ကျနော်တို့ဆီကိုပေးပို့တဲ့ အချက်အလက်တွေအရ သိရပါတယ်”ဟု ဦးမောင်မောင်ဆွေက ပြောသည်။

နွေဦးတော်လှန်ရေးကာအတွင်း အင်အားပြုန်းတီးမှု သုံးသောင်းကျော်ရှိခဲ့၍ စစ်ကောင်စီက ၎င်းတို့၏ ထောက်ပို့တပ်နှင့် နည်းပညာတပ်ရင်းများကိုပင်ရှေ့တန်း၌ အသုံးချနေသည်ဟု ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ဧပြီ လ ၂၈ ရက်ကပင် ဒီးမော့ဆို မြို့နယ်၊ပူဖားကျေး ရွာမှာနွားကျောင်းနေသည့် အသက် (၁၄)နှစ်အရွယ် အမျိုးသား တစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ​က ဆိုသည်။

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။

သတင်း

စစ်ကူလာ​နေ​သော စစ်​ကောင်စီတပ်များကို ပြတ်ပြတ်သားသားတိုက်ခိုက်​ချေမှုန်းသွားမည်ဖြစ်​ကြောင်းကရင်အမျိုးသားအစည်းအရုံး(KNU )ပြော​​ရေးဆိုခွင့်ရှိသူ ပဒို​စော​တောနီးက မီဒီယာများအား ​ဧပြီ ၂၄ရက်တွင် ပြောကြားထားသည်။

သတင်း

စစ်မြေပြင်၌ ခွဲခြားရန်ခက်ခဲသော်လည်း အရှင်ဖမ်းဆီးရရှိသည့် စစ်သုံ့ပန်းများထဲမှ အဓမ္မ စစ်မှုထမ်းရသူများအရေးကို စိစစ်ဆောင်ရွက် ပေးလို့ရကြောင်း ၎င်းက ပြောသည်။