Connect with us

Hi, what are you looking for?

သတင်း

ဆိပ်ဖြူနယ်တွင် စစ်ကောင်စီတပ်စစ်ကြောင်းထိုးသတ်ဖြတ်နေ၍ ဒေသခံနှစ်သောင်းကျော် ထွက်ပြေးတိမ်းရှောင်နေရ

စစ်ကောင်စီတပ်သည် အနောက်ကမ်းဖြူကျေးရွာနေ အသက်(၃၀)ဝန်းကျင်ရှိ ပြည်သူတစ်ဦးကို ညဥ်းပန်းနှိပ်စက် သတ်ဖြတ်ခဲ့ကြောင်း ​ဒေသကာကွယ်ရေးအဖွဲ့များက ပြောသည်။

(ထွက်ပြေးတိမ်းရှောင်နေရသည့် ဆိပ်ဖြူနယ်ဒေသခံများအား တွေ့ရစဥ်၊ဓာတ်ပုံ-ဆိပ်ဖြူမြောက်ပိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့)
(ထွက်ပြေးတိမ်းရှောင်နေရသည့် ဆိပ်ဖြူနယ်ဒေသခံများအား တွေ့ရစဥ်၊ဓာတ်ပုံ-ဆိပ်ဖြူမြောက်ပိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့)

▪️စစ်ကောင်စီတပ်အား ခြောက်ရက်အတွင်း ဒရုန်းဖြင့် ငါးကြိမ်တိုက်ခိုက်

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်တွင် စစ်ကောင်စီတပ် စစ်ကြောင်းထိုးသတ်ဖြတ်နေ၍ ကျေးရွာ ၁၅ ရွာမှ ဒေသခံပြည်သူနှစ်သောင်းကျော် ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

ဆိပ်ဖြူမြို့နယ် ဝါဇီစက်ရုံနှင့် ကပစ (၂၂)လက်နက်စက်ရုံ နှစ်အခုအကြားရှိ ကျေးရွာများဖြစ်ကြသည့် သံပရာပင်၊ ဆားလောင့်၊ အနောက်ကမ်းဖြူ၊ ဘဲကျ ၊ ကျား​ပေ၊ ကျားကွဲနှင့် ညောင်​​ဂွေးဝကျေးရွာများ ယောချောင်း တစ်ဖက်ကမ်း ပခုက္ကူမြို့နယ်မှ စိုင်ဖြူ၊ ရှားဒူးရွာ၊တောင်ပါးလူ၊အရှေ့ကမ်းဖြူ၊ဥယျဥ်စု၊ ဒဲ့ပြား၊စညောင်း၊မြစ်ဖျားနှင့် လေးတိုင် စုစုပေါင်း ကျေးရွာ ၁၅ ရွာကို စက်တင်ဘာ ၁၆ရက်မှ စတင်၍ စစ်ကြောင်းထိုးလာသောကြောင့် ဒေသခံပြည်သူ နှစ်သောင်းကျော် ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း ဆိပ်ဖြူမြောက်ပိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (NSP)က ပြောသည်။

စစ်ကောင်စီတပ်သည် အနောက်ကမ်းဖြူကျေးရွာနေ အသက်(၃၀)ဝန်းကျင်ရှိ ပြည်သူတစ်ဦးကို ညဥ်းပန်းနှိပ်စက် သတ်ဖြတ်ခဲ့ကြောင်း ​ဒေသကာကွယ်ရေးအဖွဲ့များက ပြောသည်။

နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်လာကြရသည့် ပြည်သူများအား ဆိပ်ဖြူမြောက်ပိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (NSP)မှ စတင်စစ်ကြောင်းထိုးသည့်နေ့မှစ၍ အချိန်မီ ဆိုင်ကယ်၊ကားကြီး ကားသေး စသည့်ယာဥ်များဖြင့်ခေါ်ဆောင်၍ ဘေးလွတ်ရာ ကျေးရွာ ဘုန်းကြီးကျောင်းနှင့်တန်း​ကျောင်းများသို့ ပို့ဆောင်ပေးခဲ့သည်။

Public Service Announcement

Public Service Announcement

ဘေးလွတ်ရာသို့ ရောက်ချိန်တွင်လည်း လိုအပ်သည့်စားနပ်ရိက္ခာ၊ ကျန်းမာရေးစောင့်ရှောက်မှုများကို စစ်ကြောင်းပြီးသည်အထိ ဆောင်ရွက်ခဲ့ကြောင်း ၎င်းအဖွဲ့က ပြောသည်။

စက်တင်ဘာ ၁၆ ရက်မှ ၂၅ ရက်အတွင်း စစ်ဘေးရှောင်ပြည်သူများအား သယ်ယူပို့ဆောင်သည့် ယာဥ်များ အတွက် ဓာတ်ဆီ၊ဒီဇယ်၊ စားနပ်ရိက္ခာအတွက် ဆန်၊ဆီ ဟင်းချက်စရာ ဟင်းသီးဟင်းရွက် ၊ အသားငါး အထွေထွေ စုစုပေါင်းကုန်ကျစရိတ် ၄၅သိန်းဖိုးခန့် ကူညီစောင့်ရှောက်ခဲ့သည်ဟု သိရသည်။

ကျန်းမာရေးစောင့်ရှောက်မှုအတွက် ဆေးဖိုးကိစ္စကို မြတ်နိုးအေးနှင့် Project Dreamအဖွဲ့သားများ၏ စစ်ဘေးရှောင်ပြည်သူ့ကျန်မားရေးစောင့်ရှောက်မှု အလှူငွေမှ အသုံးပြုကြောင်း ဆိပ်ဖြူမြောက်ပိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(NSP)က အသိပေးသည်။

(ထွက်ပြေးတိမ်းရှောင်နေရသည့် ဆိပ်ဖြူနယ်ဒေသခံများအား တွေ့ရစဥ်၊ဓာတ်ပုံ-ဆိပ်ဖြူမြောက်ပိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့)
(ထွက်ပြေးတိမ်းရှောင်နေရသည့် ဆိပ်ဖြူနယ်ဒေသခံများအား တွေ့ရစဥ်၊ဓာတ်ပုံ-ဆိပ်ဖြူမြောက်ပိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့)

စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်ကိုလည်း ၆ ရက်အတွင်း (၂)ကြိမ် မိုင်းဆွဲ၍ ဒရုန်းဖြင့် (၅) ကြိမ်တိုက်ခိုက်ခဲ့ကြောင်း ဆိပ်ဖြူမြောက်ပိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (NSP)က သတင်းထုတ်ပြန်ခဲ့သည်။

ဆိပ်ဖြူမြို့နယ်၊ ထမ္မကောက်ကျေးရွာ၌ စခန်းချတပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီတပ် အင်အား ၁၂၀ခန့်သည် စက်တင်ဘာ ၂၀ ရက်မှစတင်၍ စစ်ကြောင်းထိုးလာခဲ့သည်။

စက်တင်ဘာ ၂၀ ရက်မှ ၂၅ ရက်အထိ ခြောက်ရက်တိုင်တိုင် စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်သားများအား (၂)ကြိမ် မိုင်းဆွဲ၍ ဒရုန်းဖြင့် ငါးကြိမ်တိုက်ခိုက်ခဲ့ကြောင်း ဆိပ်ဖြူမြောက်ပိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (NSP)က အသိပေးသည်။

ထိုသို့တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ငါးဦးသေဆုံးပြီး ၁၀ ဦးခန့် အပြင်းအထန်ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ ပြည်သူ့ရဲဘော်များ အထိခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း ဆိပ်ဖြူမြောက်ပိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (NSP)က သတင်းထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။