Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

မြောင်မြို့နယ် ညောင်ကားရားရွာ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးနေ၍ ဒေသခံများ ထွက်​​ပြေးတိမ်းရှောင်နေရ

စစ်ကောင်စီတပ်သည် ညောင်ကားရားရွာကို ဧရာဝတီမြစ်ကြောင်းမှ တစ်ဆင့် ယနေ့(အောက်တိုဘာ ၈ရက်) နံနက် ၉နာရီခန့်တွင် ဝင်ရောက်လာ​ခြင်းဖြစ်သည်။

မြောင်ဒေသ စစ်ဘေးရှောင်စခန်းတစ်ခု၌ တွေ့ရသော စစ်ဘေးရှောင်များ၊ ဓာတ်ပုံ-CDSOM
မြောင်ဒေသ စစ်ဘေးရှောင်စခန်းတစ်ခု၌ တွေ့ရသော စစ်ဘေးရှောင်များ၊ ဓာတ်ပုံ-CDSOM

စစ်ကိုင်းတိုင်း မြောင်မြို့နယ် ညောင်ကားရားကျေးရွာကို စစ်ကောင်စီတပ်က ဝိုင်းထားပြီး စစ်ကြောင်းထိုးနေသောကြောင့် ​ဒေသခံများ ထွက်​​ပြေးတိမ်းရှောင်နေကြရကြောင်း ဒေသခံများက ပြောသည်။

“တောင်မှာ တစ်ဖွဲ့ရှိတယ်။ မြောက်မှာတစ်ဖွဲ့၊ အရှေ့မှာတစ်ဖွဲ့ရှိတယ်။ရွာကို ဝိုင်းပြီး ရှင်းလင်းရေးပုံစံဝင်သွားပြီ။ ပြည်သူတွေအတွက် စိတ်ပူစရာပဲ”ဟု မြောင်မြို့နယ်မှ ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်သည် ညောင်ကားရားရွာကို ဧရာဝတီမြစ်ကြောင်းမှ တစ်ဆင့် ယနေ့(အောက်တိုဘာ ၈ရက်) နံနက် ၉နာရီခန့်တွင် ဝင်ရောက်လာ​ခြင်းဖြစ်သည်။

ညောင်ကားရားရွာသည် မြင်းခြံနှင့်မြောင်မြို့နယ်ကြားတွင် တည်ရှိသည်။ ဒေသခံလူဦးရေ တစ်ထောင်ကျော်သည် အနီးပတ်ဝန်းကျင်ကျေးရွာများသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်။

Public Service Announcement

Public Service Announcement

“အခါကြီး ရက်ကြီးမှာ စစ်ကြောင်းထိုးလာတယ်။ ဘာပဲဖြစ်ဖြစ် တနေ့ကျရင် စစ်အာဏာရှင်ကို ခွေးမောင်းသလို မောင်းထုတ်သွားမယ်”ဟု မြောင်မြို့ခံတစ်ဦးက ပြောသည်။

မြောင်မြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်သည် ဒေသခံပြည်သူများ၏ နေအိမ်နှင့် စစ်ဘေးရှောင်များနေထိုင်သည့် ဘာသာရေးအဆောက်အအုံ နေရာများကိုပါ မိုင်းထောင်ခြင်းများပြုလုပ်နေ၍ သတိထားကြရန် မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့ CDSOMက သတိပေးထားသည်။

ဆက်စပ်သတင်းများ

ဘာသာပြန် ဆောင်းပါး

အာဏာသိမ်း စစ်တပ်ရဲ့ လုံခြုံရေး တပ်ဖွဲ့ဝင်တွေက ရက်ရက်စက်စက် ဖြိုခွင်းမှုတွေကို ဆန္ဒပြသူတွေက အဆင်ပြေသလို ကြုံရာကျပန် ဖန်တီးထားတဲ့ လက်လုပ်​သေနတ်တွေနဲ့ ခုခံခဲ့ကြပါတယ်။

သတင်း

စစ်ကောင်စီ နှင့် AA သည် ဘူးသီးတောင်၊ မောင်တော၊ သံတွဲ၊ ကျောက်ဖြူ ၊ အမ်း၊ ​တောင်ကုတ် စသည့် မြို့နယ်များတွင်တိုက်ပွဲများဖြစ်ပွား​နေသည်။

သတင်း

ဧပြီ လ ၂၈ ရက်ကပင် ဒီးမော့ဆို မြို့နယ်၊ပူဖားကျေး ရွာမှာနွားကျောင်းနေသည့် အသက် (၁၄)နှစ်အရွယ် အမျိုးသား တစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ​က ဆိုသည်။

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။