Connect with us

Hi, what are you looking for?

သတင်း

ဒေါ်အောင်ဆန်းစုကြည်အပါအဝင်နိုင်ကျဥ်းများအားလုံးအမြန်ဆုံးလွတ်မြောက်ရေး စစ်အုပ်စုကို ဖိအားပေးဖို့ကုလနဲ့နိုင်ငံတကာကို NUG တိုက်တွန်း

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားများအားလုံး ကျန်းမာစွာဖြင့် အမြန်ဆုံးလွတ်မြောက်ရေးအတွက်စစ်အုပ်စုအပေါ် ထိရောက်တဲ့ ဖိအားပေးမှုတွေအဆောတလျင်ဆောင်ရွက်ကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG က ကုလသမဂ္ဂ၊ အာဆီယံ၊ အိမ်နီးချင်းနိုင်ငံတွေနဲ့ ကမ္ဘာ့အသိုင်းအဝိုင်းကို ဒီနေ့ တိုက်တွန်းလိုက်ပါတယ်။

နိုင်ငံ​တော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်​ဒေါ်​အောင်ဆန်းစုကြည်။ဓါတ်ပုံ-ရိုက်တာ

■ဒေါ်အောင်ဆန်းစုကြည်ကို ဆေးကုသခွင့်မပေးခြင်းဟာ နိုင်ငံရေးအရ ရည်ရွယ်ချက်ရှိရှိ အသက်အန္တရာယ် ခြိမ်းခြောက်ခြင်းဟုထုတ်ပြန်

စက်တင်ဘာ-၈၊ ၂၀၂၅။ People’s Spring

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားများအားလုံး ကျန်းမာစွာဖြင့် အမြန်ဆုံးလွတ်မြောက်ရေးအတွက်စစ်အုပ်စုအပေါ် ထိရောက်တဲ့ ဖိအားပေးမှုတွေအဆောတလျင်ဆောင်ရွက်ကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG က ကုလသမဂ္ဂ၊ အာဆီယံ၊ အိမ်နီးချင်းနိုင်ငံတွေနဲ့ ကမ္ဘာ့အသိုင်းအဝိုင်းကို ဒီနေ့ တိုက်တွန်းလိုက်ပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်အထူးလိုအပ်လျက်ရှိတဲ့ ထိရောက်တဲ့ ဆေးကုသခွင့်မပေးခြင်းဟာ နိုင်ငံရေးအရ ရည်ရွယ်ချက်ရှိရှိ အသက်အန္တရာယ် ခြိမ်းခြောက်ခြင်း ဖြစ်ပြီး ဖြစ်ပေါ်လာမယ့် အကျိုးဆက်များအားလုံးကို အကြမ်းဖက်စစ်အုပ်စုက အပြည့်အဝ တာဝန်ယူရမယ်လို့ NUG က သတိပေးပါတယ်။

Public Service Announcement

Public Service Announcement

“နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကျန်းမာရေးကောင်းခြင်း၊ မကောင်းခြင်းတင်မကဘူး။ ဘယ်နေရာမှာ ရှိနေတယ်ဆိုတာတောင်မှ အတိအကျ ဘယ်သူကမျှ မပြောနိုင်တဲ့ အခြေအနေမျိုးဖြစ်ပါတယ်။ မိသားစုနဲ့ တွေ့ခွင့်မရသလို၊ရှေ့နေတွေနဲ့လည်း တွေ့ခွင့်မရဘူး။ ဒီလိုအခြေအနေက အင်မတန်မှ စိုးရိမ်စရာကောင်းတဲ့ အခြေအနေဖြစ်တယ်လို့ ကျွန်တော်တို့က ပြောလိုပါတယ်”လို့ NUG ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က People’s Springကို ပြောပါတယ်။

အကြမ်းဖက်စစ်အုပ်စုရဲ့ မတရားဖမ်းဆီးထိန်းသိမ်းခြင်းခံနေရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ စိုးရိမ်ဖွယ်ရာ နှလုံးရောဂါအခြေအနေကို ခံစားနေရပြီး လုံလောက်တဲ့ ဆေးကုသမှုမရရှိကြောင်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားငယ်ဖြစ်သူ ကိုထိန်လင်း (ခ)ကင်မ်အဲရစ်က အသိပေးထားပါတယ်။

အဲဒီလိုအသိပေးမှုကြောင့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးအခြေအနေကို သိရှိရတဲ့အတွက် NUG အနေနဲ့ နက်ရှိုင်းစွာ စိုးရိမ်ပူပန်မိကြောင်း ဒီနေ့ ထုတ်ပြန်ပါတယ်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီ ဗဟိုအလုပ်ကော်မတီတို့ကလည်း ကိုထိန်လင်းရဲ့ ထုတ်ပြန်ချက်အရ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးနဲ့ပတ်သက်လို့ စိုးရိမ်ပူပန်ကြောင်း ထုတ်ပြန်ထားပါတယ်။

မတရားအကျဉ်းချခံထားရတဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ နှလုံးပိုင်းဆိုင်ရာ အခြေအနေ ပိုမိုဆိုးရွားလာလို့ စိုးရိမ်ကြောင်း အရေးပေါ်ကြေညာချက်ကို သားငယ်ဖြစ်သူ ကိုထိန်လင်းက ‘ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးနဲ့ အသက်အန္တရာယ် အရေးပေါ် စိုးရိမ်ချက်’ ဆိုပြီး စက်တင်ဘာ ၅ရက်မှာ ရုပ်သံဖိုင် ထုတ်ပြန်ခဲ့ပါတယ်။

အာဏာသိမ်းစစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးကောင်းမွန်တယ်လို့ ပြောဆိုထားပါတယ်။

NUG ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်ကတော့ အကြမ်းဖက်စစ်အုပ်စုဟာ အခုလိုအတိုင်းပဲ အလိမ်အညာမုသားတွေနဲ့ ပြောဆိုတဲ့ အလေ့အထရှိပြီး ဒီလိုမျိုး စစ်အုပ်စုဘက်က ထုတ်ပြောလာတာက ပိုပြီး စိုးရိမ်စရာ အခြေအနေလို့ မှတ်ယူတယ်လို့ People’s Springကို ပြောပါတယ်။

“တကယ်တမ်းကျန်းကျန်းမာမာနဲ့ ရှိနေတယ်ဆိုတာ သေချာတယ်ဆိုရင် အခုလိုမျိုး လူပုဂ္ဂိုလ်တစ်ယောက်က ထွက်ပြောတာနဲ့တော့ ကျွန်တော်တို့က ဘာမှ ယုံကြည်စိတ်ချစရာ အကြောင်းမရှိဘူး။ အဲဒါကြောင့် မိသားစုနဲ့ ပေးတွေ့တာဖြစ်ဖြစ်၊ ရှေ့နေတွေနဲ့ ပေးတွေ့တာဖြစ်ဖြစ် ဒါမှမဟုတ်ရင်လည်း ယုံကြည်စိတ်ချရတဲ့ တစုံတယောက်ကနေ သက်ရှိထင်ရှားရှိနေတယ်၊ ကျန်းမာရေးကောင်းမွန်တယ်ဆိုတာကို တွေ့ရမြင်ရတယ်ဆိုတာ တနည်းနည်းနဲ့ သက်သေပြနိုင်တယ်ဆိုရင်တော့ ကျွန်တော်တို့ တမျိုးစဉ်းစားရမှာပေါ့”လို့ ဦးနေဘုန်းလတ်က ပြောပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ကတော့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံတော်သမ္မတအပါအဝင် နိုင်ငံရေးအကျဉ်းသားတွေ အားလုံး ခြွင်းချက်မရှိ အမြန်ဆုံးလွတ်မြောက်ရေးအတွက် တစိုက်မတ်မတ်ကြိုးစားဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ NUG ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူက ဆက်ပြောပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ဗြိတိန်နိုင်ငံ လန်ဒန်မြို့မှာ ပြည်ပရောက်မြန်မာနိုင်ငံသားတွေ စုပေါင်းပြီး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိနေကြောင်းသက်သေပြပေးဖို့အတွက် "Proof of life" လှုပ်ရှားမှုကို ဇူလိုင် ၂၈ရက်မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

ထိုင်၀မ်နိုင်ငံ Sun Yat-Sen Memorial hall မှာ ပြည်ပရောက်မြန်မာတွေ စုပေါင်းပြီး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အသက်ရှင်နေသေးကြောင်း သက်သေပြဖို့ တောင်းဆိုတဲ့ Proof of Life လှုပ်ရှားမှုကို ဒီကနေ့ (ဇူလိုင် ၂၆) ပြုလုပ်ခဲ့ပါတယ်။

သတင်း

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ရဲ့မွေးနေ့မှာသံဃာတွေကိုဆွမ်းလောင်းပြီး မွေးနေ့ဆုတောင်းပေးခဲ့တဲ့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီရဲ့လွှတ်တော်ကိုယ်စားလှယ်ဟောင်းဒေါက်တာစောနိုင်ကိုအာဏာသိမ်းစစ်တပ်ကဖမ်းဆီးပြီးနောက် ထောင်ဒဏ်သုံးနှစ်ချလိုက်တယ်လို့ ပါတီနဲ့နီးစပ်သူအချို့ဆီကသိရပါတယ်။

ဆောင်းပါး

(ထူထဲလှတဲ့ထောင်နံရံနောက်က နိုဘယ်ဆုရှင်၏ အသက်အန္တရာယ်အပေါ် ကမ္ဘာ့စိုးရိမ်ပူပန်မှုများ)