Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီခန့်ထားသည့် အုပ်ချုပ်ရေးမှူးများနှင့် ကျေးရွာလူကြီးများနှုတ်ထွက်ရမည်ဟု KNU ဆောထိ(ရွှေကျင်)မြို့နယ် အသိပေး

ညွှန်ကြားချက်များကို ဖောက်ဖျက်ကျူးလွန်ပါက KNUက ချမှတ်ထားသည့် စည်းမျဉ်းဥပဒေနှင့်အညီထိရောက်စွာ အရေးယူမည်ဖြစ်ကြောင်းလည်း ဖော်ပြထားသည်။

KNU ဆောထိ(ရွှေကျင်)မြို့နယ်
KNU ဆောထိ(ရွှေကျင်)မြို့နယ်

ကရင်အမျိုးသားအစည်းအရုံး(KNU) ညောင်လေးပင်ခရိုင် ဆောထိ(ရွှေကျင်)မြို့နယ် အတွင်းရှိ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးများနှင့် ကျေးရွာလူကြီးများအားလုံး တာဝန်မှနှုတ်ထွက်ရမည်ဖြစ်ကြောင်း KNU ဆောထိမြို့နယ်က ထုတ်ပြန်ခဲ့သည်။

ဇွန်လ ၂၉ရက်ကထုတ်ပြန်သည့် KNU ဆောထိမြို့နယ်ရှိ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ကျေးရွာနေပြည်သူများအား အသိပေးညွှန်ကြားစာကို KNU ဗဟိုသတင်းနှင့် ပြန်ကြားရေးဌာနက ယနေ့ ဖော်ပြခဲ့ခြင်းဖြစ်သည်။

KNU ဆောထိ(ရွှေကျင်)မြို့နယ်
KNU ဆောထိ(ရွှေကျင်)မြို့နယ်

ဆောထိမြို့နယ် စီမံအုပ်ချုပ်မှုနယ်မြေအတွင်းဆောင်ရွက်လိုသည့် မည်သည့်ကိစ္စကိုမဆို သက်ဆိုင်ရာမြို့နယ်ခွင့်ပြုချက်ကိုရယူပြီး သက်ဆိုင်ရာမှသတ်မှတ်ထားသည့် စည်းမျဉ်းစည်းကမ်းနှင့်အညီ လိုက်နာဆောင်ရွက်ရမည်ဟုလည်း အသိပေးစာ၌ ပါရှိသည်။

ပညာရေး၊ ကျန်းမာရေး လူမှုရေးဆိုင်ရာကိစ္စများနှင့် စီးပွားရေး ဒေသဖွံ့ဖြိုးရေးဆိုင်ရာလုပ်ငန်းများဆောင်ရွက်လုပ်ကိုင်လိုပါက KNU ဆောထိမြို့နယ်သို့ တရားဝင်တင်ပြတောင်းခံပြီး ခွင့်ပြုချက်ရမှသာ လုပ်ကိုင်ဆောင်ရွက်ရမည်ဟု အသိပေးထားသည်။

Public Service Announcement

Public Service Announcement

ဒေသခံပြည်သူလူထုများသည် မိမိတို့ပိုင်ဆိုင်မှုမှန်သမျှကို တရားဝင်အသိအမှတ်ပြုနိုင်ရန် အတွက် KNU ဆောထိမြို့နယ်ရုံး၌ တရားဝင်စာရင်းသွင်း မှတ်ပုံတင်ရမည်ဖြစ်ကြောင်း ဖော်ပြသည်။

ဒေသခံပြည်သူများအနေဖြင့် KNU စောထိမြို့နယ်၏ စီမံအုပ်ချုပ်မှု နယ်မြေအတွင်းရှိ မြေယာ၊ သစ်တော၊ ရေလုပ်ငန်းနှင့် သဘာ၀သယံဇာတ များအား ဆောင်ရွက်လုပ်ကိုင်လိုလျင် ဆောထိမြို့နယ်နှင့် သက်ဆိုင်ရာဌာနများ၏ သတ်မှတ်ထားသော လုပ်ထုံးလုပ်နည်းနှင့်အညီဝင်ရောက်လုပ်ကိုင်ဆောင်ရွက်ရမည်ဖြစ်ကြောင်းစာတွင် ပါရှိသည်။

ဆောထီမြို့နယ်အတွင်း မူးယစ်ဆေးဝါးနှင့် လောင်းကစားများ လုံး၀မပြုလုပ်ရန်လည်း အသိပေးထားသည်။

ညွှန်ကြားချက်များကို ဖောက်ဖျက်ကျူးလွန်ပါက KNUက ချမှတ်ထားသည့် စည်းမျဉ်းဥပဒေနှင့်အညီထိရောက်စွာ အရေးယူမည်ဖြစ်ကြောင်းလည်း ဖော်ပြထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကော်သူးလေအဆင့်မြင့်ပညာရေးကောင်စီကို အဆင့်မြင့်ပညာရေးအဖွဲ့အစည်းများ၊ အဆင့်မြင့်ပညာရေးဗျူရို ခေါင်းဆောင်များနဲ့ လွတ်လပ်သော ပညာရှင်များ ကိုယ်စားပြုတဲ့ အဖွဲ့ဝင် ၂၁ဦးနဲ့ ဖွဲ့စည်းလိုက်ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)က စက်တင်ဘာ ၂၁ရက်မှာ ထုတ်ပြန်ကြေညာပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မူတြော်(ဖာပွန်)ခရိုင် တပ်မဟာ(၅)နယ်မြေ စက်တင်ဘာလဝက် တိုက်ပွဲတွေအတွင်း စစ်တပ်က အရာရှိအပါအဝင် သေဆုံးသူ ၂၂ဦး ရှိကြောင်း KNU မူတြော်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်( မူတြော်)၊ နို့ခဲထရွာမှာ မနေ့ ( စက်တင်ဘာလ ၁၆ ရက်) က KNU တပ်မဟာ (၅) နဲ့ အာဏာသိမ်းစစ်တပ်တို့ကြား တိုက်ပွဲဖြစ်ရာမှာ လက်နက်အချို့သိမ်းဆည်းရမိတယ်လို့ တပ်မဟာ (၅) ပြောရေးဆိုခွင့်ရှိသူ ပဒိုစောထိုရော်ဘင်က ပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၅)နယ်မြေ ဖာပွန်ခရိုင် တိုက်ပွဲမှာ စစ်ကောင်စီတပ်ထံက လက်နက်ငယ် ၃လက်သိမ်းရခဲ့ကြောင်း KNU တပ်မဟာ(၅) မူတြော်(ဖာပွန်)ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

Facebook