Connect with us

Hi, what are you looking for?

သတင်း

မြစ်ခြေ – ကမ္မလမ်းပိုင်း ဘီယာဆိုင်တွင် သောက်နေသော စစ်ကောင်စီတပ်သား နှစ်ဦးကို ပစ်ခတ်ရှင်းလင်း၊ လက်နက် နှစ်လက်ရဟု PDF အသိပေး

ဇူလိုင် ၂၈ရက်က ပခုက္ကူမြို့နယ်၊ မြစ်ခြေ – ကမ္မလမ်းပိုင်းရှိ ဆုံစည်းရာ ဘီယာဆိုင်တွင် ဘီယာထိုင်သောက်နေသော ရန်သူ့တပ်သား နှစ်ဦးအား ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၈)က ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဖော်ပြသည်။

(သိမ်းဆည်းရရှိသော သေနတ်နှစ်လက်အား တွေ့ရစဉ်။ ဓာတ်ပုံ - MOD/NUG)
(သိမ်းဆည်းရရှိသော သေနတ်နှစ်လက်အား တွေ့ရစဉ်။ ဓာတ်ပုံ - MOD/NUG)

မကွေးတိုင်း ပခုက္ကူမြို့နယ်တွင် ဘီယာဆိုင်တွင် သောက်နေသည့် စစ်ကောင်စီတပ်သား နှစ်ဦးကို ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ကာကွယ်ရေးဝန်ကြီးဌာန ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)စစ်ရုံးချုပ်က ယနေ့ ထုတ်ပြန်သည်။

ဇူလိုင် ၂၈ရက်က ပခုက္ကူမြို့နယ်၊ မြစ်ခြေ – ကမ္မလမ်းပိုင်းရှိ ဆုံစည်းရာ ဘီယာဆိုင်တွင် ဘီယာထိုင်သောက်နေသော ရန်သူ့တပ်သား နှစ်ဦးအား ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၈)က ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဖော်ပြသည်။

ပစ်ခတ်စဉ် ဆိုင်ကယ်စီးပြီး ထွက်ပြေးသဖြင့် အနောက်မှ လိုက်လံပစ်ခတ်ခဲ့ကြောင်း၊ မြစ်ခြေ-ကမ္မလမ်းဘေးရှိ ရေမြောင်းထဲတွင် ကျည်ထိမှန်ဒဏ်ရာနှင့်လဲကျနေသော ရန်သူ့တပ်သား တစ်ဦးကို လက်နက်ချအညံ့မခံသဖြင့် အသေပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်သည်။

ပစ်ခတ်မှုဖြစ်စဉ်အတွင်း ရန်သူ့တပ်သား နှစ်ဦး သေဆုံးကာ MA-1 (၂)လက်နှင့် ကျည် (၁၇) တောင့် သိမ်းဆည်းရရှိခဲ့သည်ဟု အသိပေးသည်။

Public Service Announcement

Public Service Announcement

သိမ်းဆည်းရရှိခဲ့သည့် လက်နက် နှစ်လက်၏ ဓာတ်ပုံမှတ်တမ်းကိုလည်း ဖော်ပြခဲ့သည်။

ပခုက္ကူခရိုင်ရှိ PDF တပ်ရင်းများ၏ တိုက်ခိုက်မှုကြောင့် ဇူလိုင်အတွင်းက စစ်ကောင်စီတပ်နှင့် တိုက်ပွဲ ၂၀ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား ၆၀ကျော်သေဆုံးကာ အများအပြား ဒဏ်ရာရခဲ့ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ စစ်ရုံးချုပ်ကွပ်ကဲမှုအောက်ရှိ အမှတ် (၉၇၁၁) တပ်ရင်းကို လက်နက်တပ်ဆင်ခြင်းအခမ်းအနား ကျင်းပခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ပြည့်သူ့ကာကွယ်​ရေးတပ်မ​တော်(PDF)၊အထူးတိုင်းစစ်ဌာန သုံ့ပန်းစခန်းမှာ ပေးအပ်တဲ့တာဝန်တွေကို ကျေပွန်အောင်ထမ်းဆောင်ခဲ့တဲ့ စစ်သုံ့ပန်း ၁၆ ဦးကို သူတို့ရဲ့ဆန္ဒအလျောက် ပြည်သူ့ကာကွယ်ရေးတပ်မတော်သားတွေအဖြစ် တာဝန်ထမ်း‌ ဆောင်ခွင့် ပြုလိုက်တယ်လို့အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်တပ်က အင်း​တော်မှာပြည်သူ ၁ဦးကိုသတ်ပြီး ၁ ဦးကိုဖမ်း​​ခေါ်သွား