သတင်း မြောင်မြို့နယ် ညောင်ကားရားရွာ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးနေ၍ ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရ စစ်ကောင်စီတပ်သည် ညောင်ကားရားရွာကို ဧရာဝတီမြစ်ကြောင်းမှ တစ်ဆင့် ယနေ့(အောက်တိုဘာ ၈ရက်) နံနက် ၉နာရီခန့်တွင် ဝင်ရောက်လာခြင်းဖြစ်သည်။ LuduNwayOoအောက်တိုဘာ 8, 2022
သတင်း စစ်တပ်က ဒေသခံများ၏ ဥစ္စာပစ္စည်းများခိုးယူနေကြောင်းစိစစ်တွေ့ရှိဟု ကော်ဘရာစစ်ကြောင်းပြော ယနေ့တိုက်ပွဲတွင် စစ်ကောင်စီတပ်များဘက်မှ သုံးဦးသေဆုံးခဲ့သည်ဟု ယနေ့ အောက်တိုဘာလ(၇)ရက်သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ LuduNwayOoအောက်တိုဘာ 8, 2022
သတင်း မင်းပြားမြို့နယ်တွင် AAနှင့် စစ်ကောင်စီတပ် တိုက်ပွဲဖြစ်၊ စစ်ကောင်စီတပ် လက်နက်ကြီးပစ်၍ ဒေသခံခြောက်ဦး ဒဏ်ရာရ လတ်တလော စစ်ရေးပြင်းထန်နေသည့် ရခိုင်ဒေသနှင့် ပလက်၀မြို့နယ်တို့တွင် စစ်ဘေးရှောင် ရှစ်သောင်းကျော်အထိ ရှိလာပြီဖြစ်ကြောင်း ရက္ခိုင့်တပ်တော်(AA)က ထုတ်ပြန်ထားသည်။ LuduNwayOoအောက်တိုဘာ 7, 2022
သတင်း မုန်းဒေသတွင် စစ်ကောင်စီတပ်က ဒေသခံများကို ဖမ်းဆီးနေ အောက်တိုဘာလ(၅)ရက်တွင် စစ်ကောင်စီတပ်မှ ကားသုံးစီး အင်အားအပြည့်ဖြင့် မုန်းဒေသအတွင်းသို့ ရောက်လာပြီး မုန်းတွင်နေထိုင်သည့် အမျိုးသမီး(၅)ဦးအပါအဝင် ပြည်သူ(၁၅)ဦးထက်မနည်းကို ဝင်ရောက်ဖမ်းဆီးခဲ့သည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြသည်။ LuduNwayOoအောက်တိုဘာ 6, 2022
သတင်း မုံရွေးကြေးမုံတွင် စစ်ကောင်စီတပ်က နေအိမ် ၁၆လုံး မီးရှို့ဖျက်ဆီးပြီး ဒေသခံ ၁၂ ဦးကို ဖမ်းဆီးသွား ယမန်နေ့ ညနေ ၃ နာရီခွဲတွင် စစ်ကောင်စီစစ်ကြောင်းသည် ဓားစာခံအဖြစ် ဒေသခံပြည်သူ ၁၂ဦးကို ဖမ်းဆီးခေါ်ဆောင်၍ မုံရွေးကြေးမုံရွာမှ ထွက်ခွာသွားကြောင်း ဒေသခံများက ပြောသည်။ LuduNwayOoအောက်တိုဘာ 6, 2022
သတင်း ဆိပ်ဖြူနယ်တွင် စစ်ကောင်စီတပ်စစ်ကြောင်းထိုးသတ်ဖြတ်နေ၍ ဒေသခံနှစ်သောင်းကျော် ထွက်ပြေးတိမ်းရှောင်နေရ စစ်ကောင်စီတပ်သည် အနောက်ကမ်းဖြူကျေးရွာနေ အသက်(၃၀)ဝန်းကျင်ရှိ ပြည်သူတစ်ဦးကို ညဥ်းပန်းနှိပ်စက် သတ်ဖြတ်ခဲ့ကြောင်း ဒေသကာကွယ်ရေးအဖွဲ့များက ပြောသည်။ LuduNwayOoစက်တင်ဘာ 28, 2022
သတင်း စစ်တပ်လက်အောက် BGF ရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒေသခံတွေ စိုးရိမ်နေ BGF တပ်ဖွဲ့တွေသည် ဒွယ်လိုးမြို့နယ်၊ မဲပလီကျေးရွာအုပ်စုအတွင်းရှိ လယ်ကွဲအထက်၊ လယ်ကွဲအောက်၊ တခေါ်ခို့၊ ပိုကျီနဲ့ မဲကုလားရွာတွေမှ ဒေသခံရွာသားများအား ပျဉ်းကတိုးသစ်လုံးများအား မဖြစ်မနေခုတ်ပေးရမည်စြဖ်ကြောင်း အမိန့်ပေးလိုက်သည်ဟု ရွာသားများက ပြောသည်။ LuduNwayOoစက်တင်ဘာ 24, 2022
သတင်း တန့်ဆည်တွင် စစ်အုပ်စုက စစ်ကြောင်းနှစ်ကြောင်းခွဲကာ ရွာသုံးရွာကို မီးရှို့ဖျက်ဆီး၊ ဒေသခံအများအပြား ထွက်ပြေးတိမ်းရှောင်နေရ စစ်ကြောင်းတစ်ကြောင်းသည် မွန်းလွဲပိုင်းတွင် တန့်ဆည်မြို့နယ်ရှိ ဂွေးကုန်းကျေးရွာကို ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့ပြီး နေအိမ် ၁၀လုံးခန့် မီးလောင်ပြာကျခဲ့ကြောင်း ဒေသခံများက ပြောသည်။ LuduNwayOoစက်တင်ဘာ 21, 2022
သတင်း ကျိုက်ထိုမှာ လက်နက်ကြီးပစ်ခတ်မှုတွေကြောင့်ဒေသခံတွေစိုးရိမ်နေ အဲ့ဒီနောက် နေ့လည်တစ်နာရီခွဲခန့်မှာ စစ်ကောင်စီ ခမရ(၂၀၇) တပ်ဖွဲ့ ကလက်နက်ကြီး လက်နက်ငယ်တွေနဲ့ ခရွဲကျေးနယ်အတွင်းကို ရမ်းသမ်းပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။ LuduNwayOoစက်တင်ဘာ 20, 2022
သတင်း မြစ်ကြီးနားမြို့နယ်တွင် စစ်ကောင်စီတပ်က ရွာသားတစ်ဦးကို မိသားစုရှေ့၌ မီးရှို့သတ်ဖြတ်ခဲ့ဟု ဒေသခံပြော စစ်ကောင်စီတပ်သည် ဒေသအသီးသီးတွင် ဒေသခံ ပြည်သူများကို အကြောင်းမဲ့ ပစ်ခတ်သတ်ဖြတ်မှု၊ မီးရှို့သတ်ဖြတ်မှုများ ကျူးလွန်လျက်ရှိသည်။ LuduNwayOoစက်တင်ဘာ 19, 2022