Connect with us

Hi, what are you looking for?

သတင်း

ကန်ပက်လက်နှင့် မင်းတပ်မြို့ကို စစ်ကောင်စီ ထပ်မံ လေကြောင်းတိုက်ခိုက်ပြန်

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နှင့် မင်းတပ်မြို့ကို စစ်ကောင်စီက ယနေ့(ဧပြီ ၂ရက်)တွင် လေကြောင်း ထပ်မံ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဒေသသတင်းရင်းမြစ်က ပြောသည်။

ချင်းပြည်နယ် မင်းတပ်မြို့ကို စစ်ကောင်စီ ယနေ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးမှုများ။ ဓာတ်ပုံ - Yaw Mang

■စစ်ဘေးနှင့် သဘာ၀ဘေးကြုံနေရသည့် ပြည်သူများကို စစ်ကောင်စီပစ်မှတ်ထား တိုက်ခိုက်နေဟု KNU ပြော

ဧပြီ ၂၊ ၂၀၂၅။ ဟန်နွေ/People’s Spring

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နှင့် မင်းတပ်မြို့ကို စစ်ကောင်စီက ယနေ့(ဧပြီ ၂ရက်)တွင် လေကြောင်း ထပ်မံ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဒေသသတင်းရင်းမြစ်က ပြောသည်။

ကန်ပက်လက်မြို့နှင့်အနီးရှိ မင်းတပ်မြို့ကို ယမန်နေ့ (ဧပြီ ၁ရက်)တွင် လေကြောင်းတိုက်ခိုက်ခဲ့သည့် စစ်ကောင်စီတပ်က ယနေ့ (ဧပြီ ၂ရက်)တွင် ကန်ပက်လက်မြို့ကို နှစ်ကြိမ် ထပ်မံ လေကြောင်းတိုက်ခိုက်ခဲ့ပြီး မင်းတပ်ကိုလည်း နှစ်ကြိမ် လေကြောင်းတိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

ယနေ့ နေ့လည် ၁နာရီ ၂၀မိနစ်တွင် ပထမအကြိမ်၊ ၂နာရီ ၉မိနစ်တွင် ဒုတိယအကြိမ် ထပ်မံ ဗုံးကြဲခဲ့ဟု သတင်းရင်းမြစ်က ပြောသည်။

“ပထမ ကြဲတဲ့ အလုံးက ကန်ပက်လက်မြို့ထဲက ကျေးလက်ရုံးကို ကျတယ်တဲ့”ဟု သတင်းရင်းမြစ်က ပြောသည်။

လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူလူထု ထိခိုက်သေဆုံးအခြေအနေများ ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

မင်းတပ်ကိုလည်း စစ်ကောင်စီက ယနေ့ နေ့လည် ၁နာရီခွဲခန့်တွင် နေပြည်တော် အေလာလေတပ်မှ လာသည့် ဂျက်ဖိုက်တာ တစ်စီးသည် မင်းတပ်မြို့ပေါ်တစ်နေရာကို ပေါင် ၅၀၀ ဗုံး နှစ်လုံးကို ကြဲချတိုက်ခိုက်သွားဟု မင်းတပ်ဒေသခံက အသိပေးထားသည်။

မင်းတပ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူ ဆလိုင်းယောမာန်ကလည်း “ဒီနေ့လည်း မင်းတပ်မြို့ကို ထပ်ကြဲတယ်..နေ့လည် ၁ နာရီခွဲဝန်းကျင်က..သူတို့က ကြဲလို့ရလို့ကြဲတယ်။ငါတို့လည်း လုပ်စရာရှိတာဆက်လုပ်မယ်”ဟု အသိပေးထားသည်။

ထို့ပြင် ကရင်အမျိုးသားအစည်းအရုံး(KNU) ဒူးပလာယာခရိုင်ကလည်း စစ်ကောင်စီ၏ လက်နက်ကြီး တိုက်ခိုက်မှုကြောင့် ပြည်သူသေဆုံးမှု အခြေအနေကို အသိပေးထားသည်။

ထို့အပြင် ကရင်အမျိုးသားအစည်းအရုံး(KNU) ဒူးပလာယာခရိုင်ကလည်း စစ်ကောင်စီ၏ လက်နက်ကြီး တိုက်ခိုက်မှုကြောင့် ပြည်သူသေဆုံးမှု အခြေအနေကို အသိပေးထားသည်။

ဧပြီ ၁ရက် ညနေပိုင်းတွင် KNUထိန်းချုပ်နယ်မြေ ကျုံဒိုးမြို့နယ်၊ မြောက်ကြာအင်းအုပ်စု၊ ဝိဇ္ဇာကုန်း ကျေးရွာအတွင်းသို့ တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ စစ်ကောင်စီက လက်နက်ကြီး ၅လုံး ပစ်ခတ်ခဲ့ရာ အသက် ၅၇နှစ်အရွယ် အမျိုးသမီးတစ်ဦး နှလုံးဖောက်ကာ နောက်ပြန်လဲ၍ အုပ်ခုံနှင့်ထိမိသည့် နှောက်စေ့ဒဏ်ရာဖြင့် သေဆုံးသွားခဲ့ဟု အသိပေးသည်။

အာဏာသိမ်းစစ်ကောင်စီတပ်သည် တစ်နိုင်ငံလုံးတွင်ရှိသော ပြည်သူလူထုများမှ စစ်ဘေးစစ်ဒဏ်များကြောင့် သော်လည်းကောင်း၊ သဘာဝဘေးဒဏ်များကြောင့် သော်လည်းကောင်း အသက်အိုးအိမ် ပစ္စည်းများ ဆုံးရှုံးခဲ့ရပြီး ဒုက္ခရောက်နေချိန်တွင် လူသားခြင်း စာနာထောက်ထားမှု မရှိပဲ စစ်ရေးပစ်မှတ်မဟုတ်သည့် ဘာသာရေးအဆောက်အဦးများ၊ ပြည်သူ့ဆေးရုံဆေးခန်းများ၊ စာသင်ကျောင်းများနှင့် အပြစ်မဲ့ အရပ်သားပြည်သူနေထိုင်သည့်နေရာများအားပစ်မှတ်ထားကာ ရည်ရွယ်ချက်ရှိရှိဖြင့် ပစ်ခတ်တိုက်ခိုက်လျှက် ရှိနေကြောင်း KNU ဒူးပလာယာခရိုင်က သတင်းထုတ်ပြန်သည်။

ဆက်စပ်သတင်းများ

သတင်း

ကော်သူးလေအဆင့်မြင့်ပညာရေးကောင်စီကို အဆင့်မြင့်ပညာရေးအဖွဲ့အစည်းများ၊ အဆင့်မြင့်ပညာရေးဗျူရို ခေါင်းဆောင်များနဲ့ လွတ်လပ်သော ပညာရှင်များ ကိုယ်စားပြုတဲ့ အဖွဲ့ဝင် ၂၁ဦးနဲ့ ဖွဲ့စည်းလိုက်ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)က စက်တင်ဘာ ၂၁ရက်မှာ ထုတ်ပြန်ကြေညာပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မူတြော်(ဖာပွန်)ခရိုင် တပ်မဟာ(၅)နယ်မြေ စက်တင်ဘာလဝက် တိုက်ပွဲတွေအတွင်း စစ်တပ်က အရာရှိအပါအဝင် သေဆုံးသူ ၂၂ဦး ရှိကြောင်း KNU မူတြော်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်( မူတြော်)၊ နို့ခဲထရွာမှာ မနေ့ ( စက်တင်ဘာလ ၁၆ ရက်) က KNU တပ်မဟာ (၅) နဲ့ အာဏာသိမ်းစစ်တပ်တို့ကြား တိုက်ပွဲဖြစ်ရာမှာ လက်နက်အချို့သိမ်းဆည်းရမိတယ်လို့ တပ်မဟာ (၅) ပြောရေးဆိုခွင့်ရှိသူ ပဒိုစောထိုရော်ဘင်က ပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၅)နယ်မြေ ဖာပွန်ခရိုင် တိုက်ပွဲမှာ စစ်ကောင်စီတပ်ထံက လက်နက်ငယ် ၃လက်သိမ်းရခဲ့ကြောင်း KNU တပ်မဟာ(၅) မူတြော်(ဖာပွန်)ခရိုင်က သတင်းထုတ်ပြန်ပါတယ်။