Hi, what are you looking for?
မြန်မာ့သမိုင်းတလျှောက် လူသေဆုံးပျက်စီးမှုအများဆုံးမြေငလျင်ကြီး လှုပ်ခတ်ခဲ့ပြီးနောက်ပိုင်းစစ်ကောင်စီက မတ် ၂၈ ရက်မှ ပြီ ၄ ရက်နေ့အထိ့ ၈ ရက်အတွင်းနိုင်ငံတစ်ဝန်း နေရာပေါင်း အနည်းဆုံး ၂၄ နေရာကိုဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ် ။ ဒီအရေအတွက်ဟာ People's Spring အချက်အလက်ရရှိတဲ့ အရေအတွက်သာဖြစ်ပြီး ဒီစာရင်းထဲမပါသေးတဲ့ဗုံးကြဲခံရမှုတွေ ရှိနိုင်သေးလို့မြေပြင်မှာအခုထက်ပိုများနိုင်ပါတယ်။
မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်၊ လက်ပန်လှကျေးရွာ လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေး ခြောက်ဦးအပါအဝင် ပြည်သူ၂၇ဦး သေဆုံးပြီး ၃၈ဦး ဒဏ်ရာရခဲ့သည့် စစ်ကောင်စီ ၏ ကျူးလွန်မှုများအား အပြစ်ပေးအရေးယူနိုင်ရေးအစွမ်းကုန်ဆောင်ရွက်သွားမည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၏ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနကထုတ်ပြန်သည်။