Connect with us

Hi, what are you looking for?

သတင်း

မတူပီ၌ တိုက်ပွဲ ၂ရက်ဆက်ဖြစ်ပြီး စစ်ကောင်စီတပ် ၇ဦးသေဟု CDF အသိပေး

စစ်ကောင်စီတပ်သည် ဇွန်လ ၂၈ရက်တွင် လိုင်လင်းပီမြို့မှ ထွက်ခွာလာခြင်းဖြစ်သည်။ တိုက်ပွဲအနီးရှိ ကျေးရွာအချို့မှ ပြည်သူလူထု နေအိမ်အချို့ကိုလည်း စစ်ကောင်စီတပ်က မီးရှို့ခဲ့သည်ဟု မတူပီ CDFက ထုတ်ပြန်ထားသည်။

မတူပီ CDF
မတူပီ CDF

ချင်းပြည်နယ် မတူပီမြို့နယ်တွင် ချင်းဒေသကာကွယ်ရေးတပ်(CDF)ပါဝင်သည့် ပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ် ယနေ့မနက်က တိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်မ သေဆုံးထိခိုက်ပြီး ဒဏ်ရာရသူများလည်းရှိခဲ့သည်ဟု မတူပီ CDFက ထုတ်ပြန်သည်။

မတူပီမြို့နယ် လိုင်လင်းပီမြို့မှ မတူပီသို့ ခြေလျင် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို မတူပီ CDFသည် ယမန်နေ့က ၂ကြိမ်တိုက်ခိုက်ခဲ့ရာ စစ်ကောင် စီတပ်ဖွဲ့ဝင် ၅ဦးသေဆုံးပြီး အများအပြား ဒဏ်ရာရခဲ့သည်ဟု ဆိုသည်။

Public Service Announcement
Public Service Announcement

ယနေ့ (ဇူလိုင် ၇ရက်) နံနက် ၆နာရီခန့်တွင် မတူပီမြို့နယ် အမ်မိလိုင်း ရွာ ၌ စစ်ကောင်စီတပ်ကို ချင်းအမျိုးသားတပ်မတော်(CNA) ၊ မတူပီ CDF၊ CDF-Zotung ပူးပေါင်းတပ်များက တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ၂ဦးသေဆုံးပြီး ၆ဦးထက်မနည်း ဒဏ်ရာရခဲ့သည်ဟု ဖော်ပြထားသည်။

အဆိုပါ တိုက်ပွဲအတွင်း ပူးပေါင်းတပ်ဖွဲ့မှ ထိခိုက်ဒဏ်ရာရသူမရှိကြောင်း မတူပီ CDFက အသိပေးထားသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်သည် ဇွန်လ ၂၈ရက်တွင် လိုင်လင်းပီမြို့မှ ထွက်ခွာလာခြင်းဖြစ်သည်။ တိုက်ပွဲအနီးရှိ ကျေးရွာအချို့မှ ပြည်သူလူထု နေအိမ်အချို့ကိုလည်း စစ်ကောင်စီတပ်က မီးရှို့ခဲ့သည်ဟု မတူပီ CDFက ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ် ဗန်းမော်မြို့နယ်မှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး စက်တင်ဘာ ၂၇ရက် မနက်ပိုင်းတိုက်ပွဲမှာ စစ်တပ်အထိနာကာ သေဆုံးထိခိုက်ရှိခဲ့ကြောင်း ကချင် သတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

ချင်းပြည်နယ်၊တွန်းဇံမြို့နယ်ထဲက စစ်တပ်လက်အောက်ခံ ဇိုမီးတပ် ZRA-EC ရဲ့ နတ်ဇံကင်းစခန်းကို တိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်းချင်းဒေသကာကွယ်ရေးတပ်(CDF)-တွန်းဇံကသတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

Facebook