Connect with us

Hi, what are you looking for?

သတင်း

မုန်းဒေသတွင် စစ်ကောင်စီတပ်က ဒေသခံများကို ဖမ်းဆီးနေ

အောက်တိုဘာလ(၅)ရက်တွင် စစ်ကောင်စီတပ်မှ ကားသုံးစီး အင်အားအပြည့်ဖြင့် မုန်းဒေသအတွင်းသို့ ရောက်လာပြီး မုန်းတွင်နေထိုင်သည့် အမျိုးသမီး(၅)ဦးအပါအဝင် ပြည်သူ(၁၅)ဦးထက်မနည်းကို ဝင်ရောက်ဖမ်းဆီးခဲ့သည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြသည်။

မုန်းဒေသတွင် စစ်ကောင်စီတပ်က ဒေသခံများကို ဖမ်းဆီးနေ
မုန်းဒေသတွင် စစ်ကောင်စီတပ်က ဒေသခံများကို ဖမ်းဆီးနေ

မူးမြို့နယ်အတွင်းရှိ မုန်းဒေသသို့ စစ်ကောင်စီတပ် ဝင်ရောက်ပြီး ဒေသခံပြည်သူများကို ဖမ်းဆီးခြင်းများပြုလုပ်ခဲ့သည်ဟု ကေအဲန်ယူမှ သတင်းထုတ်ပြန်သည်။

အောက်တိုဘာလ(၅)ရက်တွင် စစ်ကောင်စီတပ်မှ ကားသုံးစီး အင်အားအပြည့်ဖြင့် မုန်းဒေသအတွင်းသို့ ရောက်လာပြီး မုန်းတွင်နေထိုင်သည့် အမျိုးသမီး(၅)ဦးအပါအဝင် ပြည်သူ(၁၅)ဦးထက်မနည်းကို ဝင်ရောက်ဖမ်းဆီးခဲ့သည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြသည်။

ဖမ်းဆီးထားသည့်သူများကို စစ်ကောင်စီတပ်မှ ခမရ(၅၅၉)တပ်ရင်းသို့ ပြန်လည်ခေါ်ဆောင်သွားပြီး ဖမ်းဆီးရသည့်အကြောင်းရင်းကို မသိရှိရသေးပဲ ဖမ်းဆီးခံရသည့်သူအများစုမှာ မုန်းတွင်နေထိုင်သူများဖြစ်ကြပြီး ရေအိုးစဉ်ကျေးရွာမှ နေထိုင်သူနှစ်ဦးလည်း ပါဝင်သည်ဟု ကေအဲန်ယူ၏ ထုတ်ပြန်ချက်ကနေ သိရသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ကာမိုင်းဒေသမှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ဒုတပ်ရင်းမှူး ၁ဦးကို စစ်တပ် လက်အောက်ခံ ရှမ်းနီတပ် SNA ရဲ့ ဖမ်းဆီးခြင်းခံရမှုမဟုတ်ဘဲ သတင်းအမှားသာဖြစ်ကြောင်း KIA စစ်ဘက်တာဝန်ရှိသူက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့ရဲ့ မြို့နယ်တွေမှာ စက်တင်ဘာ ၂ပတ်အတွင်း မတရားဖမ်းဆီးပေါ်တာဆွဲခံရသူ ၉၀ ကျော် ရှိတယ်လို့ မြေပြင်ကင်းထောက်အဖွဲ့တွေနဲ့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ဝေါမြို့နယ်ထဲကညောင်ခါးရှည်စစ်ဆေးရေးဂိတ်မှာ လက်ရှိ စက်တင်ဘာလ ပထမအပတ်ကစပြီး ထိုင်းကုန်ပစ္စည်းသယ်ဆောင်လာတဲ့ ကားအစီးရေ ၁၀၀ ခန့်ကို အာဏာသိမ်းစစ်တပ်ရဲ့ စစ်ဆေးရေးအဖွဲ့က ဖမ်းဆီးသိမ်းဆည်းလိုက်တယ်လို့ ကားသမားသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့၊ ရွှေပြည်သာနဲ့ လှိုင်သာယာမြို့နယ်တွေမှာ လူငယ်တွေကို လိုက်လံဖမ်းဆီးနေတဲ့အဖွဲ့တွေ သောင်းကျန်းနေပြီး လာဖမ်းရင် အဖမ်းမခံဘဲ ခုခံကြဖို့ ရွှေပြည်သာမြို့နယ်၊ ဘိုရှည်ကုန်းကျေးရွာက စစ်တပ်ခန့်အုပ်ချုပ်ရေးမှူး ဝင်းဇော်က ပြောပါတယ်။