Connect with us

Hi, what are you looking for?

သတင်း

လက်နက်လာပို့သည့် စစ်တပ်က ချင်းတွင်းမြစ်ဘေးရှိကျေးရွာများပစ်ခတ်နေ၍ ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရ

ယနေ့ (ဇူလိုင် ၂၃ရက်) နံနက်ပိုင်းက ဧရာဝတီမြစ်ကြောင်းမှ ဆန်တက်လာသည့် စစ်ကောင်စီ မော်တော် သုံးစင်းသည် ချင်းတွင်းမြစ်အတွင်းရောက်ရှိလာခဲ့သည်။

(ယခင်က ချင်းတွင်းမြစ်အနောက်ဘက်ကမ်း၌ တွေ့ရသည့် စစ်ကောင်စီမော်တော်တစ်စီး။ ဓာတ်ပုံ-ချင်းတွင်းမြစ်ကမ်းဘေးကျေးရွာများသပိတ်ကော်မတီ)
(ယခင်က ချင်းတွင်းမြစ်အနောက်ဘက်ကမ်း၌ တွေ့ရသည့် စစ်ကောင်စီမော်တော်တစ်စီး။ ဓာတ်ပုံ-ချင်းတွင်းမြစ်ကမ်းဘေးကျေးရွာများသပိတ်ကော်မတီ)

စစ်ကိုင်းတိုင်း၊ မုံရွာမြို့သို့ လက်နက်လာပို့သည့် စစ်ကောင်စီ​၏ မော်တော်ရေယာဉ်သုံးစင်းက ချင်းတွင်းမြစ်ဘေးရှိ ကျေးရွာများအား ပစ်ခတ်နေ၍ ကျေးရွာအများအပြားမှ ဒေသခံများထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက ပြောသည်။

ယနေ့ (ဇူလိုင် ၂၃ရက်) နံနက်ပိုင်းက ဧရာဝတီမြစ်ကြောင်းမှ ဆန်တက်လာသည့် စစ်ကောင်စီ မော်တော် သုံးစင်းသည် ချင်းတွင်းမြစ်အတွင်းရောက်ရှိလာခဲ့သည်။

အဆိုပါ မော်တော်ယာဉ်များသည် မုံရွာမြို့သို့ လက်နက်လာပို့သည်ဟုသိရပြီး မြစ်ကမ်းဘေးရှိကျေးရွာများအား လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခက်နေ၍ ဒေသခံပြည်သူများ မိုးရွာနေသည့်ကြားက ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများက ပြောသည်။

Public Service Announcement
Public Service Announcement

မြစ်ရေတက်ချိန်ဖြစ်ပြီး မိိုးများသည်းထန်စွာရွာသွန်းမှုကြောင့် ပြည်သူများဒုက္ခရောက်နေရသည်ဟု ချင်းတွင်းမြစ်ကမ်းဘေးကျေးရွာများသပိတ်ကော်မတီအဖွဲ့ဝင် ကိုအောင်ခန့်ဇော်က ပြောသည်။

Public Service Announcement

Public Service Announcement

“မုံရွာ အလုံမင်းထောင့်ဆိပ်ကမ်းတော့ မရောက် သေးဘူး။ လမ်းတဝက်ပဲရှိသေးတာ။ မုံရွာမြို့နယ်နဲ့ ဆားလင်းကြီးမြို့နယ်ကြား ရောက်နေတယ် “ဟု ၎င်းက ပြောသည်။

ဆားလင်းကြီးမှလာသော စစ်ကြောင်းသည်လည်း ဆားလင်းကြီးတောင်ဘက်ရှိ ဆားခါးကျေးရွာသို့ရောက်ရှိပြီး ပြည်သူပိုင်ပစ္စည်းများကိုခိုးယူနေကြောင်းသိရသည်။

ချင်းတွင်းမြစ်ဘေးကျေးရွာများအပြင် စစ်ကောင်စီစစ်ကြောင်းကြောင့် ဆားလင်းကြီးမြို့နယ်၊ ၀မ်ပေါင်ကြေးနီစီမံကိန်းအနီးက ကျေးရွာများလည်း ဇူလိုင်၂၁ ရက်ကတည်းက ထွက်ပြေးတိမ်းရှောင်နေရသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်တပ် အာဏာသိမ်းထားတဲ့ ငါးနှစ်ကျော်အတွင်း လူမှူကွန်ရက်ပေါ်မှာ ရေးသားတာ ၊ အွန်လိုင်းဆက်သွယ်ပြောဆိုတာတွေကြောင့် စစ်တပ်ရဲ့မတရားဖမ်းဆီးခံရသူ နှစ်ထောင်ကျော်ရှိတယ်လို့ Data For Myanmar-D4M အဖွဲ့ကအသိပေးထားပါတယ်။

သတင်း

လူစုလူဝေးမလုပ်ဖို့၊ အိမ်တိုင်း ကတုတ်ကျင်းတူးဖို့၊ အရေးကြီးကိစ္စမရှိရင် ခရီးမသွားဖို့၊ လေကြောင်းသတင်း အချင်းချင်း အချိန်မီ သတင်းပေးကြဖို့ သတိပေးထား

သတင်း

စစ်ကိုင်းတိုင်း အင်းတော်မြို့နယ်က မြစ်ကြီးနား- ရွှေဘိုလမ်းပိုင်းနဲ့ အနီးပတ်ဝန်းကျင်က ကျေးရွာတွေကို ဒီနေ့ နေ့လယ်ပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲလို့ အရပ်သား ၂ဦးသေဆုံးပြီး ၁၀ ဦးဒဏ်ရာအပြင်းအထန်ရခဲ့တယ်လို့ သိရပါတယ်။

သတင်း

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊မန်လည်ကျေးရွာကို စစ်တပ်က လေကြောင်းကနေ ‌ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အဘွားအို၂ဦး သေဆုံးပြီး ၃ဦးဒဏ်ရာရကာ ဆက်တိုက်ဗုံးကြဲနေဆဲဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။

Facebook