Connect with us

Hi, what are you looking for?

သတင်း

ပင်းတယ-ရွာငံ ဖြတ်လမ်း(တောင်ပေါ်ကြီး)အား ရက်အကန့်အသတ်မရှိ ပိတ်လိုက်ကြောင်း JPGF အသိပေး

ယနေ့နံနက်ပိုင်းကလည်း ပင်းတယ- ရပ်စောက်လမ်းမှ ပင်းတယမြို့အထွက် မြောက်ကျောင်းကြီးရဲကင်းစခန်းကို ပြည်သူ့ကာကွယ်ရေးအဖွဲ့တစ်ဖွဲဲ့ကတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးသေဆုံးခဲ့သည်။ ယင်းတိုက်ခိုက်မှုကို ချိုးဖြူပြောက်ကျားတပ်ဖွဲ့က ပြုလုပ်​ခြင်းဟု သတင်းများထွက်ပေါ်နေသည်။

ရွာငံ
ရွာငံ

ပင်းတယ – ရွာငံ ဖြတ်လမ်း(တောင်ပေါ်ကြီး)အား ရက်အကန့်အသတ်မရှိ ပိတ်လိုက်ကြောင်း ချိုးဖြူပြောက် ကျားတပ်ဖွဲ့( JPGF)မှ အရေးပေါ်ကြေညာချက် ယနေ့ (ဇွန် ၂၉)ထုတ်ပြန်သည်။

ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယ – ရွာငံ ဖြတ်လမ်း(တောင်ပေါ်ကြီးလမ်း)အား ယနေ့ (ဇွန်လ၂၉)မှစ၍ ရက်အကန့်အသတ်မရှိ ပိတ်ပင်လိုက်သည်ဟု ဖော်ပြသည်။

“မိမိတို့ပြောက်ကျားတပ်ဖွဲ့များအနေဖြင့် ထို (တောင်ပေါ်ကြီး)လမ်းတွင် ဖြန့်သန်းသွားလာနေသော စကစ ယဥ်တန်းများအား မိုင်းဆွဲတိုက် ခိုက်ဖြင်း ၊ခြုံခိုတိုက်ခိုက်ခြင်းများ အလျင်းသင့်သလိုလုပ်ဆောင်သွားမည်ဖြစ်ပါသောကြောင့် မိဘပြည်သူ မော်တော်ယဥ်များများအနေဖြင့် ထိုလမ်းအားဖြတ်သန်းသွားလာခြင်းမပြုလုပ်ကြရန် မေတ္တာရပ်ခံအပ်ပါသည်”ဟု JPGF က ထုတ်ပြန်သည်။

အဆိုပါလမ်းပိုင်းအား အကြောင်းအ​မျိူးမျိုးကြောင့် အရေးပေါ်ဖြတ် သန်းသွားလာရမည်ဆိုပါက ကားများအားမှန်ချမောင်းပေးကြရန်နှင့် စစ်ကောင်စီတပ် ယဥ်တန်းများဟုယူဆရသောကားများနှင့် အနည်းဆုံး ကိုက် ၃၀၀ အကွာမှ ဝေးဝေးရှောင်၍မောင်းနှင်ကြရန်မေတ္တာရပ်ခံထားသည်။

Public Service Announcement

Public Service Announcement

ဓနုဒေသ ပြည်သူ့ကာကွယ်ရေးအဖွဲ့များနှင့် မဟာမိတ်ပြုလုပ်ထားသည့် ချိုးဖြူပြောက်ကျားတပ်ဖွဲ့( JPGF) သည် ရှမ်းပြည်နယ်တောင်ပိုင်းတွင် စစ်ကောင်စီအားတိုက်ခိုက်မှုအရှိန်မြှင့်နေသည့် ပြည်သူ့ကာကွယ်ရေးအဖွဲ့တစ်ဖွဲ့ဖြစ်သည်။ ဓနု၊ တောင်ရိုး၊ ပအို့၊ ရှမ်း၊ ဂေါ်ရခါးအပါအဝင် တိုင်းရင်းသားမျိုးစုံ စုစည်းထားသည့်အဖွဲ့ဖြစ်သည်။

ပင်းတယတွင် စစ်ကောင်စီနှင့် ပူးပေါင်းကာ ပျုစောထီးနှင့်ပြည်သူ့စစ်ဖွဲ့ရန် ကြိုးစားနေသည့် ပြည်ခိုင်ဖြိုးပါတီမှ ဦးကျော်ငြိမ်းကို ချိုးဖြူပြောက်ကျားတပ်ဖွဲ့က ဇွန် ၁၈ ရက်တွင် သုတ်သင်ရှင်းလင်းခဲ့သည်။

ယနေ့နံနက်ပိုင်းကလည်း ပင်းတယ- ရပ်စောက်လမ်းမှ ပင်းတယမြို့အထွက် မြောက်ကျောင်းကြီးရဲကင်းစခန်းကို ပြည်သူ့ကာကွယ်ရေးအဖွဲ့တစ်ဖွဲဲ့ကတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးသေဆုံးခဲ့သည်။ ယင်းတိုက်ခိုက်မှုကို ချိုးဖြူပြောက်ကျားတပ်ဖွဲ့က ပြုလုပ်​ခြင်းဟု သတင်းများထွက်ပေါ်နေသည်။

“ပြည်သူ့ရဲဘော်တွေကြောင့်တော့လမ်းပန်းဆက်သွယ် ရေး အခက်အခဲမရှိဘူး။ ဂိတ်ဖွင့်စားနေတဲ့ စစ်ကောင်စီကြောင့်သာ ခရီးသွားတွေ အခက်အခံတွေ့တာ။ အခုလို လမ်းကို သွားလာခွင့်ကန့်သတ်တာ ကြိုဆိုတယ်။ ဓနုဒေသဟာ တော်လှန်ရေးအတွက် ပိုတက်ကြွနေပြီ”ဟု ဓနုတိုင်းရင်းသားတစ်ဦးက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ရှမ်းပြည်နယ်၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်မှာ သဲကျင်းပြိုကျမှုကြောင့် ပိတ်မိနေသူ ၃ ဦးအနက် ၂ ဦးသေဆုံးပြီး အမျိုးသား ၁ဦးကိုတော့ ဘဝတူ လုပ်သားတွေက အသက်ရှင်လျက် ကယ်ဆယ်နိုင်ခဲ့ပါတယ်။

သတင်း

ရှမ်းပြည်နယ်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် စစ်ကောင်စီတပ်က အင်အား ရာချီသုံး၍စစ်ကြောင်းထိုးလာကြောင်း ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော်(DSNDA)တာဝန်ရှိသူက လူထုနွေဦး သို့ ပြောသည်။

သတင်း

တောင်ကျရေအန္တရာယ်ဆိုးဝါးစွာကြုံတွေ့ခဲ့ရသည့် ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်းတယမြို့နယ်တွင် ရေဘေးကြောင့်သေဆုံးသူ ရှစ်ဦးရှိလာပြီး ဒေသတွင်းရှိ ရွာငံ၊ အောင်ပန်း၊ ကလောမြို့တို့တွင်လည်း ရေဘေးအန္တရာယ်ရင်ဆိုင်နေရကြောင်း သတင်းရရှိသည်။

သတင်း

ရှမ်းပြည်နယ်တောင်ပိုင်းပင်းတယမြို့နှင့် ထန်းတပင်၊ အုတ်တွင်းမြို့နယ်တို့တွင်ရုတ်တရက်ရေကြီးမှုကြောင့်သေဆုံးသူ၉ဦးထက်မနည်းရှိနေကြောင်း ဒေသခံလူမှုရေးအဖွဲ့များထံမှ သိရသည်။