Connect with us

Hi, what are you looking for?

သတင်း

ကျိုက်ထိုမှာ လက်နက်ကြီးပစ်ခတ်မှုတွေကြောင့်ဒေသခံတွေစိုးရိမ်နေ

အဲ့ဒီနောက် နေ့လည်တစ်နာရီခွဲခန့်မှာ စစ်ကောင်စီ ခမရ(၂၀၇) တပ်ဖွဲ့ ကလက်နက်ကြီး လက်နက်ငယ်တွေနဲ့ ခရွဲကျေးနယ်အတွင်းကို ရမ်းသမ်းပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။

ကျိုက်ထိုမှာ လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် ဒေသခံတွေစိုးရိမ်နေ
ကျိုက်ထိုမှာ လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် ဒေသခံတွေစိုးရိမ်နေ

ကျိုက်ထိုမြို့နယ်ထဲမှာ စစ်ရေးဝင်ရောက်လှုပ်ရှားနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ မိုင်းထိမှန်သေဆုံးခဲ့ပြီးနောက် လက်နက်ကြီးနဲ့ပစ်ခတ်‌နေတာကြောင့် ဒေသခံပြည်သူလူထုတွေ စိုးရိမ်ကြောက်လန့်နေရတယ်လို့ ကေအဲန်ယူ ဒူးသထူခရိုင်က သတင်းထုတ်ပြန်ပါတယ်။

စက်တင်ဘာလ(၁၈)ရက် ညနေလေးနာရီဝန်းကျင်က သိမ်ဇရပ်အခြေစိုက် စစ်ကောင်စီရဲ့(အမတ-၃၁၀)တပ်က လက်နက်ကြီး(၁၂၀ မမ)တွေနဲ့ ရမ်းသမ်းပစ်ခတ်ခဲ့တာကြောင့် ကေအဲန်ယူ-ကျိုက်ထိုမြို့နယ်၊ ဇီးပြောင်းကျေးနယ်အတွင်း လက်နက်ကြီးနှစ်လုံးနဲ့ ခရွဲကျေးနယ်အုပ်စုမှာ သုံးလုံး ကျရောက်ပေါက်ကွဲခဲ့ကာ ပြည်သူတွေ စိုးရိမ်ကြောက်လန့်နေရတယ်လို့ ထုတ်ပြန်ထားပါတယ်။

စက်တင်ဘာလ ၁၄၀ ရက် နေ့လည်(၁၂)နာရီအချိန်ခန့်ကလည်း ကေအဲန်ယူ-ကျိုက်ထိုမြို့နယ်၊ ဓမ္မဒူတဘုန်းကြီးကျောင်းအတွင်း အင်အား(၆၀)ခန့်ရှိတဲ့ စစ်ကောင်စီ ခမရ(၂၀၇)တပ်ဖွဲ့တွေဟာ ခရွဲကျေးနယ်အတွင်း စစ်ရေးဝင်ရောက်လှုပ်ရှားမှုကြောင့် မိုင်းထိမှန်ခဲ့ပြီး နှစ်ဦးသေဆုံးကာ တစ်ဦးဒဏ်ရာရရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

အဲ့ဒီနောက် နေ့လည်တစ်နာရီခွဲခန့်မှာ စစ်ကောင်စီ ခမရ(၂၀၇) တပ်ဖွဲ့ ကလက်နက်ကြီး လက်နက်ငယ်တွေနဲ့ ခရွဲကျေးနယ်အတွင်းကို ရမ်းသမ်းပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

စက်တင်ဘာလ(၁၅)ရက် မနက်ရှစ်နာရီခွဲဝန်းကျင်ကလည်း ခမရ (၂၀၇) တပ်က လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်ခဲ့လို့ ကေအဲန်ယူ-ကျိုက်ထိုမြို့နယ်၊ ဇီးပြောင်းကျေးနယ်ထဲကို သုံးလုံးကျရောက်ပေါက်ကွဲခဲ့သလို ခရွဲကျေးနယ်မှာ နှစ်လုံးကျရောက်ပေါက်ကွဲခဲ့ကြောင်း ဒေသခံတွေထံကနေ သိရပါတယ်။

ကေအဲန်ယူ-ကျိုက်ထိုမြို့နယ် ခမရ(၂၀၇)၊ အမတ(၃၁၀)၊ အမတ(၆၀၂)၊ ကျိုက်ထိုတပ်မ(၄၄)ဌာနချုပ်၊ ခလရ(၂)၊ ခလရ(၈)၊ ခမရ(၂)၊ ခမရ(၃)၊ ခလရ(၉၆)စတဲ့ စစ်ကောင်စီလက်အောက်ခံတပ်တွေက လက်နက်ကြီးတွေနဲ့ရမ်းသမ်းပစ်ခတ်တာ၊ နယ်မြေကျူးကျော်စစ်ရေးလှုပ်ရှား စစ်ကြောင်းထိုးနေတာတွေကြောင့် မြို့နယ်အတွင်းရှိ ဒေသခံပြည်သူတွေဟာ ကြောက်လန့်နေရပြီး စားဝတ်နေရေးလုပ်ငန်းလုပ်ကိုင်ရာမှာလည်း အခက်အခဲတွေကြုံတွေ့နေရတယ်လို့ ကေအဲန်ယူက ထုတ်ပြန်ထားတာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စက်တင်ဘာ ၄ ​နောက်ပိုင်းစစ်လက်ချက်ကြောင့်အရပ်သားအနည်းဆုံး၆ ဦး​သေနဲ့ ၆ ဦးဒဏ်ရာရ

သတင်း

ကချင်ပြည်နယ်ကနေ ဧရာဝတီမြစ်အတိုင်းစစ်သင်္ဘောတွေစုန်လာပြီး မြစ်ကမ်း​ဘေးတ​လျှောက်လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် မြစ်ကမ်းဘေး ကျေးရွာက ပြည်သူတွေ ဂရုပြု နေထိုင်ကြဖို့ တော်လှန်ရေးတပ်တွေကသတိပေးထားပါတယ်။

သတင်း

မန္တလေးတိုင်း၊စဉ့်ကူးမြို့နယ်အနောက်ခြမ်းရှိကျွန်းကြီးရွာမှာတပ်စွဲထားတဲ့ စစ်တပ်က ဒီက​နေ့မနက်ပိုင်းမှာလက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာ​​ကြောင့် ဝက်လက်မြို့နယ်အရှေ့ခြမ်းကိုကျပြီး လင်မယားနှစ်ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

နိုင်ငံတကာ

နိုင်ငံရဲ့ လက်နက်ကြီး ပစ်အားကို လက်တွေ့ စမ်းသပ်တဲ့ လေ့ကျင့်ပစ်ခတ်မှုတစ်ခု လုပ်ဆောင်ခဲ့ကြောင်း မြောက်ကိုရီးယားက ထုတ်ပြန်ပါတယ်။

Facebook