Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အနောက်နိုင်ငံတွေနဲ့အပြိုင် ရုရှားဆီက လက်နက် ထောက်ပံ့မှုတွေ ရနေတယ်လို့ ယူကရိန်း လှောင်ပြောင်

ဆိုဗီယက် ပြည်ထောင်စုက ခွဲထွက်လာတဲ့ နိုင်ငံတစ်ခုပီပီ ယူကရိန်းဟာ ရုရှားရဲ့ စစ်လက်နက် နည်းပညာတွေနဲ့ သိပ်မစိမ်းလှတာကြောင့် အဲဒီ သိမ်းဆည်းရမိ စစ်လက်နက်တွေကို လိုအပ်သလို ပြုပြင်ပြီး ရုရှားတွေကို တိုက်ခိုက်ဖို့ ပြန်လည် အသုံးပြုလေ့ ရှိပါတယ်။

အနောက်နိုင်ငံတွေနဲ့အပြိုင် ရုရှားဆီက လက်နက် ထောက်ပံ့မှုတွေ ရနေတယ်လို့ ယူကရိန်း လှောင်ပြောင်
အနောက်နိုင်ငံတွေနဲ့အပြိုင် ရုရှားဆီက လက်နက် ထောက်ပံ့မှုတွေ ရနေတယ်လို့ ယူကရိန်း လှောင်ပြောင်

ယူကရိန်းအတွက် စစ်လက်နက်တွေ ထောက်ပံ့ရာမှာ ရုရှားကလည်း အနောက်နိုင်ငံတွေနဲ့ အပြိုင်ပဲလို့ ယူကရိန်းရဲ့ စစ်မြေပြင် အခြေစိုက် ဦးစီး အရာရှိ တချို့က အရွှန်းဖောက် ပြောဆိုခဲ့ကြပါတယ်။

စစ်ပွဲမှာ ရုရှားဆီက သိမ်းပိုက်ရရှိတဲ့ စစ်လက်နက်တွေ အများအပြား သိမ်းပိုက်ရရှိပြီး ယူကရိန်းတပ်တွေ ပြန်လည် အသုံးပြုနေတာကို ရည်ညွှန်းပြီး အခုလို ပြောဆိုတာ ဖြစ်ပါတယ်။ ရှေ့တန်း စစ်မြေပြင်မှာ လှုပ်ရှားနေတဲ့ ဗိုလ်မှူးကြီးအဆင့် စစ်ဦးစီး တစ်ဦးက စစ်ပွဲ စတင်ချိန် ကတည်းက ယူကရိန်းဟာ ရုရှားဆီက တင့်ကား အစီး ၃၀၀ လောက် အပါအဝင် လက်နက်ကြီး အမြောက်တွေ၊ သံချပ်ကာယာဉ်တွေနဲ့ တခြား စစ်ယန္တရားတွေ စုစုပေါင်း အခု ၈၀၀ ကျော်လောက် သိမ်းဆည်း ရမိပြီးပြီလို့ Deutsche Welle သတင်းဌာနဆီ အသိပေး ပြောကြားခဲ့ပါတယ်။

ဆိုဗီယက် ပြည်ထောင်စုက ခွဲထွက်လာတဲ့ နိုင်ငံတစ်ခုပီပီ ယူကရိန်းဟာ ရုရှားရဲ့ စစ်လက်နက် နည်းပညာတွေနဲ့ သိပ်မစိမ်းလှတာကြောင့် အဲဒီ သိမ်းဆည်းရမိ စစ်လက်နက်တွေကို လိုအပ်သလို ပြုပြင်ပြီး ရုရှားတွေကို တိုက်ခိုက်ဖို့ ပြန်လည် အသုံးပြုလေ့ ရှိပါတယ်။

ယူကရိန်းက သိမ်းဆည်းရမိတဲ့ထဲမှာ ရုရှားက အထူးတလည် တန်ဖိုးထား အသုံးပြုနေပြီး နောက်ဆုံးမျိုးဆက် နည်းပညာတွေနဲ့ အဆင့်မြှင့်ထားတဲ့ T-72 တင့်ကားတွေပါ ပါဝင်နေပါတယ်။ နောက်ပြီး Grad ဒုံးကျည် ပစ်လွှတ်မှုစနစ်လို အရေးပါတဲ့ စစ်လက်နက်တွေလည်း ယူကရိန်းရဲ့ တန်ပြန်ထိုးစစ် ကာလမှာ ရုရှားဆီကနေ သိမ်းယူ ရရှိခဲ့တယ်လို့ ဗိုလ်မှူးကြီး အိုလက်ဆန်ဒါ ဆာရူဘူက ဂျာမန် သတင်းဌာနဆီ ပြောပြပါတယ်။

Public Service Announcement

Public Service Announcement

စစ်ပွဲစတင်ပြီး ရက်ပိုင်းအကြာ ၂၀၂၂ ခုနှစ်၊ မတ်လကစလို့ ယူကရိန်းဟာ ရုရှားဆီက စစ်လက်နက် စနစ်တွေ သိမ်းယူရရှိလာပြီး အခုဆိုရင် ရုရှားရဲ့ Uragan ဒုံးကျည်စနစ် ၂၄ ခုကို ရန်သူ့ဖက် ပြန်ချိန်ရွယ်ပြီး လက်တွေ့ အသုံးချနေပြီလို့ ဆိုပါတယ်။

ယူကရိန်းက စစ်လက်နက် ပြင်ဆင်ရေး စက်ရုံတွေမှာ ရင်ဆိုင်နေရတဲ့ ပြဿနာ တခုကတော့ သိမ်းဆည်းရမိလာတဲ့ ရန်သူ့ လက်နက်တွေမှာ တပ်ဆင်ထားတဲ့ တချို့သော နောက်ဆုံးမျိုးဆက် နည်းပညာမြင့် အစိတ်အပိုင်းတွေကို အစားထိုးနိုင်ခြင်း မရှိတာပါပဲ။ ယူကရိန်းဟာ စစ်ပွဲစတင်ချိန် ကတည်းက အနောက်နိုင်ငံတွေဆီက စစ်လက်နက် အထောက်အပံ့တွေ အလုံးအရင်း ရရှိနေပေမယ့်လည်း ဆိုဗီယက်ခေတ် တင့်ကားတွေအပေါ် အကြီးအကျယ် မှီခိုနေရဆဲ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

ဆောင်းပါး

ယူကရိန်းစစ်ပွဲက ရုရှားအတွက်တော့ ကြီးမားတဲ့ စစ်ရေးအခက်အခဲနဲ့ ကုန်ကျစရိတ်တွေကို ယူဆောင်လာခဲ့ပေမယ့်၊ ဒီစစ်မြေပြင်က တရုတ်အတွက်တော့ မဟာဗျူဟာမြောက် စစ်သင်တန်းကျောင်းကြီးဖြစ်လာပါတယ်။

နိုင်ငံတကာ

မြို့တော် ကိယက်ဗ်ကို ရုရှားက ဒုံးကျည်တွေ အများအပြားနဲ့ ပစ်ခတ်ပြီး လူ ၁၇ ဦးထက်မနည်း သေဆုံးခဲ့တဲ့ ဖြစ်ရပ်ဟာ လေကြောင်းကာကွယ်ရေး ဒုံးခွင်းဒုံးတွေ လိုအပ်မှု ပြဿနာ ဘယ်လောက် ကြီးမားသလဲ ဆိုတာကို မီးမောင်းထိုးပြနေကြောင်း ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

ယူကရိန်းက ဟင်းသီးဟင်းရွက်ရောင်းတဲ့ အရပ်သား စျေးသည်တစ်ယောက်ကို ရုရှား ထောက်လှမ်းရေး ဒရုန်းက အပျော်တမ်း အမဲလိုက်သလို ပုံစံမျိုးနဲ့ တိုက်ခိုက်ခဲ့တဲ့အပေါ် ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက အပြင်းအထန် ရှုတ်ချခဲ့ပါတယ်။

နိုင်ငံတကာ

လူစည်ကားရာ အပန်း‌ဖြေ ကမ်းခြေတစ်ခုကို ယူကရိန်းက ဒရန်းနဲ့ တိုက်ခိုက်လို့ ကလေးတွေ အပါအဝင် လူ ၇ ဦး သေဆုံးခဲ့ကြောင်း ရုရှားရဲ့ ဒေသဆိုင်ရာ အာဏာပိုင်တွေက စွပ်စွဲ ပြောကြားခဲ့ပါတယ်။