Connect with us

Hi, what are you looking for?

သတင်း

သပိတ်ကျင်းမြို့နယ် ကြက်ရိုးပင်ရွာ စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှု ပြည်သူလေးဦး ဒဏ်ရာရ

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ကြက်ရိုးပင်ကျေးရွာကို စစ်ကောင်စီက‌‌ လေကြောင်းတိုက်ခိုက်ခဲ့လို့ ပြည်သူ လေးဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ပြင်ဦးလွင်ခရိုင်ပကဖ သတင်းတာဝန်ခံက ပြောပါတယ်။

သပိတ်ကျင်းမြို့နယ်၊ကြက်ရိုးပင်ကျေးရွာကို စစ်ကောင်စီက‌‌ လေကြောင်းတိုက်ခိုက်အပြီး ပျက်စီးမှုတွေကို တွေ့ရစဉ်။ ဓာတ်ပုံ - ပြင်ဦးလွင်ခရိုင် ပကဖ

ဧပြီ ၁၂၊၂၀၂၅၊မေ၊ရဲခေါင်/People’s Spring

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ကြက်ရိုးပင်ကျေးရွာကို စစ်ကောင်စီက‌‌ လေကြောင်းတိုက်ခိုက်ခဲ့လို့ ပြည်သူ လေးဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ပြင်ဦးလွင်ခရိုင်ပကဖ သတင်းတာဝန်ခံက ပြောပါတယ်။

ဧပြီ ၁၁ရက် ည၁ဝနာရီအချိန်မှာ ဂျက်ဖိုက်တာနဲ့ လာရောက်ဗုံးကြဲသွားတာလို့ သိရပါတယ်။

” ပေါင်၂၀၀ဗုံးတစ်လုံးကြဲသွားတယ်။ဒဏ်ရာရတဲ့ ပြည်သူတွေက မစိုးရိမ်ရပါဘူး”လို့ ပြင်ဦးလွင်ခရိုင်ပကဖ သတင်းတာဝန်ခံက ပြောပါတယ်။

Public Service Announcement

Public Service Announcement

လေကြောင်းတိုက်ခိုက်ခံရမှုမှာ ပြည်သူလေးဦးထိခိုက်ဒဏ်ရာရတဲ့အပြင် Golden Hill ကေတီဗီအ ဆောက်အအုံထိခိုက်ပျက်စီးခဲ့ပြီး နွားတစ်ကောင်လည်း သေဆုံးခဲ့တယ်လို့ သိရပါတယ်။

“ဒီလအတွင်းမှာဆို မိုးကုတ်မှာ တစ်ကြိမ်၊မတ္တရာမှာ နှစ်ကြိမ်၊စဉ့်ကူးမှာ နှစ်ကြိမ်၊သပိတ်ကျင်းမှာ ငါးကြိမ် ကြဲသွားတယ်”လို့ ဧပြီအတွင်း စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုဖြစ်စဥ်တွေကို ပြင်ဦးလွင်ခရိုင် ပကဖ တာဝန်ရှိသူက ရှင်းပြပါတယ်။

ပြည်သူတွေအနေနဲ့ စစ်ကောင်စီတပ်နဲ့ ဝေးရာမှာ နေထိုင်ဖို့၊ လေကြောင်းရန်ကာကွယ်ရန်အတွက် ဗုံးခိုကျင်းတွေတူးထားဖို့ ပြင်ဦးလွင်ခရိုင်ပကဖက တိုက်တွန်းထားပါတယ်။

ဧပြီ ၁၀ရက်ကလည်း မတ္တရာမြို့နယ်အနောက်မြောက်ခြမ်းက ရေချောင်းဗိုလ် ကျေးရွာကို တံတားဦး‌ လေတပ်က ဂျက်ဖိုက်တာတစ်စီးနဲ့ ၂ကြိမ်တိုင် လေကြောင်းတိုက်လိုက်ခဲ့လို့ အမျိုးသမီး တစ်ဦးသေဆုံးပြီး ပြည်သူ သုံးဦးထိခိုက်ဒဏ်ရာ တွေရခဲ့တယ်လို့ သိရပါတယ်။

စစ်ကိုင်းငလျင်ကြီးလှုပ်ခတ်ပြီးနောက် ယာယီအပစ်ရပ်မယ်လို့ ကြေညာခဲ့တဲ့ စစ်ကောင်စီဟာ ပြင်ဦးလွင်ခရိုင်ရှိ သပိတ်ကျင်း၊စဉ့်ကူးနဲ့ မိုးကုတ်မြို့နယ်တို့ကို ဧပြီ ၃ရက်၊ ၄ ရက်နဲ့ ၆ရက်ကလည်း လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ပါတယ်။

သပိတ်ကျင်းမြို့နယ်၊ (၇)မိုင်ကျေးရွာဘက်မှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေ နေ့စဉ်နီးပါးတိုက်ပွဲ တွေဖြစ်နေပြီး စစ်ကောင်စီက လေကြောင်းနဲ့ဗုံးကြဲတာတွေလည်း ဆက်တိုက်ပြုလုပ်နေတယ်လို့ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့နယ်အရှေ့ဘက်ခြမ်း နောင်ပုလုကျေးရွာကို စစ်တပ်လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ် ၂ဦးအပါအ၀င် ၄ဦးသေဆုံးပြီး ၈ဦး ဒဏ်ရာရတယ်လို့ စုံစမ်းသိရပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ဆွဲလွဲအိုကျေးရွာတရားစခန်း လေကြောင်းတိုက်ခိုက်ခံရမှုမှာ သေဆုံးသူ ၁ဦးထပ်တိုးပြီး သေဆုံးသူ စုစုပေါင်း ၁၆ ဦးအထိ ရှိလာကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

အရပ်သားသေဆုံးမှု မြင့်တက်နေတဲ့အပေါ် အာရုံစိုက်ဖို့နဲ့ ကာကွယ်ပေးဖို့ နိုင်ငံတကာကို HDCO တိုက်တွန်း

သတင်း

အာဏာသိမ်းစစ်တပ် လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ဇူလိုင် ၁၄ ရက် ၁ရက်တည်း ကလေးငယ် ၄ ဦး သေဆုံးပြီး ၇ ဦးထက်မနည်း ဒဏ်ရာရခဲ့ပါတယ်။

Facebook