Connect with us

Hi, what are you looking for?

သတင်း

စစ်ကိုင်းငလျင်ကြီးကြောင့် ပြည်သူများဘေးသင့်နေချိန် စစ်ကောင်စီ လေကြောင်းနှင့် လက်နက်ကြီးတိုက်ခိုက်မှုကြောင့် ကလေးငယ်များအပါအဝင် ပြည်သူ ၇၀ကျော် သေဆုံး

အင်အားပြင်းငလျင်ကြောင့် ပြည်သူများဘေးသင့်နေချိန် စစ်ကောင်စီ၏ လေကြောင်းနှင့် လက်နက် ကြီးတိုက်ခိုက်မှုကြောင့် ကလေးငယ် ခြောက်ဦးအပါအဝင် အရပ်သားပြည်သူ ၇၀ကျော် အသက်ဆုံးရှုံးခဲ့ရကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ယနေ့(ဧပြီ ၉ ရက်)တွင် ထုတ်ပြန်သည်။

စစ်ကောင်စီက ဧပြီ ၁ရက်တွင် နောင်ချိုမြို့နယ်အား လေကြောင်းတိုက်ခိုက်မှုအပြီး ပျက်စီးမှုများ။ ဓာတ်ပုံ - TNLA

ဧပြီ ၉၊၂၀၂၅။ရဲခေါင်/People’s Spring

အင်အားပြင်းငလျင်ကြောင့် ပြည်သူများဘေးသင့်နေချိန် စစ်ကောင်စီ၏ လေကြောင်းနှင့် လက်နက် ကြီးတိုက်ခိုက်မှုကြောင့် ကလေးငယ် ခြောက်ဦးအပါအဝင် အရပ်သားပြည်သူ ၇၀ကျော် အသက်ဆုံးရှုံးခဲ့ရကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ယနေ့(ဧပြီ ၉ ရက်)တွင် ထုတ်ပြန်သည်။

မတ်လ ၂၈ရက်က စစ်ကိုင်းငလျင်ကြီးလှုပ်ခတ်အပြီး တစ်ပတ်အတွင်း စစ်ကောင်စီသည် လေကြောင်းနှင့် လက်နက်ကြီးဖြင့် တိုက်ခိုက်မှု (၉၂)ကြိမ် ပြုလုပ်ခဲ့ကြောင်း NUGက အသိပေးသည်။

ထိုသို့ တိုက်ခိုက်မှုများကြောင့် (၁၈)နှစ်အောက် ကလေးငယ်ခြောက်ဦး၊ အမျိုးသမီး ၃၀ အပါအဝင် အရပ်သားပြည်သူ (၇၂) ဦး အသက်ဆုံးရှုံးခဲ့ရသည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

ငလျင်ဘေးဒဏ်ကို အဆိုးဝါးဆုံးခံစားခဲ့ရသည့် စစ်ကိုင်းတိုင်းအတွင်း စစ်ကောင်စီ၏တိုက်ခိုက်မှု ၁၈ကြိမ်နှင့် မန္တလေးတိုင်းအတွင်းလည်း ၁၈ ကြိမ် တိုက်ခိုက်ခဲ့သည်ဟု ဖော်ပြသည်။

အဆိုပါ စာရင်းအချက်အလက်များသည် မတ်လ ၂၈ရက် နေ့လည် ၁ နာရီမှ ဧပြီ ၈ ရက် နေ့လည် ၂ နာရီအထိ NUG လူ့အခွင့်အရေးဆိုင်ရာ၀န်ကြီးဌာနက အတည်ပြုရရှိထားသောအချက်အလက်များ ဟု ဆိုသည်။

“ဒီကောင်တွေကို ဘယ်တုန်းက ယုံကြည်ခဲ့ရလို့လည်း ။အခုလိုကာလမှ မဟုတ်ဘူး။ အရင်တုန်းကတည်းက ယုတ်မာစွာနဲ့ အာဏာသိမ်းခဲ့တာပဲ။ ကျွန်တော်တို့ တော်လှန်လူထုအနေနဲ့ ကလည်း လုပ်စရာရှိတာ လုပ်ရမယ်”ဟု ငလျင်ဘေးသင့်ချိန်တွင် စစ်ကောင်စီ၏ ယာယီအပစ်ရပ်မည်ဆိုသည့်အပေါ် ရေးဘီလူးအဖွဲ့ခေါင်းဆောင်က လူထုနွေဦးသို့ ပြောသည်။

“ညောင်ရွှေမြို့နယ်တောင်ဘက်ခြမ်းကို နေ့စဥ်နဲ့အမျှ ဒရုန်း၊လက်နက်ကြီးနဲ့ စစ်ကောင်စီက ပိုမိုပစ်ခတ်လာတယ်”ဟု ငလျင်လှုပ်ခတ်မှုအပြီး စစ်ကောင်စီ၏ စစ်ရေးလှုပ်ရှားမှုကို အင်းလေး PDFမှ ကိုအင်းသွေးနီက ရှင်းပြသည်။

စစ်ကောင်စီ၏ တိုက်ခိုက်မှုနှင့် သေဆုံးထိခိုက်သည့် ပြည်သူအရေအတွက်မှာ ယခုထက်ပိုမိုများပြားနိုင်ပြီး ထပ်တိုးစာရင်းများ ရှိနိုင်သည်ဟုလည်း ဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်းစစ်တပ် လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ဇူလိုင် ၁၄ ရက် ၁ရက်တည်း ကလေးငယ် ၄ ဦး သေဆုံးပြီး ၇ ဦးထက်မနည်း ဒဏ်ရာရခဲ့ပါတယ်။

သတင်း

စစ်ကိုင်းငလျင်ကြီးလှုပ်ခတ်ချိန်ပြိုကျပျက်စီးပြီးလူ ၂၀၀ ကျော်ပိတ်မိသေဆုံးခဲ့တဲ့မန္တလေးမြို့ရှိ Sky Villa ကွန်ဒိုတည်ဆောက်သူ NTL ဆောက်လုပ်ရေးကုမ္ပဏီ ပိုင်ရှင်ဦးနိုင်ထွန်းလင်းကို ထောင်ဒဏ်ငါးနှစ်ချလိုက်တယ်လို့ တရားရုံးနဲ့နီးစပ်သူတွေဆီကသိရပါတယ်။

သတင်း

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို သမ္မတအမည်ခံတင်မြှောက်ပြီး ရက် ၁၀၀ စီမံကိန်း အပူတပြင်း ပုံဖော်နေပေမဲ့ စစ်တပ်ဟာ အရပ်သား ပြည်သူတွေကို ပစ်မှတ်ထားတဲ့ လေကြောင်း တိုက်ခိုက်မှုတွေ ဆက်လုပ်နေလို့ ကလေးငယ်တွေ အပါအဝင် ပြည်သူ ရာချီသေဆုံးထိခိုက်ခဲ့ရတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အရပ်သား ပြည်သူသေဆုံးထိခိုက်မှုတွေ ရှိနေကြောင်း ကန်ပက်လက်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ)က သတင်းထုတ်ပြန်ခဲ့ပြီး မြို့နယ်အတွင်း ပြည်သူတွေ အနေနဲ့ နေအိမ် တိုင်း ပုန်းခိုကျင်းတွေ တူးကြဖို့ နှိုးဆော် ထားပါတယ်။