Connect with us

Hi, what are you looking for?

သတင်း

လက်နက်လာပို့သည့် စစ်တပ်က ချင်းတွင်းမြစ်ဘေးရှိကျေးရွာများပစ်ခတ်နေ၍ ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရ

ယနေ့ (ဇူလိုင် ၂၃ရက်) နံနက်ပိုင်းက ဧရာဝတီမြစ်ကြောင်းမှ ဆန်တက်လာသည့် စစ်ကောင်စီ မော်တော် သုံးစင်းသည် ချင်းတွင်းမြစ်အတွင်းရောက်ရှိလာခဲ့သည်။

(ယခင်က ချင်းတွင်းမြစ်အနောက်ဘက်ကမ်း၌ တွေ့ရသည့် စစ်ကောင်စီမော်တော်တစ်စီး။ ဓာတ်ပုံ-ချင်းတွင်းမြစ်ကမ်းဘေးကျေးရွာများသပိတ်ကော်မတီ)
(ယခင်က ချင်းတွင်းမြစ်အနောက်ဘက်ကမ်း၌ တွေ့ရသည့် စစ်ကောင်စီမော်တော်တစ်စီး။ ဓာတ်ပုံ-ချင်းတွင်းမြစ်ကမ်းဘေးကျေးရွာများသပိတ်ကော်မတီ)

စစ်ကိုင်းတိုင်း၊ မုံရွာမြို့သို့ လက်နက်လာပို့သည့် စစ်ကောင်စီ​၏ မော်တော်ရေယာဉ်သုံးစင်းက ချင်းတွင်းမြစ်ဘေးရှိ ကျေးရွာများအား ပစ်ခတ်နေ၍ ကျေးရွာအများအပြားမှ ဒေသခံများထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက ပြောသည်။

ယနေ့ (ဇူလိုင် ၂၃ရက်) နံနက်ပိုင်းက ဧရာဝတီမြစ်ကြောင်းမှ ဆန်တက်လာသည့် စစ်ကောင်စီ မော်တော် သုံးစင်းသည် ချင်းတွင်းမြစ်အတွင်းရောက်ရှိလာခဲ့သည်။

အဆိုပါ မော်တော်ယာဉ်များသည် မုံရွာမြို့သို့ လက်နက်လာပို့သည်ဟုသိရပြီး မြစ်ကမ်းဘေးရှိကျေးရွာများအား လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခက်နေ၍ ဒေသခံပြည်သူများ မိုးရွာနေသည့်ကြားက ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများက ပြောသည်။

Public Service Announcement
Public Service Announcement

မြစ်ရေတက်ချိန်ဖြစ်ပြီး မိိုးများသည်းထန်စွာရွာသွန်းမှုကြောင့် ပြည်သူများဒုက္ခရောက်နေရသည်ဟု ချင်းတွင်းမြစ်ကမ်းဘေးကျေးရွာများသပိတ်ကော်မတီအဖွဲ့ဝင် ကိုအောင်ခန့်ဇော်က ပြောသည်။

Public Service Announcement

Public Service Announcement

“မုံရွာ အလုံမင်းထောင့်ဆိပ်ကမ်းတော့ မရောက် သေးဘူး။ လမ်းတဝက်ပဲရှိသေးတာ။ မုံရွာမြို့နယ်နဲ့ ဆားလင်းကြီးမြို့နယ်ကြား ရောက်နေတယ် “ဟု ၎င်းက ပြောသည်။

ဆားလင်းကြီးမှလာသော စစ်ကြောင်းသည်လည်း ဆားလင်းကြီးတောင်ဘက်ရှိ ဆားခါးကျေးရွာသို့ရောက်ရှိပြီး ပြည်သူပိုင်ပစ္စည်းများကိုခိုးယူနေကြောင်းသိရသည်။

ချင်းတွင်းမြစ်ဘေးကျေးရွာများအပြင် စစ်ကောင်စီစစ်ကြောင်းကြောင့် ဆားလင်းကြီးမြို့နယ်၊ ၀မ်ပေါင်ကြေးနီစီမံကိန်းအနီးက ကျေးရွာများလည်း ဇူလိုင်၂၁ ရက်ကတည်းက ထွက်ပြေးတိမ်းရှောင်နေရသည်။

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်းစစ်တပ်က မြန်မာပြည်သူတွေအပေါ် အကြမ်းဖက်မှုတွေကို ချက်ချင်းရပ်တန့်ဖို့ အမေရိကန် အကြီးတန်းအရာရှိတစ်ဦးက ထပ်မံပြောဆိုလိုက်ပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်က မြန်မာပြည်သူတွေအပေါ် အကြမ်းဖက်မှုတွေကို ချက်ချင်းရပ်တန့်ဖို့ အမေရိကန် အကြီးတန်းအရာရှိတစ်ဦးက ထပ်မံပြောဆိုလိုက်ပါတယ်။

အတွေးအမြင်

"ကျွန်​တော်တို့က သူတို့ကိုအားကိုးပါတယ်ဆိုမှ သူတို့ကအချင်းချင်းရန်ဖြစ်​နေကြ​တော့ ဘယ်သူ့အားကိုးရမယ်မသိဘူး "

သတင်း

စစ်ကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်က ၎င်း၏ ဇာတိပန်းတနော်မြို့တွင်စစ်ကောင်စီအတွက်စစ်သားစုဆောင်းရေး အုပ်ချုပ်ရေးမှူးများနှင့်ဒေသခံများအား ဖိအားပေးနေသောကြောင့်မြို့ခံလူငယ်များထွက်ပြေးတိမ်းရှောင်နေကြရသည်။