Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

မုံရွေးကြေးမုံတွင် စစ်ကောင်စီတပ်က နေအိမ် ၁၆လုံး မီးရှို့ဖျက်ဆီးပြီး ဒေသခံ ၁၂ ဦးကို ဖမ်းဆီးသွား

ယမန်နေ့ ညနေ ၃ နာရီခွဲတွင် စစ်ကောင်စီစစ်ကြောင်းသည် ဓားစာခံအဖြစ် ဒေသခံပြည်သူ ၁၂ဦးကို ဖမ်းဆီးခေါ်ဆောင်၍ မုံရွေးကြေးမုံရွာမှ ထွက်ခွာသွားကြောင်း ဒေသခံများက ပြောသည်။

(မုံရွေးကြေးမုံရွာအား စစ်တပ်က မီးရှို့ဖျက်ဆီးပြီးနောက် တွေ့ရစဥ်။ဓာတ်ပုံ- မုံရွာမြို့နယ်သတင်းမှန်ပြန်ကြားရေး)
(မုံရွေးကြေးမုံရွာအား စစ်တပ်က မီးရှို့ဖျက်ဆီးပြီးနောက် တွေ့ရစဥ်။ဓာတ်ပုံ- မုံရွာမြို့နယ်သတင်းမှန်ပြန်ကြားရေး)

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ် မုံရွေးကြေးမုံကျေးရွာတွင် စစ်ကောင်စီတပ်က နေအိမ် ၁၆လုံးအား မီးရှို့ဖျက်ဆီးးပြီး ဒေသခံပြည်သူ ၁၂ ဦးကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

စစ်ကောင်စီတပ်သည် ယမန်နေ့(အောက်တိုဘာ ၅ ရက်) နံနက် ၁၀နာရီခန့်က မုံရွေးရွာ၊ ကမ္မရပ်ကွက်မှ ပြည်သူတစ်ဦး၏ နေအိမ်ကို စတင်မီးရှို့ပြီး နေအိမ်စုစုပေါင်း ၁၆လုံး မီးရှို့ဖျက်ဆီးခံရကြောင်း မုံရွာမြို့နယ်သတင်းမှန်ပြန်ကြားရေး တာဝန်ခံက ပြောသည်။

ယမန်နေ့ ညနေ ၃ နာရီခွဲတွင် စစ်ကောင်စီစစ်ကြောင်းသည် ဓားစာခံအဖြစ် ဒေသခံပြည်သူ ၁၂ဦးကို ဖမ်းဆီးခေါ်ဆောင်၍ မုံရွေးကြေးမုံရွာမှ ထွက်ခွာသွားကြောင်း ဒေသခံများက ပြောသည်။

“အခုထိ ဓားစာခံဖမ်းဆီးခေါ်ဆောင်သွားတဲ့သူတွေနဲ့ အဆက်သွယ်မရသလို ပြန်လည်လွတ်မြောက်လာခြင်းလဲမရှိသေးပါဘူး။ မိသားစုတွေ စိတ်ပူနေကြပါတယ်။”ဟု ဒေသခံတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

အဆိုပါ စစ်ကောင်စီတပ်သည် အင်အား ၅ဝခန့်ရှိပြီး အောက်တိုဘာ ၄ ရက် နံနက် ၉ နာရီခွဲခန့်ကလည်း ကြေးမုံကျေးရွာသို့ ဝင်ရောက်မွှေနှောက်ကာ ပြည်သူများကို ရွာဝန်းကျင်ရှိဘုရားများ၌ ဖမ်းဆီးချုပ်နှောင်ထားခဲ့သည်။

Public Service Announcement
Public Service Announcement

ထိုနေ့ ညနေ ၅ နာရီခန့်တွင် မုံရွေးရွာရှိ ပြည်သူတစ်ဦး၏ နေအိမ်ကို စတင်မီးရှို့ခဲ့ပြီး ပြည်သူတစ်ဦးကိုလည်း ရိုက်နှက်နှိပ်စက်ခဲ့ကြောင်း မုံရွာမြို့နယ်သတင်းမှန်ပြန်ကြားရေး တာဝန်ခံက ပြောသည်။

စစ်ကောင်စီတပ်သည် ယခုအောက်တိုဘာလဆန်းပိုင်းအတွင်း မုံရွာမြို့နယ်အတွင်းရှိ ကျေးရွာများအား ဝင်ရောက်ဖျက်ဆီးဖမ်းဆီးမှုများ ပြုလုပ်နေပြီး လမ်းပိုင်းအချို့ကိုလည်း ဖျက်ဆီးထားသည်။

စစ်ကိုင်းတိုင်းအတွင်း စစ်ကောင်စီနှင့် လက်အောက်ခံအဖွဲ့အစည်းများက မီးရှို့ဖျက်ဆီးမှုကြောင့် ၂၀၂၂ ခုနှစ်၊ ဩဂုတ်လ (၂၅) ရက်နေ့ထိ နေအိမ်ပေါင်း ၂၀,၁၅၃ လုံး ဖျက်ဆီးခံခဲ့ရပြီး အရပ်သားပြည်သူများလည်း နေရပ်စွန့်ခွာ တိမ်းရှောင်ခဲ့ရကြောင်း Data For Myanmar က အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။

သတင်း

KIAသည် မိုးမောက်နှင့် လွယ်ဂျယ်မြို့ကြား စိန်လုံတောင်တလျှောက်ရှိ စစ်ကောင်စီစခန်းများကို ပြီးခဲ့သည့် မတ်လဆန်းက တိုက်ခိုက်သိမ်းယူခဲ့သည်။

သတင်း

ယ‌နေ့ညနေ ၃နာရီခန့်အထိ ရရှိထားသောသတင်းများအရ မိုးမောက်မြို့ပေါ်တွင် စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးတဦးအပါအဝင် သေဆုံးသူသုံးဦးရှိပြီး တစ်ဦးဒဏ်ရာရာရှိခဲ့ကြောင်း သိရသည်။