သတင်း မတူပီ၌ တိုက်ပွဲ ၂ရက်ဆက်ဖြစ်ပြီး စစ်ကောင်စီတပ် ၇ဦးသေဟု CDF အသိပေး စစ်ကောင်စီတပ်သည် ဇွန်လ ၂၈ရက်တွင် လိုင်လင်းပီမြို့မှ ထွက်ခွာလာခြင်းဖြစ်သည်။ တိုက်ပွဲအနီးရှိ ကျေးရွာအချို့မှ ပြည်သူလူထု နေအိမ်အချို့ကိုလည်း စစ်ကောင်စီတပ်က မီးရှို့ခဲ့သည်ဟု မတူပီ CDFက ထုတ်ပြန်ထားသည်။ LuduNwayOoဇူလိုင် 7, 2022
သတင်း အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်မှ စစ်ကောင်စီ၏တပ်ကြပ်တစ်ဦးကို ဖမ်းဆီးရမိဟု MC-KC PDF အသိပေး အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က ချမှတ်ထားသောစစ်သုံ့ပန်း ဥပဒေနှင့်အညီဖမ်းမိခဲ့သည့် စစ်ကောင်စီတပ်သားကို ထိန်းသိမ်းသွားမည်ဟုလည်း ၎င်းက ဆိုသည်။ LuduNwayOoဇူလိုင် 7, 2022
သတင်း တပ်ရင်း ၁၁ရင်းမြောက်အဖြစ် တပ်ရင်း(K)အား တိုးချဲ့ဖွဲ့စည်းကြောင်း ဒီးမော့ဆို PDF အသိပေး "ကျွန်တော်တို့ပထမ ဖွဲ့စည်းထားတဲ့ တပ်ရင်း ၁၀ခုမှာ မပါဝင်လိုက်ရသေးတဲ့ လူငယ်တွေနဲ့ စစ် ကောင်စီကိုတွန်လှန်ဖို့ ကြိုးပမ်းနေတဲ့ဒေသခံတွေ အများစုအတွက် တပ်ရင်း တစ်ရင်း ထပ်မံ ဖွဲ့စည်းခဲ့တာဖြစ်တယ်"ဟု ၎င်းက People' Springသို့ ပြောသည်။ LuduNwayOoဇူလိုင် 7, 2022
သတင်း မတူပီ – လိုင်လင်းပီလမ်းတိုက်ပွဲ စစ်ကောင်စီတပ် သုံးဦးသေဟု CDF အသိပေး မတူပီ CDF အနေဖြင့် ဇွန်လ ၁၁ရက်ကလည်း မတူပီ -ပလက်၀ လမ်းရှိ စစ်ကောင်စီ၏ ခလရ(၃၀၄)တပ်ရင်းဂိတ်ကို အလစ်ဝင်ရောက်တိုက်ခိုက်ခဲ့သည်။ LuduNwayOoဇူလိုင် 6, 2022
သတင်း စစ်ကောင်စီခန့်ထားသည့် အုပ်ချုပ်ရေးမှူးများနှင့် ကျေးရွာလူကြီးများနှုတ်ထွက်ရမည်ဟု KNU ဆောထိ(ရွှေကျင်)မြို့နယ် အသိပေး ညွှန်ကြားချက်များကို ဖောက်ဖျက်ကျူးလွန်ပါက KNUက ချမှတ်ထားသည့် စည်းမျဉ်းဥပဒေနှင့်အညီထိရောက်စွာ အရေးယူမည်ဖြစ်ကြောင်းလည်း ဖော်ပြထားသည်။ LuduNwayOoဇူလိုင် 4, 2022
သတင်း ယခုစာသင်နှစ်မှစပြီး မိခင်ဘာသာစကားနှင့် ဘာသာစကားစုံပညာရေးစနစ်ကျင့်သုံးရန် ကရင်နီပြည်အစိုးရ အသိပေး ယင်းကြောင့် ဖက်ဒရယ်ဒီမိုကရေစီစနစ်နှင့်လိုက်လျောညီထွေမှုမရှိသော သင်ရိုးများကို ချန်လှပ်ထားပြီးသမိုင်းနှင့် လူမှုရေးဘာသာရပ်များကို ပြန်သုံးသပ်ကာပြင်ဆင်သင့်သည်များနှင့် ဖြည့်စွက်သင့်သည်များကို ပြင်ဆင်ဖြည့်စွက်သွားမည်ဟုဆိုသည်။ LuduNwayOoဇူလိုင် 3, 2022
သတင်း ဖာပွန်ခရိုင်တွင် ဇွန်လအတွင်း စစ်ကောင်စီတပ်မှ ဗိုလ်တစ်ဦးအပါအဝင် ၉၀ကျော်သေဟု KNU တပ်မဟာ(၅) အသိပေး တိုက်ပွဲများအတွင်း KNLAဘက်မှ တစ်ဦးကျဆုံးပြီး ခြောက်ဦး ဒဏ်ရာရရှိခဲ့သည်ဟု ဆိုသည်။ ထို့ပြင် စစ်ကောင်စီတပ်၏ လက်နက်ကြီးကျည်ထိမှန်၍ အရပ်သား သုံးဦး ဒဏ်ရာရခဲ့ကြောင်း ဖော်ပြထားသည်။ LuduNwayOoဇူလိုင် 2, 2022
သတင်း တောင်ကြီးမြို့ အေးသာယာဆိုင်းဘုတ်အနီး စစ်တပ်ယာဥ်တန်း တိုက်ခိုက်ရန်ပြင်ဆင်ခဲ့သော်လည်း မအောင်မြင်ခဲ့ဟု SYM(UGPDF)အသိပေး နောက်နောင် ယခုကဲ့သို့ ထပ်မဖြစ်အောင်နှင့် အမှားနည်းအောင် အတတ်နိုင်ဆုံးကြိုးစားသွားမည်ဖြစ်ပြီး ထို့ကြောင့် ပြည်သူများအနေဖြင့်လည်း မည်သည့် UG အဖွဲ့အစည်းကိုမဆို တတ်နိုင်သည့်ဘက်မှ ကူညီပေးကြရန် မေတ္တာရပ်ခံထားသည်။ LuduNwayOoဇွန် 30, 2022
သတင်း ပင်းတယ-ရွာငံ ဖြတ်လမ်း(တောင်ပေါ်ကြီး)အား ရက်အကန့်အသတ်မရှိ ပိတ်လိုက်ကြောင်း JPGF အသိပေး ယနေ့နံနက်ပိုင်းကလည်း ပင်းတယ- ရပ်စောက်လမ်းမှ ပင်းတယမြို့အထွက် မြောက်ကျောင်းကြီးရဲကင်းစခန်းကို ပြည်သူ့ကာကွယ်ရေးအဖွဲ့တစ်ဖွဲဲ့ကတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးသေဆုံးခဲ့သည်။ ယင်းတိုက်ခိုက်မှုကို ချိုးဖြူပြောက်ကျားတပ်ဖွဲ့က ပြုလုပ်ခြင်းဟု သတင်းများထွက်ပေါ်နေသည်။ LuduNwayOoဇွန် 29, 2022
သတင်း မန္တလေးအခြေစိုက် DRMပြောက်ကျားတပ်ဖွဲ့ဝင်အချို့ ဖမ်းဆီးခံရဟု အသိပေး ထို့ကြောင့် ကျန်ခဲ့သည့် ရဲဘော်များမှာလည်း လုံခြုံရေးအရတိမ်းရှောင်နေရသဖြင့် Missionများအား ခတ္တရပ်နားခြင်းကို ညှိုးငယ်စွာ အသိပေးအပ်ပါသည်ဟု DRMက ဆိုသည်။ LuduNwayOoဇွန် 28, 2022