Connect with us

Hi, what are you looking for?

All posts tagged "ဒေါ်အောင်ဆန်းစုကြည်"

အတွေးအမြင်

၁၉၈၈-၈၉ ခရီးဖော်ဆရာက နတ်မောက်ထဲက ကြာကန်ရွာမှာ နွားလှည်းစီးခဲ့တုန်းက ပုံလေးကို ပို့လာတယ်။ အမက နေပူလို့ ခေါင်းစီးလေးနဲ့။ ကျမက ကျောပေးပြီး ထိုင်နေတော့ ခေါင်းနဲ့ကျောပဲ မြင်ရတယ်။ ဘိုကေခေါင်းလေးကို ခရီးဖော်တွေကတော့ မှတ်မိနေတာပေါ့။ လွန်ခဲ့တဲ့ နှစ်လေးဆယ်နီးပါးတုန်းကဆိုတော့ အတော့်ကို ကြာခဲ့ပြီ။

သတင်း

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့တွင်ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံးလွတ်မြောက်ရေး ဆန္ဒပြု ဆုတောင်း မေတ္တာပို့ပေးကြရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီ က တိုက်တွန်းချက် ထုတ်ပြန်ကြေညာသည်။

သတင်း

ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့ အထိမ်းအမှတ်သားဖြစ်သူ ကင်မ်အဲရစ်ရဲ့ Challenge မှာ အဆိုတော် Rဇာနည်က ဒိုက်အကြိမ် ၈၀ ထိုးပြီးပါဝင်ခဲ့ပါတယ်။

သတင်း

ဇွန်-၅၊၂၀၂၅။People’s Spring အာဏာသိမ်းစစ်ကောင်စီရဲ့မတရားဖမ်းဆီး အကျဉ်းချမှုကို ခံထားရတဲ့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်ပြီးဗြိတိန် ဝန်ကြီးချုပ်ကိုယ်တိုင်ပါဝင် ဖြေရှင်းပေးဖို့ တောင်းဆိုမှုတွေ ရှိလာပါတယ်။ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်မှာ စစ်တပ်ရဲ့ မတရား အာဏာသိမ်း ဖြုတ်ချတာခံခဲ့ရတဲ့ ဒီမိုကရေစီအစိုးရရဲ့ခေါင်းဆောင်ဖြစ်သူဒေါ်အောင်ဆန်းစုကြည်ဟာ...

သတင်း

ဇွန်လ ၁၉ရက်တွင် ကျရောက်မည့် မိခင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်၏ အသက် ၈၀ ပြည့်မွေးနေ့ အထိမ်းအမှတ်အနေဖြင့် ၈၀ နှင့်ပတ်သက်သည့် Challenge များပြုလုပ်ရန် သားဖြစ်သူ ကိုထိန်လင်း (ခေါ်) ကင်မ်အဲရစ်က ဖိတ်ခေါ်ထားသည်။

သတင်း

အမေရိကန်ပြည်ထောင်စု၊ တက္ကဆက်ပြည်နယ် ဟူစတန်မြို့မှာ ၁၆ ကြိမ်မြောက် ပြည်သူ့ဂုဏ်ရည် ဂုဏ်ပြုမှု အခမ်းအနားကျင်းပခဲ့ရာ ဒီနှစ်အတွက် ရွေးချယ်ပေးအပ်ချီးမြှင့်ခြင်းခံရတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အတွက် သူ့ကိုယ်စား သားဖြစ်သူ ကိုထိန်လင်းက ဆုလက်ခံရယူခဲ့တယ်လို့ သိရပါတယ်။

သတင်း

၁၆ ကြိမ်မြောက် ပြည်သူ့ဂုဏ်ရည်ဂုဏ်ပြုမှုအဖြစ် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ရွေးချယ်ခဲ့ခြင်းမှာ အကြမ်းဖက် စစ်အာဏာရှင်ကို ဒူးမထောက်ဘဲ ကြံ့ကြံ့ခံတွန်းလှန်နေတဲ့ စိတ်ခွန်အားများကို ဦးညွှတ် ဂုဏ်ပြုခြင်းဖြစ်တယ်လို့ ပြည်သူ့ဂုဏ်ရည်အသင်း ဗဟိုအလုပ်အမှုဆောင်အဖွဲ့က ထုတ်ပြန်လိုက်ပါတယ်။

သတင်း

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီဝင်အချို့က စစ်ကောင်စီ၏ ရွေးကောက်ပွဲကော်မရှင်ထံ ပါတီ ပြန်လည်မှတ်ပုံတင်ရန် ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ထံ သွားရောက်ခွင့်တောင်းခဲ့ရာ ဒေါ်အောင်ဆန်းစုကြည်က လက်မခံခဲ့ကြောင်း သိရသည်။

သတင်း

လေကြောင်းတိုက်ခိုက်မှုတွေကို ရပ်တန့်ပြီး ငလျင်ဘေးသင့် ပြည်သူတွေအပေါ် ထိရောက်တဲ့ လူသားချင်း အကူအညီတွေ ရောက်ရှိနိုင်အောင် ခွင့်ပြုပေးဖို့၊ နိုင်ငံတော် အကြီးအကဲ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတကြီး ဦးဝင်းမြင့်တို့ အပါအဝင် နိုင်ငံရေး အကျဉ်းသားတွေကို လွှတ်ပေးဖို့ စစ်ကောင်စီကို ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံး (OHCHR)ကတောင်းဆိုလိုက်ပါတယ်။

သတင်း

အာဂျင်တီးနားတရားရုံး၏ ဖမ်းဝရမ်းတွင် စစ်ခေါင်းဆောင်မင်းအောင်လှိုင်တို့နှင့်အတူ သမ္မတဟောင်းဦးထင်ကျော်နှင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိလ်ဒေါ်အောင်ဆန်းစုကြည်တို့အား တရားခံစာရင်း၌ ထည့်သွင်းထားခြင်းက မှားယွင်းသောစွပ်စွဲဆောင်ရွက်ချက်အဖြစ် အမျိုးသားညီညွတ်ရေးအစိုးရ NUG က မှတ်ယူပြီး အရပ်သားခေါင်းဆောင်နှစ်ဦးကို တရားစွဲဆိုထားခြင်းမှ ဖယ်ရှားပေးရန် တောင်းဆိုလိုက်သည်။

Facebook