စက်တင်ဘာ ၂၄၊၂၀၂၆။သုည/People’s Spring
မလေးရှားနိုင်ငံရောက် မြန်မာတိုင်းရင်းသားညွန့်ပေါင်းအဖွဲ့ COBEM နဲ့ NGO အဖွဲ့တွေ၊ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူတွေ ပူးပေါင်းပြီး မြန်မာဒုက္ခသည်တွေကို နေရပ်ပြန်ပို့မယ့်အစီအစဉ်နဲ့ မလေးရှားဝန်ကြီးချုပ်က အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဖိတ်ခေါ်တွေ့ဆုံမယ့် အစီအစဉ်တွေကို ဒီကနေ့ (စက်တင်ဘာ ၂၄) ကန့်ကွက်ဆန္ဒပြခဲ့ကြပါတယ်။
ယင်းဆန္ဒပြပွဲကို မလေးရှားနိုင်ငံ Putrajaya မြို့မှာရှိတဲ့ နိုင်ငံတော်လုံခြုံရေးကောင်စီနဲ့ ပြည်ထဲရေးဝန်ကြီးဌာနရုံးရှေ့မှာ ငြိမ်းချမ်းစွာ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။
ဆန္ဒပြသူတွေက လုံခြုံမှုမရှိသေးတဲ့ မြန်မာနိုင်ငံကို ဒုက္ခသည်တွေ ပြန်ပို့မယ့်အစီအစဉ်ကို ရပ်တန့်ပေးဖို့၊ ဒုက္ခသည်တွေရဲ့ လုံခြုံရေးနဲ့ လူ့အခွင့်အရေးတွေကို အကာအကွယ်ပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။

Public Service Announcement
ဒါ့အပြင် မလေးရှားဝန်ကြီးချုပ် Anwar Ibrahim က မင်းအောင်လှိုင်ကို ဖိတ်ခေါ်တွေ့ဆုံမယ့်အစီအစဉ်ကိုလည်း ကန့်ကွက်ကြောင်း ဆန္ဒထုတ်ဖော်ပြသခဲ့ပါတယ်။
Suhakam၊ UNHCR၊ လူထုအခြေပြုအဖွဲ့တွေ၊ အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ အစိုးရတာဝန်ရှိသူတွေ ပါဝင်တဲ့ အစည်းအဝေးတစ်ရပ် ပြုလုပ်ပြီး သဘောတူညီချက်ရတဲ့အထိ ဒုက္ခသည်ပြန်ပို့ရေးအစီအစဉ်ကို ဆိုင်းငံ့ထားဖို့ကိုလည်း မလေးရှားရောက် မြန်မာတွေက တောင်းဆိုခဲ့ကြပါတယ်။



















































