Connect with us

Hi, what are you looking for?

သတင်း

တန့်ဆည်တွင် စစ်အုပ်စုက စစ်ကြောင်းနှစ်ကြောင်းခွဲကာ ရွာသုံးရွာကို မီးရှို့ဖျက်ဆီး၊ ဒေသခံအများအပြား ထွက်ပြေးတိမ်းရှောင်နေရ

စစ်ကြောင်းတစ်ကြောင်းသည် မွန်းလွဲပိုင်းတွင် တန့်ဆည်မြို့နယ်ရှိ ဂွေးကုန်းကျေးရွာကို ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့ပြီး နေအိမ် ၁၀လုံးခန့် မီးလောင်ပြာကျခဲ့ကြောင်း ဒေသခံများက ပြောသည်။

ထွက်ပြေးတိမ်းရှောင်နေရသည့် ရွာခံများအား တွေ့ရစဥ်၊ ဓာတ်ပုံ-TCRF-PLA
ထွက်ပြေးတိမ်းရှောင်နေရသည့် ရွာခံများအား တွေ့ရစဥ်၊ ဓာတ်ပုံ-TCRF-PLA

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်တွင် စစ်ကောင်စီတပ်က စစ်ကြောင်းနှစ်ကြောင်းခွဲကာ ကျေးရွာ သုံးရွာကို မီးရှို့ဖျက်ဆီးသွား၍ ရွာသူ၊ရွာသားများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများက ပြောသည်။

တန့်ဆည်မြို့နယ်ရှိ ​ပျုများကြီးစိုးရာ ကဘဲ၊ ဘေရင်း၊ ကျွန်းလည်မှ အင်အား ၁၀၀ခန့်ပါ စစ်ကောင်စီတပ်နှင့်ပျူများသည် ယမန်နေ့(စက်တင်ဘာ ၂၀ ရက်)က စစ်ကြောင်းနှစ်ကြောင်းခွဲကာ စစ်ကြောင်းထိုးခဲ့သည်။

စစ်ကြောင်းတစ်ကြောင်းသည် မွန်းလွဲပိုင်းတွင် တန့်ဆည်မြို့နယ်ရှိ ဂွေးကုန်းကျေးရွာကို ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့ပြီး နေအိမ် ၁၀လုံးခန့် မီးလောင်ပြာကျခဲ့ကြောင်း ဒေသခံများက ပြောသည်။

ထွက်ပြေးတိမ်းရှောင်နေရသည့် ရွာခံများအား တွေ့ရစဥ်၊ ဓာတ်ပုံ-TCRF-PLA
ထွက်ပြေးတိမ်းရှောင်နေရသည့် ရွာခံများအား တွေ့ရစဥ်၊ ဓာတ်ပုံ-TCRF-PLA

ထို့နောက် ကျန်စစ်ကြောင်းတစ်ကြောင်းသည် ညနေပိုင်းတွင် အင်းပတ်ကျေးရွာနှင့် အိုးသည်ကုန်းရွာတို့ကို မီးရှို့ဖျက်ဆီးခဲ့ပြီး ပျက်စီးမှုအခြေအနေ မသိရသေးကြောင်း၊ ကျေးရွာသုံးရွာမှ ပြည်သူအများအပြား ထွက်ပြေးတိမ်းရှောင်နေရကြောင်း ​ဒေသခံများက ပြောသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

အဆိုပါ စစ်ကြောင်းသည် ပြီးခဲ့သည့် စက်တင်ဘာ ၁၆ရက်က အုပ်ဖိုအိုင်ကျေးရွာ၌ ဒေသခံပြည်သူနှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်အပါအဝင် ၉ ဦးကို မီးရှို့သတ်ဖြတ်ခဲ့ကြောင်း သိရသည်။

စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးသတ်ဖြတ်နေ၍ စစ်ကြောင်းဦးတည်ရာ လမ်းတစ်လျှောက်ရှိ ကျေးရွာများမှ ရွာသူရွာသားများအနေဖြင့် ၎င်းတို့နှင့် ဝေးရာသို့ ကြိုတင်ရွှေ့ပြောင်းထားရန် ဒေသတွင်းပြည်သူ့ကာကွယ်ရေးအဖွဲ့များက သတိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဆိုင်ကယ်စီးနင်းသူတွေကို လိုက်လံစစ်ဆေးဖမ်းဆီးပြီး ကျပ်သိန်းချီတောင်းနေကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

​မကွေးတိုင်း၊ ရေစကြိုမြို့မှာ စစ်အုပ်စုက ကျေးရွာတွေကနေ စျေးဝယ်တက်လာတဲ့ စျေးကားတွေပေါ်က ပြည်သူတွေကို ငွေကြေး အဓမ္မတောင်းခံနေကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ စစ်တပ်စစ်ကြောင်းက နေအိမ်တွေအပြင် ဒေသခံတောင်သူသူတွေရဲ့ မျိုးမြေပဲတွေကိုပါ မီးရှို့ဖျက်ဆီးနေကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ မြစ်ခြေမြို့ပေါ်ကို အာဏာသိမ်းစစ်တပ်က မီးရှို့ဖျက်ဆီးသွားပြီး ပြည်သူအချို့ ဖမ်းဆီးသတ်ဖြတ်ခံထားရကြောင်း ဒေသခံတွေက ပြောပါတယ်။