Connect with us

Hi, what are you looking for?

သတင်း

ဖာပွန်ခရိုင်တွင် ဇွန်လအတွင်း စစ်ကောင်စီတပ်မှ ဗိုလ်တစ်ဦးအပါအဝင် ၉၀ကျော်သေဟု KNU တပ်မဟာ(၅) အသိပေး

တိုက်ပွဲများအတွင်း KNLAဘက်မှ တစ်ဦးကျဆုံးပြီး ​ခြောက်ဦး ဒဏ်ရာရရှိခဲ့သည်ဟု ဆိုသည်။ ထို့ပြင် စစ်ကောင်စီတပ်၏ လက်နက်ကြီးကျည်ထိမှန်၍ အရပ်သား သုံးဦး ဒဏ်ရာရခဲ့ကြောင်း ဖော်ပြထားသည်။

ဓာတ်ပုံ - KNU
ဓာတ်ပုံ - KNU

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၅) နယ်မြေ တွင် ဇွန်လအတွင်း တိုက်ပွဲ ၂၀၀ ကျော်ဖြစ်ခဲ့ပြီး စစ်ကောင်စီနှင့် ၎င်း၏လက်ပါးစေ နယ်ခြားစောင့်တပ်မှ ၉၄ဦး သေဆုံးခဲ့ကြောင်း တပ်မဟာ(၅)က သတင်းထုတ် ပြန်သည်။

ဇွန်လ ၁ရက်မှ ၃၀ရက်အတွင်းဖြစ်ပွားခဲ့သည့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၅)နှင့် စစ်ကောင်စီတပ်၊ BGF တို့အကြား တိုက်ပွဲအခြေအနေကို ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

တိုက်ပွဲပေါင်း ၂၂၃ကြိမ်ဖြစ်ခဲ့ရာ စစ်ကောင်စီနှင့် BGF ဘက်မှ ဗိုလ်တစ်ဦး အပါအဝင် ၉၄ဦး သေဆုံးပြီးဗိုလ်ကြီးအပါအဝင် ၅၅ဦးဒဏ်ရာရရှိခဲ့ကြောင်း၊ အကြမ်းဖက်စစ်ကောင်စီ၏ ထောက်ပံ့ပို့ဆောင်ရေးလုပ်ငန်းများအတွက်အသုံးပြုနေသည့် ထောက်ပို့မြင်းလား(၁၃)ကောင်အား ပစ်သတ်ချေမှုန်းနိုင်ခဲ့ကာ (၁၀)ကောင် ဒဏ်ရာရခဲ့ကြောင်း ဖော်ပြထားသည်။ ထို့ပြင် ထောက်ပို့ မော်တော်ယာဉ်တစ်စီးကိုလည်း ဖျက်ဆီးနိုင်ခဲ့သည်ဟု ဆိုသည်။

တိုက်ပွဲများအတွင်း KNLAဘက်မှ တစ်ဦးကျဆုံးပြီး ​ခြောက်ဦး ဒဏ်ရာရရှိခဲ့သည်ဟု ဆိုသည်။ ထို့ပြင် စစ်ကောင်စီတပ်၏ လက်နက်ကြီးကျည်ထိမှန်၍ အရပ်သား သုံးဦး ဒဏ်ရာရခဲ့ကြောင်း ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ကော်သူးလေအဆင့်မြင့်ပညာရေးကောင်စီကို အဆင့်မြင့်ပညာရေးအဖွဲ့အစည်းများ၊ အဆင့်မြင့်ပညာရေးဗျူရို ခေါင်းဆောင်များနဲ့ လွတ်လပ်သော ပညာရှင်များ ကိုယ်စားပြုတဲ့ အဖွဲ့ဝင် ၂၁ဦးနဲ့ ဖွဲ့စည်းလိုက်ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)က စက်တင်ဘာ ၂၁ရက်မှာ ထုတ်ပြန်ကြေညာပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မူတြော်(ဖာပွန်)ခရိုင် တပ်မဟာ(၅)နယ်မြေ စက်တင်ဘာလဝက် တိုက်ပွဲတွေအတွင်း စစ်တပ်က အရာရှိအပါအဝင် သေဆုံးသူ ၂၂ဦး ရှိကြောင်း KNU မူတြော်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်( မူတြော်)၊ နို့ခဲထရွာမှာ မနေ့ ( စက်တင်ဘာလ ၁၆ ရက်) က KNU တပ်မဟာ (၅) နဲ့ အာဏာသိမ်းစစ်တပ်တို့ကြား တိုက်ပွဲဖြစ်ရာမှာ လက်နက်အချို့သိမ်းဆည်းရမိတယ်လို့ တပ်မဟာ (၅) ပြောရေးဆိုခွင့်ရှိသူ ပဒိုစောထိုရော်ဘင်က ပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၅)နယ်မြေ ဖာပွန်ခရိုင် တိုက်ပွဲမှာ စစ်ကောင်စီတပ်ထံက လက်နက်ငယ် ၃လက်သိမ်းရခဲ့ကြောင်း KNU တပ်မဟာ(၅) မူတြော်(ဖာပွန်)ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

Facebook