Connect with us

Hi, what are you looking for?

သတင်း

NUG ယာယီသမ္မတနှင့် ဒေါ်အောင်ဆန်းစုကြည်၏သားဖြစ်သူ ကိုထိန်လင်း တွေ့ဆုံ

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ယာယီသမ္မတ ဒူဝါလရှီးလနှင့် ဒေါ်အောင်ဆန်းစုကြည်၏ သားဖြစ်သူ ကိုထိန်လင်း(ခ) Kim Aris တို့ တွေ့ဆုံခဲ့ကြောင်း ယာယီသမ္မတနှင့် ကိုထိန် လင်းတို့က ယနေ့ စက်တင်ဘာ ၁၄ရက်တွင် သတင်းထုတ်ပြန်သည်။

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ယာယီသမ္မတ ဒူဝါလရှီးလနှင့် ဒေါ်အောင်ဆန်းစုကြည်၏ သားဖြစ်သူ ကိုထိန်လင်း(ခ) Kim Aris တို့ တွေ့ဆုံခဲ့ကြောင်း ယာယီသမ္မတနှင့် ကိုထိန် လင်းတို့က ယနေ့ စက်တင်ဘာ ၁၄ရက်တွင် သတင်းထုတ်ပြန်သည်။

စက်တင်ဘာ-၁၄၊ ၂၀၂၅။ ဟန်နွေ/People’s Spring

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ယာယီသမ္မတ ဒူဝါလရှီးလနှင့် ဒေါ်အောင်ဆန်းစုကြည်၏ သားဖြစ်သူ ကိုထိန်လင်း(ခ) Kim Aris တို့ တွေ့ဆုံခဲ့ကြောင်း ယာယီသမ္မတနှင့် ကိုထိန် လင်းတို့က ယနေ့ စက်တင်ဘာ ၁၄ရက်တွင် သတင်းထုတ်ပြန်သည်။

အဆိုပါ တွေ့ဆုံမှုတွင် စစ်အာဏာရှင်ကို အဆုံးသတ်ရန်နှင့် စစ်မှန်သောဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရန် သန္နိဌာန်ကို အခိုင်အမာအတည်ပြုခဲ့ကြောင်း ယာယီသမ္မတ၏ ထုတ်ပြန်ချက်၌ ဖော်ပြသည်။

“ကျနော်တို့၏ ဆွေးနွေးချက်များထဲတွင် မြန်မာလူထု ရင်ဆိုင်ကြုံတွေ့နေရသည့် လူသားဘေးဒုက္ခ အကျပ်အတည်းဆိုင်ရာ အရေးပေါ် အခြေအနေ ၊ ကျနော်တို့ နိုင်ငံသားများ၏ ယုံကြည် ကိုးစားမှုကို ရယူနိုင်မည့် ခိုင်မာအားကောင်းပြီးတာဝန်ယူမှု တာဝန်ခံမှု ရှိသည့် ခေါင်းဆောင်မှုဆိုင်ရာလိုအပ်ချက်များ၊ နိုင်ငံရေးအရ ငြိမ်းချမ်းစွာ အသွင်ကူးပြောင်းမှုကို ဦးတည်သည့် ပထမအဆင့် အဖြစ် ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ နိုင်ငံရေးအကျဉ်းသားအားလုံးကိုချက်ခြင်း နှင့် ခြွင်းချက်မရှိ လွှတ်ပေးရေး စသည်တို့ပါဝင်ပါသည်” ဟု ယာယီသမ္မတက အသိပေးသည်။

Public Service Announcement

Public Service Announcement

ထို့ပြင် ရက္ခိုင်ပြည်နယ် ကျောက်တော်မြို့ သရက်တပင်ကျေးရွာရှိ ပညာပန်းခင်းနှင့် အမြင်သစ် ကိုယ်ပိုင်အထက်တန်းစာသင်ကျောင်း နှစ်ကျောင်းအား စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကျောင်းသားကျောင်းသူများ အသက်ဆုံးရှုံးရသည့်အပေါ် အထူးဝမ်းနည်းကြေကွဲရကြောင်း ထုတ်ဖော်ခဲ့ကြသည်ဟု နှစ်ဖက်စလုံးက အသိပေးသည်။

“အသက်ငယ်ရွယ်တဲ့ ကျောင်းသားငယ်များနဲ့ သူတိုရဲ့ မိသားစုများအတွက် ကျွန်တော်တို အင်မတန် စိတ်မကောင်းကြီးစွာဖြစ်ရတယ်။ အသက်ငယ်ရွယ်လှတဲ့ ကလေးငယ်လေးတွေဟာ အိပ်ပျော်နေစဉ်အတွင်းမှာပဲ အသက်ဆုံးရှုံးခဲ့ရတယ်။ စစ်တပ်က ဒီလို ရက်စက်ကြမ်းကြုတ်လှတဲ့ လုပ်ရပ်တွေကို သူတိုရဲ့ အတုအယောင်ရွေးကောက်ပွဲမတိုင်ခင်မှာ ရပ်တန်းက ရပ်ရမယ်။ လွတ်လပ်ရေး၊ တရားဥပဒေတည်မြဲရေး၊ လူတစ်ဦးချင်းစီ လူ့ဂုဏ်သိက္ခာရရှိရေး တိုအတွက်အတူတကွ ပူးပေါင်းဆောင်ရွက်ကြရမယ်” ဟုလည်း ကိုထိန်လင်းက ထုတ်ပြန်ခဲ့သည်။

စစ်ကောင်စီအနေဖြင့် ၎င်းပြင်ဆင်နေသည့် အတုအယောင် ရွေးကောက်ပွဲ မတိုင်မီ အရပ်သားများအပေါ် အကြမ်းဖက်တိုက်ခိုက်သည့် လုပ်ရပ်များ ရပ်တန်းက ရပ်ရမည်ဖြစ်ကြောင်း၊ သွေးစည်းညီညွတ်မှုများမှတဆင့်သာ မြန်မာလူထုအားလုံးအတွက် ရေရှည်ခိုင်မာသော လွတ်လပ်မှု၊ ဂုဏ်သိက္ခာရှိမှုနှင့် တရားမျှတမှု တို့ကို ရရှိခံစားနိုင်မည်ဖြစ်ကြောင်း ယာယီသမ္မတက ထုတ်ပြန်ခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်၏ သားဖြစ်သူသည် စစ်အာဏာရှင်တော်လှန်ရေး လှုပ်ရှားမှုများ၌ တက်ကြွစွာ ပါဝင်လျက်ရှိပြီး မကြာသေးမီကလည်း အာရက္ခတပ်တော်(AA) စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်နှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

မိခင်ဒေါ်အောင်ဆန်းစုကြည် နဲ့ တွေ့ခွင့်​ပေးဖို့ ၊လွှတ်​ပေးဖို့ လန်ဒန်မြို့ မြန်မာသံရုံးက တစ်ဆင့် အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်ဆီကိုစာရေးသားပေးပို့ခဲ့တယ်လို့ ကင်မ်အဲရစ်(ခ)ကိုထိန်လင်းက အသိပေးထားပါတယ်။

သတင်း

ကနေဒါနိုင်ငံ၊ ဗန်ကူးဗား ဆာရီမြို့ရှိ ဟော်လန်ပန်းခြံမှာ ပြည်ပရောက်မြန်မာတွေ ပါဝင်တဲ့ BCSBC အဖွဲ့က ဦးဆောင်ပြီး သံအမတ်ကြီးဦးကျော်မိုးထွန်းထောက်ခံရေးဆန္ဒပြပွဲနဲ့ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး "FREE HER" ကမ်ပိန်းကို စက်တင်ဘာ ၁၉ ရက်က ပြုလုပ်ခဲ့ပါတယ်။

သတင်း

မိခင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် မိခင်ရဲ့ နာမည် ၊ အကြောင်းအရာတွေကို ပြောပြီး ပါဝင်ပေးကြဖို့ သားဖြစ်သူ ကင်မ်အဲရစ်‌(ခ)ကိုထိန်လင်းက တောင်းဆိုထားပါတယ်။

သတင်း

ဗြိတိန်နိုင်ငံ လန်ဒန်မြို့မှာ ပြည်ပရောက်မြန်မာတွေ စုပေါင်းပြီး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဥ်းသားတွေ လွတ်မြောက်ရေးနဲ့ မြန်မာစစ်အာဏာရှင်ဆန့်ကျင်ရေး စက်တင်ဘာ ၈ရက်မှာ ပြုလုပ်ခဲ့ပါတယ်။

Facebook