Connect with us

Hi, what are you looking for?

သတင်း

မူးယစ်ဆေးဝါးနှင့်ပတ်သက်၍AA အ​ပေါ်စစ်ကောင်စီစွပ်စွဲချက် မရိုးနိုင်သည့်လုပ်ကြံဝါဒဖြန့်မှုဟု AAပြော

မူးယစ်ဆေးဝါးများကိုရှမ်းပြည်နယ်မှရက္ခိုင်ပြည်နယ် နှင့် မလေးရှားရေပိုင်နက်သို့ကုန်းလမ်းနှင့် ပင်လယ်ရေကြောင်းအသုံးပြုသယ်ဆောင်ရောင်းဝယ်မှု အကြိမ်ကြိမ် ပြုလုပ်ရာတွင် အာရက္ခတပ်တော်(AA) အရာရှိ ပါဝင်ခဲ့ကြောင်းစစ်ကောင်စီ၏ စွပ်စွဲချက်သည်မရိုးနိုင်သည့် လုပ်ကြံ ဝါဒဖြန့်တိုက်ခိုက်မှု ဖြစ်ကြောင်း AA ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခကပြောသည်။

AA ​ပြော​ရေးဆိုခွင့်ရှိသူ ဦးခိုင်သုခ နှင့်စစ်​ကောင်စီ ထုတ်ပြန်ချက်

■မူးယစ်ဆေးသယ်ဆောင်ရောင်းဝယ်မှု အဓိက စီမံသူမှာ SSPP ဗိုလ်မှူးဖြစ်ပြီး AA ဗိုလ်မှူးက အခွန်ကောက်ခံဟု စစ်ကောင်စီ စွပ်စွဲထား

ဩဂုတ် ၂၃၊ ၂၀၂၅။ ရှိုင်း/People’s Spring

မူးယစ်ဆေးဝါးများကိုရှမ်းပြည်နယ်မှရက္ခိုင်ပြည်နယ် နှင့် မလေးရှားရေပိုင်နက်သို့ကုန်းလမ်းနှင့် ပင်လယ်ရေကြောင်းအသုံးပြုသယ်ဆောင်ရောင်းဝယ်မှု အကြိမ်ကြိမ် ပြုလုပ်ရာတွင် အာရက္ခတပ်တော်(AA) အရာရှိ ပါဝင်ခဲ့ကြောင်းစစ်ကောင်စီ၏ စွပ်စွဲချက်သည်မရိုးနိုင်သည့် လုပ်ကြံ ဝါဒဖြန့်တိုက်ခိုက်မှု ဖြစ်ကြောင်း AA ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခကပြောသည်။

AA ​ပြော​ရေးဆိုခွင့်ရှိသူ ဦးခိုင်သုခ နှင့်စစ်​ကောင်စီ ထုတ်ပြန်ချက်

ရန်ကုန်တိုင်းအတွင်းကျပ်ဘီလီယံ ၂၅၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါး ဖမ်းဆီးရမိသည်ဟုစစ်ကောင်စီ က သတင်းထုတ်ပြန်ရာတွင် ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)က ဗိုလ်မှူးအဆင့် စိုင်းစုဆိုသူကအဓိကစီမံပြီး AA ဗိုလ်မှူးဖြစ်သူက မူးယစ်ဆေးဝါးများ ရက္ခိုင်ပြည်နယ်သို့ ဖြတ်သန်းစဉ် ဖြတ်သန်းခ ငွေကြေား ကောက်ခံခဲ့ဟု စစ်ကောင်စီကစွပ်စွဲခဲ့ခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

“ဒီဟာကတော့အကြမ်းဖက်စစ်ကောင်စီရဲ့မရိုးနိုင်တဲ့မတရား လုပ်ကြံစွပ်စွဲ နိုင်ငံရေးအောက်လုံးတွေနဲ့ အောက်တန်းကျတဲ့ဝါဒဖြန့်တိုက်ခိုက်မှုတွေပဲဖြစ်ပါတယ်။အားလုံးသိကြတဲ့အတိုင်းပါပဲမြန်မာပြည်မှာ မူးယစ်ဆေးဝါး၊လောင်းကစား၊ကျားဖြန့်၊ လူကုန်ကူးမှု စတဲ့မကောင်းမှုဒုစရိုက်လုပ်ငန်းဟူသမျှကို မင်းအောင်လှိင်ဦးဆောင်တဲ့ အကြမ်းဖက် ဖက်ဆစ်စစ်ရာဇဝတ်ဂိုဏ်းက ဦးဆောင်ထိန်းချုပ် လုပ်ကိုင်နေတာဖြစ်ပါတယ်။ ဥပမာပြရမယ်ဆိုလို့ရှိရင် မကြာခင်က ပဲခူးဖက်မှာသူတိုအချင်း ချင်းစားခွက်လုရာကနေမူးယစ်ဆေးဝါးပမာဏ အများကြီးနဲ့ လက်ပူးလက်ကျဖမ်းမိတဲ့သူတိုစစ်ကောင်စီးအရာရှိတွေက သက်သေပါပဲ” ဟုဦးခိုင်သုခက ပြောသည်။

ULA/AA အနေဖြင့်လူ့အဖွဲ့အစည်းကို အန္တရာယ်ပြုမည့် မူးယစ်ဆေးဝါး ဟူသမျှကို ပြင်းထန်စွာ ဆန့်ကျင်သည်ဟုပြောသည်။

“လုံးဝပါတ်သက်မှုမရှိပါဘူး။မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအတွက် ဘယ်အစိုးရ၊နိုင်ငံတကာအဖွဲ့အစည်းနဲ့ မဆိုပူးပေါင်းဆောင်ရွက်သွားဖိုလည်း ကျနော်တို့ အဆင်သင့်ရှိပါတယ်လိုပြောလိုပါတယ်” ဟုဦးခိုင်သုခကပြောသည်။

ရန်ကုန်တိုင်း ရွှေပြည်သာမြို့နယ် နှင့်ကွမ်းခြံကုန်း မြို့နယ်တို့တွင် ပြည်ပသို့ သယ်ဆောင်ရောင်းဝယ်သည့် မူးယစ်မှောင်ခိုဂိုဏ်းအဖွဲ့အား ငွေကျပ် ၂၅၇ ဘီလီယံကျော် တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၂၁၈သိန်း၊ စိတ်ပြောင်းဆေးဝါး ကတ်တမင်း ၁၈၉၉ ကီလို နှင့် အိုက်စ် ၅၆၁၄ ကီလိုနှင့်အတူ ဖော်ထုတ်ဖမ်းဆီးရမိကြောင်း စစ်ကောင်စီကဆို သည်။

ဩဂုတ် ၅ရက် က ရွှေပြည်သာမြို့နယ်၌ ကား ၂စီးအား မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရ၍ စစ်ဆေးဖော်ထုတ်ဖမ်းဆီးမှု၊ ကွင်းဆက် ဖော်ထုတ်ဖမ်းဆီးမှုများ ပြုလုပ်ခဲ့ဟုစစ်ကောင်စီက ထုတ်ပြန်သည်။

ဖမ်းမိသူများအား စစ်ဆေးဖော်ထုတ်ချက်အရ မူးယစ်ဆေးဝါးများကို ရန်ကုန်၌ သိုလှောင်စေကာ ရက္ခိုင် နှင့် ပြည်ပသို့ သယ်ဆောင်ရောင်းဝယ်ရာ၌ အဓိက စီမံခန့်ခွဲသူမှာ SSPP တပ်ဖွဲ့မှ ဗိုလ်မှူးအဆင့်ရှိ စိုင်းစု ဖြစ်ကြောင်း ဖော်ပြသည်။ မူးယစ်ဆေးဝါးများကို ရက္ခိုင်ပြည်နယ်မှ တဆင့် မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်သို့ သယ်ဆောင်စဉ် AA အဖွဲ့မှ ဗိုလ်မှူးအဆင့်ရှိ အကောက်ခွန်မှူး ကိုရေး က ရက္ခိုင်ပြည်နယ်သို့ ဖြတ်သန်းခအဖြစ် စိတ်ကြွရူးသွပ်ဆေးပါး အပြာင်း တသောင်းလျင် ကျပ် ၃သိန်းနှုန်း အခွန်ပေးဆောင်ရကြောင်း စစ်ကောင်စီကဆိုသည်။

စစ်ကောင်စီ၏ စွပ်စွဲချက်နှင့်ပတ်သက်၍ SSPP ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှူးကြီး စိုင်းဆု အပါအဝင် အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ အချို့ထံ People’s Spring ကဆက်သွယ်မေးမြန်းထားဆဲဖြစ်သည်။

စစ်ကောင်စီ၏ စွပ်စွဲချက်အပေါ် SSPP ဘက်ကလည်းတစုံတရာထုတ်ပြန်ခြင်းမရှိသေးပေ။

ဆက်စပ်သတင်းများ

ဆောင်းပါး

ရခိုင်ပြည်နယ်မှာ ၁၄ မြို့နယ်ဆုံးရှုံးထားတဲ့စစ်တပ်က အင်အားအများအပြားသုံးပြီးတန်ပြန်ထိုးစစ်ဆင်တာ သုံးပါတ်ရှိပါပြီ။သုံးပါတ်တိုင်ကြာလာပေမယ့် အာဏာသိမ်း စစ်တပ်က စခန်းတစ်ခုမှပြန်သိမ်းနိုင်တာမရှိဘဲ စစ်တပ်ရဲ့ကာကင်စခန်းနဲ့ ​ခြေကုတ်​စခန်း​တွေကိုသာ AA ကပြန်သိမ်းသွားပါတယ်။

သတင်း

စစ်​တွေမြို့နဲ့ တိုက်ပွဲ​တွေပိုနီးလာလို့​ငွေ​ကြေးတတ်နိုင်သူ​တွေ ရန်ကုန်​သို့ပြောင်း​ရွေ့

သတင်း

စစ်တွေ-ပုဏ္ဏားကျွန်းမြို့အစပ်မှာ စက်တင်ဘာလဆန်းကစပြီးဖြစ်ပွားနေတဲ့တိုက်ပွဲ​တွေအတွင်းမှာ သိမ်းဆည်းရရှိတဲ့ လက်နက်ခဲယမ်း​တွေနဲ့ စစ်သား​အ​လောင်း​တွေရဲ့ ဓါတ်ပုံမှတ်တမ်း​တွေကိုအာရက္ခတပ်​တော်က ဒီ​​နေ့တရာဝင်ထုတ်ပြန်လိုက်ပါတယ်။

သတင်း

စစ်တွေ-ပုဏ္ဏားကျွန်းမြို့အစပ်မှာ စက်တင်ဘာလဆန်းကစပြီးဖြစ်ပွားနေတဲ့တိုက်ပွဲ​တွေအတွင်းမှာ သိမ်းဆည်းရရှိတဲ့ လက်နက်ခဲယမ်း​တွေနဲ့ ဖမ်းဆီးထားတဲ့ စစ်သုံ့ပန်း​တွေကို အာရက္ခတပ်​တော်က ဒီ​​နေ့တရာဝင်ထုတ်ပြန်ပါတယ်။

Facebook