Connect with us

Hi, what are you looking for?

သတင်း

မင်းပြားမြို့ကိုလည်း စစ်ကောင်စီလေကြောင်းမှ ဗုံးကြဲ

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ကို လူ အစုလိုက်၊ အပြုံလိုက်သေဆုံးသည်အထိ ဗုံးကြဲပြီးနောက် မင်းပြားမြို့နယ်ကိုလည်း ယနေ့(သြဂုတ်၂၆ရက်) ညနေပိုင်းတွင် စစ်ကောင်စီက လေကြောင်းမှ ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့သည်။

မီးလောင်ခဲ့သည့် မင်းပြားမြို့မဈေးအား ၂၀၂၄ ဧပြီ ၁၄ ရက်နေ့က တွေ့ရစဉ်။ ဓာတ်ပုံ − Kyaw Hla Sein

ဩဂုတ်−၂၆၊၂၀၂၅။လူအေး/People’s Spring

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ကို လူ အစုလိုက်၊ အပြုံလိုက်သေဆုံးသည်အထိ ဗုံးကြဲပြီးနောက် မင်းပြားမြို့နယ်ကိုလည်း ယနေ့(သြဂုတ်၂၆ရက်) ညနေပိုင်းတွင် စစ်ကောင်စီက လေကြောင်းမှ ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့သည်။

မင်းပြားမြို့နယ်၊ ကျောက်ခုတ်ကျေးရွာကို ညနေ ၃နာရီခန့်တွင် ဗုံးကြဲခြင်းဖြစ်ပြီး ထိခိုက်မှုအခြေအနေကို မသိရသေးကြောင်း ရခိုင်စစ်ဘေးရှောင်တစ်ဦးက ပြောသည်။

ယမန်‌နေ့ ဩဂုတ်၂၅ရက် ည ၁၁ နာရီ ၂၅ မိနစ်ခန့်ကလည်း မြောက်ဦးမြို့၊ ဒိုင်းကျီရပ်ကွက်ရှိ အလှူအိမ်တအိမ်ကို စစ်ကောင်စီက ဗုံးကြဲခဲ့ရာ ကလေးငယ် (၅)ဦးအပါအဝင် အရပ်သားပြည်သူ ၁၂ဦး သေဆုံးပြီး ၂၀ဦးဒဏ်ရာရရှိခဲ့သည်ဟု အာရက္ခတပ်တော်(AA)က သတင်းထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

နိုင်ငံတစ်ဝန်း၌ စစ်ရှုံးနေသောစစ်ကောင်စီသည် ရခိုင်ပြည်နယ်၌သာမက အခြားဒေသများတွင်လည်း စစ်ဘက်နှင့်မသက်ဆိုင်သည့်စာသင် ကျောင်းများ၊ ဆေးရုံဆေးခန်းများ၊ ဈေးများ၊ ဘာသာရေးအဆောက်အုံများ၊ လမ်းတံတားများ၊ စစ်ဘေးရှောင်စခန်းများ နှင့် လူနေထူထပ်သော မြို့ရွာ ရပ်ကွက် နေရာများကို ပစ်မှတ်ထားတိုက်ခိုက်ပြီး စစ်ရာဇဝတ်မှုများကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ကျူးလွန်နေသည်ဟု AA က သတင်းထုတ်ပြန်သည်။

စစ်ကောင်စီ၏ စစ်ရာဇဝတ်မှုနှင့် လူသားမျိုးနွယ်အပေါ် ပြစ်မှုကျူးလွန်နေသော လုပ်ရပ်များကို ပြင်းထန်စွာရှုတ်ချပြီး သက်ဆိုင်ရာနိုင်ငံတကာအဖွဲ့အစည်းများထံသို့ ပေးပို့သွားမည်ဖြစ်ပြီး လုပ်သင့်လုပ်ထိုက်သည်များအား ဆက်လက်လုပ်ဆောင်သွားမည်ဟု ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

” ဒီလိုမျိုး အရပ်သားပြည်သူတွေကို ပစ်မှတ်ထား တိုက်ခိုက်သတ်ဖြတ်တဲ့ ဒီအကြမ်းဖက်စစ်ကောင်စီအနေနဲ့ တာဝန်ယူမှု၊ တာဝန်ခံမှုရှိရမှာဖြစ်ပါတယ်။ ကျနော်တို့ ULA၊AAအနေနဲ့ကတော့ ကျနော်တို့ရဲ့အပြစ်မဲ့ပြည်သူတွေကို မတရာဗုံးကြဲတိုက်ခိုက်တဲ့ စစ်ရာဇဝတ်ကောင်တွေကို အပြစ်ပေးအရေးယူနိုင်ဖို့အတွက် နည်မျိုးစုံနဲ့ ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမှာဖြစ်ပါတယ်”ဟု AA ၏ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ် ကျောက်ကြီးကျေးရွာကို စစ်တပ်က လေကြောင်းတိုက်ခိုက်မှု ထပ်မံ ပြုလုပ်ခဲ့လို့ အရပ်သားပြည်သူအစုလိုက်၊ အပြုံလိုက်သေဆုံးထိခိုက်ခဲ့ရကြောင်း အာရက္ခတပ်တော်(AA)က ထုတ်ပြန်ပါတယ်။

သတင်း

ကျားမသောက်တပ်ရင်းထဲ AA ရဲလက်နက်ကြီးကျရောက်ပေါက်ကွဲလို့ အသေအပျောက်ရှိ

သတင်း

အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ချင်းပြည်နယ် ပလက်၀မြို့နယ် ကုလက်ချောင်းနဲ့ ရှင်းလက်ချောင်းအတွင်းရှိ စက်လှေအငှားလိုက်တဲ့ ဒေသခံချင်းလူမျိုး ငါးဦးကို AA က ဖမ်းဆီးစစ်ဆေးနေပြီး အချို့မှာ ဒီနေ့ထိ ပြန်မ လွတ်လာသေးဘူးလို့ ဒေသခံတွေဆီက သိရပါတယ်။