Connect with us

Hi, what are you looking for?

သတင်း

မင်းတပ်မြို့ စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှု ကလေးငယ်များအပါအဝင် ပြည်သူ ၆ ဦး သေဆုံး

ချင်းပြည်နယ်၊ မင်းတပ်မြို့ကို စစ်ကောင်စီက ဧပြီ ၉ရက်ညပိုင်းတွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကလေးငယ်များအပါအဝင် ပြည်သူ ၆ဦးသေဆုံးပြီး ၈ဦးဒဏ်ရာရရှိခဲ့ကြောင်း ဒေသသတင်းရင်းမြစ်က ပြောသည်။

မင်းတပ်မြို့ တနေရာကို စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုအပြီး အပျက်အစီးများ။ ဓာတ်ပုံ - Salai Her Ling/FB

ဧပြီ ၁၀၊၂၀၂၅။ ဟန်နွေ/People’s Spring

ချင်းပြည်နယ်၊ မင်းတပ်မြို့ကို စစ်ကောင်စီက ဧပြီ ၉ ရက်ညပိုင်းတွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကလေးငယ်များအပါအဝင် ပြည်သူ ၆ ဦးသေဆုံးပြီး ၈ဦးဒဏ်ရာရရှိခဲ့ကြောင်း ဒေသသတင်းရင်းမြစ်က ပြောသည်။

ယမန်နေ့ည ၉နာရီခန့်တွင် မင်းတပ်မြို့ တိုက်နယ်(၄) တနေရာကို ၁၅ မိနစ်ခန့် ခြား၍ လေကြောင်း တိုက်ခိုက်မှု ၂ကြိမ် ပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

” ၆ဦး သေဆုံး၊ ထိခိုက် ၈ဦး၊ နေအိမ်တွေပျက်စီး” ဟု ဒေသခံသတင်းရင်းမြစ်က ပြောသည်။

Public Service Announcement

Public Service Announcement

အခြား မင်းတပ်ဒေသခံတစ်ဦးကလည်း စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်မှုအခြေအနေကို ဓာတ်ပုံမှတ်တမ်းများနှင့်အတူ လူမှုကွန်ရက်၌ ဖော်ပြအသိပေးထားသည်။

လေကြောင်း တိုက်ခိုက်ခံရမှုအတွင်း ရှစ်လသားအရွယ် ကလေးငယ်နှင့် ၇နှစ်သားအရွယ် ကလေးငယ် တစ်ဦး၊ သက်ကြီးရွယ်အို ၂ဦး၊ မသန်စွမ်း တစ်ဦး၊ ခရစ္စယာန်ဘာသာရေးဆရာ တစ်ဦး စုစုပေါင်း ၆ဦး သေဆုံးပြီး သက်ကြီးရွယ်အိုနှင့် ကလေးငယ်များ ၉ဦး ဒဏ်ရာရခဲ့သည်ဟု မင်းတပ်ဒေသခံက အသိပေးထားသည်။

လေကြောင်း တိုက်ခိုက်ခံရ၍ ဘုရားကျောင်းနှင့် နေအိမ်များ ပျက်စီးခဲ့သည်ဟုလည်း ဖော်ပြထားသည်။

မင်းတပ်မြို့ကို ချင်းညီနောင်က ၂၀၂၄ ဒီဇင်ဘာ ၂၁ရက်တွင် အပြီးသတ်သိမ်းပိုက်ထားခြင်းဖြစ်ပြီး တိုက်ပွဲမရှိတော့ချိန်၌ စစ်ကောင်စီက လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုများ ဆက်လက် ပြုလုပ်နေခြင်းဖြစ်သည်။

ချင်းညီနောင်က ဧပြီ ၉ရက်တွင် ဖလမ်းမြို့နယ်ကို စစ်ကောင်စီ ကင်းစင်နယ်မြေအဖြစ် ဖော်ဆောင်နိုင်ပြီဖြစ်ကြောင်း ကြေညာပြီးနောက် စစ်ကောင်စီက မင်းတပ်အပါအဝင်ချင်းညီနောင် ထိန်းချုပ်နယ်မြေအချို့ကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှု ထပ်မံလုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီသည် ငလျင်ဘေးကြောင့် ဧပြီ၂ရက် မှ ၂၂ရက်ထိ ယာယီအပစ်ရပ်စဲကြောင်း ကြေညာထားသော်လည်း လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုများကို နိုင်ငံအနှံ့တွင် ဆက်တိုက်ပြုလုပ် နေသည်။

ဆက်စပ်သတင်းများ

သတင်း

တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ချင်းပြည်နယ်တောင်ပိုင်းက မင်းတပ်နဲ့ ကန်ပက်လက်မြို့နယ်တွေကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်လျက်ရှိပါတယ်။

သတင်း

ချင်းပြည်နယ်၊ မင်းတပ်မြို့က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲ ဖျက်ဆီးနေကြောင်း ဒေသခံ သတင်းရင်းမြစ်က အသိပေးပါတယ်။

သတင်း

ချင်းပြည်နယ်၊ မင်းတပ်မြို့ကို ကာကွယ်နေကြတဲ့ ရဲဘော်တွေကို အဖက်ဖက်မှ ကူညီပံ့ပိုးပေးဖို့ လိုအပ်နေကြောင်း ကြားကာလမင်းတပ် မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က အသိပေးလိုက်ပြီး မင်းတပ်မြို့နယ်အတွက် ကူညီပံ့ပိုးလိုပါက ဆက်သွယ်နိုင်ကြောင်း ကြားကာလမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။

သတင်း

ချင်းပြည်နယ်၊ မင်းတပ်မြို့ ပြန်ထိန်းချုပ်ဖို့ အာဏာသိမ်းစစ်တပ်က ထိုးစစ်ဆင်နေရာ ချင်းတော်လှန်ရေးပူးပေါင်းတပ်နဲ့ စစ်တပ်အကြား ယနေ့ ဇွန်လ ၁၀ရက် မနက်အထိ တိုက်ပွဲတွေ ပြင်းထန်နေကြောင်း ဒေသခံသတင်းရင်းမြစ်က ပြောပါတယ်။