သတင်း ထီးချိုင့်တိုက်ပွဲ စစ်ကောင်စီတပ်ထိခိုက်မှုရှိ၍ လေကြောင်းမှ နှစ်ရက်ဆက်တိုက်ခိုက်ခြင်းဟု ဒေသခံပြော စစ်ကောင်စီတပ်သည် စစ်ကိုင်းတိုင်းရှိ မြို့နယ်အများအပြား၌ ကျေးရွာများရှိ ပြည်သူလူထု နေအိမ်များကို မီးရှို့ဖျက်ဆီးမှုများ ဆက်တိုက်လုပ်ဆောင်လျက်ရှိသည်။ LuduNwayOoနိုဝင်ဘာ 29, 2022
သတင်း ဝင်းရေးမြို့နယ်အတွင်း စစ်တပ်က အရပ်သားများကိုဖမ်းဆီးနေကြောင်း ဒေသခံများပြော ပြီးခဲ့သော နိုဝင်ဘာလ(၂၁)ရက်က တပ်မဟာ(၆)နယ်မြေအတွင်းရှိ စစ်ကောင်စီလက်အောက်ခံ တောင်ကလေးရဲစခန်း ပစ်ခတ်တိုက်ခိုက်ခံရပြီးသည့်နောက် စစ်ကောင်စီတပ်သည် အင်အားအများအပြားဖြင့် ထိုဒေသအတွင်းတွင် စစ်ရေးဝင်ရောက်လှုပ်ရှားလာခဲ့ခြင်းဖြစ်သည်။ LuduNwayOoနိုဝင်ဘာ 28, 2022
သတင်း ခင်ဦးနယ် မြင်းဒေါင်းရွာတွင် စစ်ကောင်စီတပ်က ဒေသခံပြည်သူသုံးဦးကို မီးရှို့သတ်ဖြတ် စစ်ကောင်စီတပ်သည် နိုဝင်ဘာ၂၆ရက်က မြင်းဒေါင်းကျေးရွာအား မီးရှို့ခဲ့ရာ ကျေးလက် ကျန်းမာရေးဆေးခန်းအပါအဝင် ဈေးတန်းအဆောင် ၂၀ကျော် နှင့် ရွာမြောက်ပိုင်းနေအိမ် ငါးလုံးခန့် ပျက်စီးသွားခဲ့ကြောင်း ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောသည်။ LuduNwayOoနိုဝင်ဘာ 28, 2022
သတင်း ခင်ဦးတွင် PDF ရဲဘော်နှစ်ဦး မိုင်းမတော်တဆမှုကြောင့်ကျဆုံး၊ စစ်ကောင်စီတပ်က ဒေသခံပြည်သူခြောက်ဦး သတ်ဖြတ်သွား ခင်ဦးမြို့နယ်တွင် စစ်ကောင်စီတပ်က စစ်ကြောင်း နှစ်ခုပေါင်း ခန့်မှန်းအင်အား၂၀၀ကျော်ဖြင့် စစ်ကြောင်းထိုးနေပြီး ၄ရက်အတွင်း ကျေးရွာပေါင်း ၉ရွာရှိ နေအိမ် ၄၀၀ကျော်ကို မီးရှို့ဖျက်ဆီးထားသည်။ LuduNwayOoနိုဝင်ဘာ 21, 2022
သတင်း ခင်ဦးနှင့် ရွှေဘိုနယ်စပ်ရှိ ရွာများကို စစ်ကောင်စီတပ်က သုံးရက်အတွင်း နေအိမ် ၅၀၀ကျော် မီးရှို့ဖျက်ဆီး၊ ဒေသခံပြည်သူ ငါးဦးသတ်ဖြတ်ခံရ ဒေသတွင်း PDFများနှင့်လည်း တိုက်ပွဲဖြစ်ပွားနေပြီး ဒဏ်ရာရရှိသူများအား ထမ်းစင် နှစ်ခု၊ ခေါင်းပတ်တီးစီးဖြင့် နှစ်ဦးပါလာကာ အင်အား(၆၀)ကျော်ခန့်သာ မြင်တွေ့ရကြောင်း၊ ၁၀ဦးခန့် အင်အားလျော့ကျသွားကြောင်း KUDF Information Team က ပြောသည်။ LuduNwayOoနိုဝင်ဘာ 21, 2022
သတင်း ပွင့်ဖြူနယ်တွင် ရဲအင်အားမလုံလောက်၍ နေ့စားသမားခေါ်ပြီးယူနီဖောင်းဝတ်ကင်းစောင့်ခိုင်းနေဟု ဒေသခံပြော ပွင့်ဖြူရဲစခန်းနှင့်လယ်ကိုင်းရဲစခန်းတွင်အထက်ကရဲတပ်သားသစ် တောင်းသည်ကို မပေးနိုင်၍ ရပ်ကွက်ထဲရှိ ခိုးဆိုးနှိုက်နှင့် လေ့လွင့်သူအချို့ကို ညကင်းစောင့် နေ့စားသမားအဖြစ်ငှားရမ်း၍ အသုံးပြုနေကြောင်း၊ ရဲများကမူ အရပ်ဝတ်များဖြင့် နေထိုင်ကြောင်းဒေသခံတစ်ဦးကပြောသည်။ LuduNwayOoနိုဝင်ဘာ 20, 2022
သတင်း KIA နှင့်ဆက်စပ်သည်ဆိုကာ ဖားကန့်ဒေသခံငါးဦးကို စစ်ကောင်စီဖမ်းဆီး ကချင်ပြည်နယ်တွင် KIA ၊ PDF ပူးပေါင်းအဖွဲ့နှင့် စစ်ကောင်စီတပ် စစ်ရေးတင်းမာနေသည်။ ယမန်နေ့ ညနေနှင့်ညဘက်တွင် ဖားကန့်၊ မန်စီမြို့နယ်တို့၌ တိုက်ပွဲများဖြစ်ခဲ့သည်။သို့သော် နောက်ဆက်တွဲ ထိခိုက်မှုကို မသိရသေးပေ။ LuduNwayOoနိုဝင်ဘာ 19, 2022
သတင်း စဥ့်ကိုင်ရွာကို စစ်အုပ်စု မီးဝင်ရှို့၊ မင်းဝံတောင်ရိုးတစ်လျှောက် ရွာများမှ ဒေသခံထောင်ချီထွက်ပြေးတိမ်းရှောင်နေရ ဝက်လက်နယ်နှင့်စစ်ကိုင်းနယ်အရှေ့ခြမ်း၌ စစ်ကြောင်းထိုးဖျက်ဆီးနေသော စစ်ကောင်စီတပ်သည် ယနေ့ နိုဝင်ဘာလ ၁၇ ရက်နေ့ညနေပိုင်းတွင် စစ်ကိုင်းမြို့နယ်၊စဉ့်ကိုင်ရွာသို့ အင်အား၂၀၀ ခန့်ဖြင့် ပစ်ခတ်ဝင်ရောက်ကာ နေအိမ်များအား မီးရှို့ဖျက်ဆီးသွားကြောင်း ဒေသခံများက ပြောသည်။ LuduNwayOoနိုဝင်ဘာ 17, 2022
သတင်း ရှော့တိုက်ဒုံးဖြင့်တိုက်ခိုက်ခံရသည့် မကွေးလေတပ် ထိခိုက်မှုရှိနိုင်ဟု ဒေသခံပြော ယမန်နေ့ တိုက်ခိုက်ခံရမှုကြောင့် လေယာဥ်ထိခိုက်ပျက်စီးမှု၊ စစ်ကောင်စီတပ်သားသေဆုံးမှုရှိသည်ဟု သတင်းရေးသားဖော်ပြမှုများကိုတွေ့ရသော်လည်း ယင်းအခြေအနေအပေါ် သီးခြားအတည်မပြုနိုင်ပေ။ LuduNwayOoနိုဝင်ဘာ 16, 2022
သတင်း မကွေးလေတပ်ကို တော်လှန်ရေးတပ်ဖွဲ့များ ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်တိုက်ခိုက်ဟု ဒေသခံပြော ထိုသို့ တိုက်ခိုက်ခံရမှုကြောင့် မကွေးလေတပ်အတွင်း ဆောင်ရွက်နေသည့် တည်ဆောက်ရေးလုပ်ငန်းမှ အလုပ်သမားများကို လေတပ်အတွင်း ဝင်ခွင့်မပြုဟု သိရသည်ဟု ၎င်းက ဆိုသည်။ LuduNwayOoနိုဝင်ဘာ 15, 2022