Connect with us

Hi, what are you looking for?

သတင်း

ငလျင်ကြီးလှုပ်ပြီး ၆ ရက်အတွင်းစစ်​ကောင်စီက အနည်းဆုံး​ နေရာ​​ပေါင်း ၁၉ ​နေရာကိုဗုံးကြဲ

မြန်မာ့သမိုင်းတ​လျှောက် လူ​သေဆုံးပျက်စီးမှုအများဆုံး​မြေငလျင်ကြီး လှုပ်ခတ်ခဲ့ပြီး​နောက်ပိုင်းစစ်​ကောင်စီက မတ် ၂၈ ရက်မှ ပြီ ၂ ရက်​နေ့အထိ့ ​၆ ရက်အတွင်းနိုင်ငံတစ်ဝန်း ​နေရာ​ပေါင်း အနည်းဆုံး ၁၉ ​နေရာကိုဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။

ဧပြီ-၂၊၂၀၂၅။​နေ့သစ်/People’s Spring

မြန်မာ့သမိုင်းတ​လျှောက် လူ​သေဆုံးပျက်စီးမှုအများဆုံး​မြေငလျင်ကြီး လှုပ်ခတ်ခဲ့ပြီး​နောက်ပိုင်းစစ်​ကောင်စီက မတ် ၂၈ ရက်မှ ပြီ ၂ ရက်​နေ့အထိ့ ​၆ ရက်အတွင်းနိုင်ငံတစ်ဝန်း ​နေရာ​ပေါင်း အနည်းဆုံး ၁၉ ​နေရာကို ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။

ဒီအ​ရေအတွက်ဟာ People’s Spring အချက်အလက်ရရှိတဲ့ အ​ရေအတွက်သာဖြစ်ပြီး ဒီစာရင်းထဲမပါ​သေးတဲ့​ဗုံးကြဲခံရမှု​တွေ ရှိနိုင်​သေးလို့မြေပြင်မှာအခုထက်ပိုများနိုင်ပါတယ် ။စစ်အုပ်စုကငလျင်သင့်ဒေသ ၆ ခုကို အ​ရေး​ပေါ်အ​ခြေအ​နေလို့​ကြေညာခဲ့​ပေမယ့် ငလျင်ကြီးလှုပ်ပြီး နာရီပိုင်းအတွင်းမှာပဲ ငလျင်သင့်​ဒေသ​တွေကိုပါဗုံးကြဲခဲ့တာပါ။

ငလျင်ကြီးလှုပ်ပြီး စစ်တပ်ဗုံးကြဲတဲ့​ဒေသ​တွေထဲမှာ စစ်ကိုင်း ၊ရှမ်းပြည်နယ် ၊ မ​ကွေး ၊ကရင်နီပြည်၊ကရင် ၊ရခိုင် ၊ချင်း ၊ကချင် ၊ပခူး စတဲ့​ဒေသ​တွေပါတင်ပါတယ်။ အဆိုပါ​လေ​ကြောင်းတိုက်ခိုက်မှု​တွေ​ကြောင့် ပြည်သူ ၅၀ ခန့်​​သေဆုံးခဲ့ပါတယ်။စစ်​ကောင်စီက ဧပြီ ၂ ရက်ညမှာ ရက်​ပေါင်း ၂၀ ကြာအပစ်ရပ်တယ်လို့​ကြေညာခဲ့​ပေမယ့် ဗုံးကြဲတိုက်ခိုက်တာ ၊စစ်​ကြောင်းထိုးတိုက်ခိုက်မှု​တွေဆက်လက်ကျူးလွန်​နေဆဲဖြစ်တယ်လို့ ​တော်လှန်​ရေးအဖွဲ့​တွေက ​ပြောပါတယ်။

Public Service Announcement

Public Service Announcement

ငလျင်လှုပ်ပြီး​နောက်ပိုင်း စစ်​ကောင်စီကဗုံးကြဲတိုက်ခိုက်​ခဲ့တဲ့ဖြစ်ရပ်​တွေထဲမှာ People’s Spring အင်ဖိုဂရပ်​တွေထဲမှာ မပါ​သေးတဲ့ ဖြစ်ရပ်​တွေရှိရင်လည်း သတင်း​ပေးပို့နိုင်ပါတယ်။

ဆက်စပ်သတင်းများ

ဆောင်းပါး

၂၀၂၅ မတ် ၂၈ စစ်ကိုင်းငလျင်ကြီးက​ပေးတဲ့ ငလျင်သင်ခန်းစာသစ်

သတင်း

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့နယ်အရှေ့ဘက်ခြမ်း နောင်ပုလုကျေးရွာကို စစ်တပ်လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ် ၂ဦးအပါအ၀င် ၄ဦးသေဆုံးပြီး ၈ဦး ဒဏ်ရာရတယ်လို့ စုံစမ်းသိရပါတယ်။

သတင်း

နေပြည်တော်၊ဇမ္ဗူသီရိမြို့နယ်ကငလျင်ဘေးသင့်ပြည်သူတွေရဲ့ယာယီတည်းခိုရေးစခန်းမှာ တောကြီးမြွေဟောက်တွေ့တာကြောင့် သွားရောက်ဖမ်းဆီးပေးခဲ့ရတယ်လို့ မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

သတင်း

ရန်ကုန်မြို့မှာ ဒီနေ့ ည ၁၁နာရီကျော်မှာငလျင်လှုပ်ခဲ့ပါတယ်။