Connect with us

Hi, what are you looking for?

သတင်း

စစ်တပ်လက်အောက် BGF ရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒေသခံတွေ စိုးရိမ်နေ

BGF တပ်ဖွဲ့တွေသည် ဒွယ်လိုးမြို့နယ်၊ မဲပလီကျေးရွာအုပ်စုအတွင်းရှိ လယ်ကွဲအထက်၊ လယ်ကွဲအောက်၊ တခေါ်ခို့၊ ပိုကျီနဲ့ မဲကုလားရွာတွေမှ ဒေသခံရွာသားများအား ပျဉ်းကတိုးသစ်လုံးများအား မဖြစ်မနေခုတ်ပေးရမည်စြဖ်ကြောင်း အမိန့်ပေးလိုက်သည်ဟု ရွာသားများက ပြောသည်။

စစ်တပ်လက်အောက် BGF ရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒေသခံတွေ စိုးရိမ်နေ
စစ်တပ်လက်အောက် BGF ရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒေသခံတွေ စိုးရိမ်နေ

စစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့်တပ်(BGF) သည် ဒေသခံရွာသားများအား မတရားခိုင်းစေမှုတွေ ပြုလုပ်နေပြီး လက်နက်ကြီးနှင့်လည်းပစ်ခတ်ခဲ့ခြင်းကြောင့် ဒေသခံများ စိုးရိမ်ထိတ်လန့်မှု တိုးပွားလျက်ရှိသည်ဟု ကေအဲန်ယူ-မူတြော်သတင်းစဉ်တွင် ဖော်ပြထားပါသည်။

ပြီးခဲ့သည့်ရက်ပိုင်းက BGF တပ်ဖွဲ့(၁၀၀)ကျော်ခန့်သည် ကမမောင်းမြို့ အုန်းတောလှေဆိပ်ကနေတစ်ဆင့် ကော်သူးလေအုပ်ချုပ်နယ်မြေ မူတြော်ခရိုင် တပ်မဟာ(၅)ထဲတွင် ဝင်ရောက်ရှိလာခဲ့ပြီး တပ်မဟာ(၅)ထိန်းချုပ်နယ်မြေအတွင်း ထပ်မံဝင်ရောက်လှုပ်ရှားလာခဲ့သည့် BGF တပ်များသည် တပ်နယ်(၂) တပ်နယ်(၃)မှ တပ်ဖွဲ့ဝင်တွေဖြစ်သည်ဟု မူတြော်သတင်းစဉ်ထံမှ သိရသည်။

BGF တပ်ဖွဲ့တွေသည် ဒွယ်လိုးမြို့နယ်၊ မဲပလီကျေးရွာအုပ်စုအတွင်းရှိ လယ်ကွဲအထက်၊ လယ်ကွဲအောက်၊ တခေါ်ခို့၊ ပိုကျီနဲ့ မဲကုလားရွာတွေမှ ဒေသခံရွာသားများအား ပျဉ်းကတိုးသစ်လုံးများအား မဖြစ်မနေခုတ်ပေးရမည်စြဖ်ကြောင်း အမိန့်ပေးလိုက်သည်ဟု ရွာသားများက ပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာ(၂၂)ရက်နေ့က ဖာပွန်-ကမမောင်းကားလမ်း မိုင်တိုင်(၄၀)ဝန်းကျင်၌ လှုပ်ရှားနေသည့် BGFတပ်ရင်းအမှတ်(၁၀၁၃)တပ်ဖွဲ့များက ဘူးသိုမြို့နယ်၊ ကျောပါးကျေးရွာအုပ်စု၊ ဒေညားထာဒေသတွင် (၆၀-မမ)လက်နက်ကြီးနှစ်လုံးပစ်ချခဲ့သည့်အတွက် ထိုဒေသအနီးတစ်၀ိုက်တွင်နေထိုင်သည့် ဒေသခံရွာသားများ စိုးရိမ်ထိတ်လန့်မှုများ တိုးပွားလျက်ရှိသည်။

Public Service Announcement

Public Service Announcement

ထို့ပြင် ဖာပွန်ခရိုင် တပ်မဟာ(၅)နယ်မြေအတွင်းတွင် စက်တင်ဘာ(၂၂)နှင့် (၂၃)ရက်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များအား ကော်သူးလေတပ်မတော် အမှတ်(၅)တပ်မဟာလက်အောက်ခံ တပ်ဖွဲ့ဝင်များက ဘူးသိုမြို့နယ်၊ နတ်တောင်စခန်းအား နှစ်ကြိမ်၊ လူသောမြို့နယ် ဝါဒိုးဒေးဒေသတွင်တစ်ကြိမ်၊ ထော်မူပလယ်တွင် တစ်ကြိမ်၊ ဒွယ်လိုးမြို့နယ် ဝါးသိုးခိုးကျေးရွာအနီးတွင် တစ်ကြိမ်၊ မဲ၀ိုင်စခန်းအနီးတွင် တစ်ကြိမ် ခြုံခိုဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ လေးဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရရှိခဲ့သည့်အပြင် စစ်သုံးကားတစ်စီးပျက်စီးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များထံကနေ သိရပါသည်။

ဆက်စပ်သတင်းများ

ဆောင်းပါး

ရခိုင်ပြည်နယ်မှာ ၁၄ မြို့နယ်ဆုံးရှုံးထားတဲ့စစ်တပ်က အင်အားအများအပြားသုံးပြီးတန်ပြန်ထိုးစစ်ဆင်တာ သုံးပါတ်ရှိပါပြီ။သုံးပါတ်တိုင်ကြာလာပေမယ့် အာဏာသိမ်း စစ်တပ်က စခန်းတစ်ခုမှပြန်သိမ်းနိုင်တာမရှိဘဲ စစ်တပ်ရဲ့ကာကင်စခန်းနဲ့ ​ခြေကုတ်​စခန်း​တွေကိုသာ AA ကပြန်သိမ်းသွားပါတယ်။

သတင်း

ကချင်ပြည်နယ်အတွင်း လေကြောင်းအန္တရာယ်သတိပြုဖို့ တော်လှန်ရေးအင်အားစုတွေက သတိပေးထားစဉ်မှာပဲ ဖားကန့်မြို့နယ်ကို စစ်တပ်က Y12လေယာဉ်နဲ့ ဗုံးအလုံး၂၀ကျော်ကြဲချသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ပျူ​စောထီး ၇ဦးသေဆုံးပြီး လက်နက်တချို့သိမ်းယူ

သတင်း

မန္တလေးတိုင်း၊မြင်းခြံမြို့အခြေစိုက် စစ်တပ်ရဲ့ ခမရ(၁၅)တပ်ရင်းက ဘုန်းတော်ကြီးသင်ပညာရေးကျောင်း(ဘကကျောင်း)ကို လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် KG တန်း ကလေးငယ် ၁ဦး သေဆုံးပြီး ကျောင်းသား၂ဦး ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ မြင်းခြံမြို့နယ် ပြည်သူ့ကာကွယ်‌ရေးအဖွဲ့ (ပကဖ)က ပြောပါတယ်။

Facebook