Connect with us

Hi, what are you looking for?

သတင်း

မုံရွေးကြေးမုံတွင် စစ်ကောင်စီတပ်က နေအိမ် ၁၆လုံး မီးရှို့ဖျက်ဆီးပြီး ဒေသခံ ၁၂ ဦးကို ဖမ်းဆီးသွား

ယမန်နေ့ ညနေ ၃ နာရီခွဲတွင် စစ်ကောင်စီစစ်ကြောင်းသည် ဓားစာခံအဖြစ် ဒေသခံပြည်သူ ၁၂ဦးကို ဖမ်းဆီးခေါ်ဆောင်၍ မုံရွေးကြေးမုံရွာမှ ထွက်ခွာသွားကြောင်း ဒေသခံများက ပြောသည်။

(မုံရွေးကြေးမုံရွာအား စစ်တပ်က မီးရှို့ဖျက်ဆီးပြီးနောက် တွေ့ရစဥ်။ဓာတ်ပုံ- မုံရွာမြို့နယ်သတင်းမှန်ပြန်ကြားရေး)
(မုံရွေးကြေးမုံရွာအား စစ်တပ်က မီးရှို့ဖျက်ဆီးပြီးနောက် တွေ့ရစဥ်။ဓာတ်ပုံ- မုံရွာမြို့နယ်သတင်းမှန်ပြန်ကြားရေး)

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ် မုံရွေးကြေးမုံကျေးရွာတွင် စစ်ကောင်စီတပ်က နေအိမ် ၁၆လုံးအား မီးရှို့ဖျက်ဆီးးပြီး ဒေသခံပြည်သူ ၁၂ ဦးကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

စစ်ကောင်စီတပ်သည် ယမန်နေ့(အောက်တိုဘာ ၅ ရက်) နံနက် ၁၀နာရီခန့်က မုံရွေးရွာ၊ ကမ္မရပ်ကွက်မှ ပြည်သူတစ်ဦး၏ နေအိမ်ကို စတင်မီးရှို့ပြီး နေအိမ်စုစုပေါင်း ၁၆လုံး မီးရှို့ဖျက်ဆီးခံရကြောင်း မုံရွာမြို့နယ်သတင်းမှန်ပြန်ကြားရေး တာဝန်ခံက ပြောသည်။

ယမန်နေ့ ညနေ ၃ နာရီခွဲတွင် စစ်ကောင်စီစစ်ကြောင်းသည် ဓားစာခံအဖြစ် ဒေသခံပြည်သူ ၁၂ဦးကို ဖမ်းဆီးခေါ်ဆောင်၍ မုံရွေးကြေးမုံရွာမှ ထွက်ခွာသွားကြောင်း ဒေသခံများက ပြောသည်။

“အခုထိ ဓားစာခံဖမ်းဆီးခေါ်ဆောင်သွားတဲ့သူတွေနဲ့ အဆက်သွယ်မရသလို ပြန်လည်လွတ်မြောက်လာခြင်းလဲမရှိသေးပါဘူး။ မိသားစုတွေ စိတ်ပူနေကြပါတယ်။”ဟု ဒေသခံတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

အဆိုပါ စစ်ကောင်စီတပ်သည် အင်အား ၅ဝခန့်ရှိပြီး အောက်တိုဘာ ၄ ရက် နံနက် ၉ နာရီခွဲခန့်ကလည်း ကြေးမုံကျေးရွာသို့ ဝင်ရောက်မွှေနှောက်ကာ ပြည်သူများကို ရွာဝန်းကျင်ရှိဘုရားများ၌ ဖမ်းဆီးချုပ်နှောင်ထားခဲ့သည်။

Public Service Announcement
Public Service Announcement

ထိုနေ့ ညနေ ၅ နာရီခန့်တွင် မုံရွေးရွာရှိ ပြည်သူတစ်ဦး၏ နေအိမ်ကို စတင်မီးရှို့ခဲ့ပြီး ပြည်သူတစ်ဦးကိုလည်း ရိုက်နှက်နှိပ်စက်ခဲ့ကြောင်း မုံရွာမြို့နယ်သတင်းမှန်ပြန်ကြားရေး တာဝန်ခံက ပြောသည်။

စစ်ကောင်စီတပ်သည် ယခုအောက်တိုဘာလဆန်းပိုင်းအတွင်း မုံရွာမြို့နယ်အတွင်းရှိ ကျေးရွာများအား ဝင်ရောက်ဖျက်ဆီးဖမ်းဆီးမှုများ ပြုလုပ်နေပြီး လမ်းပိုင်းအချို့ကိုလည်း ဖျက်ဆီးထားသည်။

စစ်ကိုင်းတိုင်းအတွင်း စစ်ကောင်စီနှင့် လက်အောက်ခံအဖွဲ့အစည်းများက မီးရှို့ဖျက်ဆီးမှုကြောင့် ၂၀၂၂ ခုနှစ်၊ ဩဂုတ်လ (၂၅) ရက်နေ့ထိ နေအိမ်ပေါင်း ၂၀,၁၅၃ လုံး ဖျက်ဆီးခံခဲ့ရပြီး အရပ်သားပြည်သူများလည်း နေရပ်စွန့်ခွာ တိမ်းရှောင်ခဲ့ရကြောင်း Data For Myanmar က အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့ရဲ့ မြို့နယ်တွေမှာ စက်တင်ဘာ ၂ပတ်အတွင်း မတရားဖမ်းဆီးပေါ်တာဆွဲခံရသူ ၉၀ ကျော် ရှိတယ်လို့ မြေပြင်ကင်းထောက်အဖွဲ့တွေနဲ့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ဝေါမြို့နယ်ထဲကညောင်ခါးရှည်စစ်ဆေးရေးဂိတ်မှာ လက်ရှိ စက်တင်ဘာလ ပထမအပတ်ကစပြီး ထိုင်းကုန်ပစ္စည်းသယ်ဆောင်လာတဲ့ ကားအစီးရေ ၁၀၀ ခန့်ကို အာဏာသိမ်းစစ်တပ်ရဲ့ စစ်ဆေးရေးအဖွဲ့က ဖမ်းဆီးသိမ်းဆည်းလိုက်တယ်လို့ ကားသမားသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၆)နယ်မြေ ဒူးပလာယာခရိုင်အတွင်းဖမ်းမိ မူးယစ်ဆေးဝါးတွေကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒူးပလာယာခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ရန်ကုန်မြို့၊ ရွှေပြည်သာနဲ့ လှိုင်သာယာမြို့နယ်တွေမှာ လူငယ်တွေကို လိုက်လံဖမ်းဆီးနေတဲ့အဖွဲ့တွေ သောင်းကျန်းနေပြီး လာဖမ်းရင် အဖမ်းမခံဘဲ ခုခံကြဖို့ ရွှေပြည်သာမြို့နယ်၊ ဘိုရှည်ကုန်းကျေးရွာက စစ်တပ်ခန့်အုပ်ချုပ်ရေးမှူး ဝင်းဇော်က ပြောပါတယ်။