Hi, what are you looking for?
ငလျင်ဒဏ်သင့်ပြည်သူများအတွက် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများထိရောက်စွာပေးနိုင်ရန် အပစ်ရပ်ထားသည်ကို စစ်ကောင်စီက အခွင့်ကောင်းယူပြီး အပြစ်မဲ့ပြည်သူများအား လေကြောင်းမှဗုံးကြဲတိုက်ခိုက်နေရာ ရခိုင်ပြည်နယ်တွင် နှစ်ရက်အတွင်း ပြည်သူ ၁၄ဦးသေဆုံးပြီး ၂၃ဦးဒဏ်ရာရခဲ့ကြောင်း အာရက္ခတပ်တော်(AA)က ယနေ့(မေလ ၁၄ရက်) ညပိုင်းတွင် သတင်းထုတ်ပြန်သည်။
အာရက္ခတပ်တော်(AA) ကအပစ်ရပ်ကြေညာချက်ဖြင့် ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်၌ ထိုးစစ်ရပ်တန့်ထားသော်လည်း စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲနေပြီး ဟင်္သာတမြို့အဝင်တနေရာတွင် လက်နက်ကြီးတပ်ဆင်ရန်စီစဉ်နေကြောင်း သတင်းရရှိသည်။
အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားသည့်ကျောက်တော်မြို့ကို စစ်ကောင်စီက ယနေ့ (ဧပြီ၁၉ရက်) နံနက်အစောပိုင်းက ဂျက်ဖိုက်တာသုံးစီးဖြင့် ဗုံးကြဲရာ ဒေသခံတစ်ဦးသေဆုံးပြီ ၂၀ကျော်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။