Connect with us

Hi, what are you looking for?

သတင်း

မြစ်ခြေ – ကမ္မလမ်းပိုင်း ဘီယာဆိုင်တွင် သောက်နေသော စစ်ကောင်စီတပ်သား နှစ်ဦးကို ပစ်ခတ်ရှင်းလင်း၊ လက်နက် နှစ်လက်ရဟု PDF အသိပေး

ဇူလိုင် ၂၈ရက်က ပခုက္ကူမြို့နယ်၊ မြစ်ခြေ – ကမ္မလမ်းပိုင်းရှိ ဆုံစည်းရာ ဘီယာဆိုင်တွင် ဘီယာထိုင်သောက်နေသော ရန်သူ့တပ်သား နှစ်ဦးအား ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၈)က ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဖော်ပြသည်။

(သိမ်းဆည်းရရှိသော သေနတ်နှစ်လက်အား တွေ့ရစဉ်။ ဓာတ်ပုံ - MOD/NUG)
(သိမ်းဆည်းရရှိသော သေနတ်နှစ်လက်အား တွေ့ရစဉ်။ ဓာတ်ပုံ - MOD/NUG)

မကွေးတိုင်း ပခုက္ကူမြို့နယ်တွင် ဘီယာဆိုင်တွင် သောက်နေသည့် စစ်ကောင်စီတပ်သား နှစ်ဦးကို ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ကာကွယ်ရေးဝန်ကြီးဌာန ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)စစ်ရုံးချုပ်က ယနေ့ ထုတ်ပြန်သည်။

ဇူလိုင် ၂၈ရက်က ပခုက္ကူမြို့နယ်၊ မြစ်ခြေ – ကမ္မလမ်းပိုင်းရှိ ဆုံစည်းရာ ဘီယာဆိုင်တွင် ဘီယာထိုင်သောက်နေသော ရန်သူ့တပ်သား နှစ်ဦးအား ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၈)က ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဖော်ပြသည်။

ပစ်ခတ်စဉ် ဆိုင်ကယ်စီးပြီး ထွက်ပြေးသဖြင့် အနောက်မှ လိုက်လံပစ်ခတ်ခဲ့ကြောင်း၊ မြစ်ခြေ-ကမ္မလမ်းဘေးရှိ ရေမြောင်းထဲတွင် ကျည်ထိမှန်ဒဏ်ရာနှင့်လဲကျနေသော ရန်သူ့တပ်သား တစ်ဦးကို လက်နက်ချအညံ့မခံသဖြင့် အသေပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်သည်။

ပစ်ခတ်မှုဖြစ်စဉ်အတွင်း ရန်သူ့တပ်သား နှစ်ဦး သေဆုံးကာ MA-1 (၂)လက်နှင့် ကျည် (၁၇) တောင့် သိမ်းဆည်းရရှိခဲ့သည်ဟု အသိပေးသည်။

Public Service Announcement

Public Service Announcement

သိမ်းဆည်းရရှိခဲ့သည့် လက်နက် နှစ်လက်၏ ဓာတ်ပုံမှတ်တမ်းကိုလည်း ဖော်ပြခဲ့သည်။

ပခုက္ကူခရိုင်ရှိ PDF တပ်ရင်းများ၏ တိုက်ခိုက်မှုကြောင့် ဇူလိုင်အတွင်းက စစ်ကောင်စီတပ်နှင့် တိုက်ပွဲ ၂၀ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား ၆၀ကျော်သေဆုံးကာ အများအပြား ဒဏ်ရာရခဲ့ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ရဲဘော် တွေအနေနဲ့ ဒရုန်းနည်းပညာ စစ်ရေးမှာ အသုံးပြုတာနဲ့ ပတ်သက်ပြီး စစ်အုပ်စုထက် ပိုသာကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်မှာ အင်အား ၁၀၀ ကျော်ပါ စစ်တပ်စစ်ကြောင်းကို ဒရုန်းနဲ့ တိုက်ခိုက်တာ၊ ကြားဖြတ်တိုက်ခိုက်တာတွေ လုပ်ဆောင်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) တနင်္သာရီတိုင်းစစ်ဌာန ထားဝယ်ခရိုင် အမှတ်(၁)တပ်ရင်း သံမဏိလိပ်ပြာတပ်ခွဲက သတင်းထုတ်ပြန်ပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်ရဲ့ တံတားဦး လေတပ်စခန်းကတိုက်​လေယာဥ်​တွေကိုပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)က ဒရုန်းနဲ့တိုက်ခိုက်ခဲ့ပြီး စစ်တပ်လေယာဉ် ၄စီးထိခိုက်ခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ မြစ်ခြေမြို့က ရှစ်မျက်နှာဘုရားမှာ တပ်စွဲထားတဲ့ စစ်တပ်ဟာ မြို့တွင်းက ကြောင်ပန်းခုံကျေးရွာ ဝင်ရောက်စီးနင်းမီးရှို့ခဲ့ပြီး မီးငြှိမ်းတဲ့ ဒေသခံတွေကိုပါ သေနတ်နဲ့လိုက်လံ ပစ်ခတ်ခဲ့တယ်လို့ မြို့နယ်လူသားစာနာ တာဝန်ခံက ပြောပါတယ်။