Connect with us

Hi, what are you looking for?

သတင်း

သံတွဲရှိ စစ်ရှောင်များအား AAက ဆန်အိတ် တထောင်ကျော်ထောက်ပံ့

ရက္ခိုင်ပြည်နယ်၊သံတွဲမြို့နယ်ရှိစစ်ရှောင်များအတွက်အရေးပေါ် စားနပ် ရိက္ခာထောက်ပံ့ခြင်းပြုလုပ်ခဲ့ရာ ဇူလိုင်နှင့် ဩဂုတ်လအတွင်း ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်(ULA/AA)၏ ထောက်ပံ့မှုဖြင့် ဆန်အိတ်တထောင်ကျော် ပံ့ပိုးပေးခဲ့ကြောင်း ULA/AA၏ လူသားချင်းစာနာထောက်ထားရေးနှင့်ဖွံဖြိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးရုံး-HDCO က သတင်းထုတ်ပြန်သည်။

သံတွဲမြို့နယ်ရှိ စစ်ဘေးရှောင်ပြည်သူများအား တွေ့ရစဉ်။ ဓာတ်ပုံ − CJ

စက်တင်ဘာ− ၃၊ ၂၀၂၅။ ထားမြတ်/People’s Spring

ရက္ခိုင်ပြည်နယ်၊သံတွဲမြို့နယ်ရှိစစ်ရှောင်များအတွက်အရေးပေါ် စားနပ် ရိက္ခာထောက်ပံ့ခြင်းပြုလုပ်ခဲ့ရာ ဇူလိုင်နှင့် ဩဂုတ်လအတွင်း ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်(ULA/AA)၏ ထောက်ပံ့မှုဖြင့် ဆန်အိတ်တထောင်ကျော် ပံ့ပိုးပေးခဲ့ကြောင်း ULA/AA ၏ လူသားချင်းစာနာထောက်ထားရေးနှင့်ဖွံဖြိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးရုံး-HDCO က သတင်းထုတ်ပြန်သည်။

လူသားချင်းစာနာထောက်ထားမှု အကူအညီများရရှိမှုအလွန်နည်းပါးနေသည့် အာရက္ခပြည် တောင်ဘက်မြို့နယ်များမှ စစ်ဘေးရှောင်များအား အရေးပေါ်အကူအညီများ ထောက်ပံ့နိုင်ရေး ကြိုးစားနေမှု အခြေအနေကို HDCO က အသိပေးခဲ့ခြင်းဖြစ်သည်။

ယခုနှစ် ဇူလိုင်လနှင့်ဩဂုတ်လအတွင်းသံတွဲမြိုနယ်၊တိုက်နယ်(၉)ခုမှ အရေးပေါ်စားနပ်ရိက္ခာအကူအညီလိုအပ်နေသည့်စစ်ဘေးရှောင် အိမ် ထောင်စု (၂၁၈၈)စု လူဦးရေ (၇၀၄၉) ဦးအတွက်ဆန်အိတ် ၁၁၆၄လုံး ကွင်းဆင်းထောပ်ပံ့ခဲ့သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

“ကျန်ရှိသည့်တောင်ဘက်မြို့နယ်များနှင့်တခြားမြို့နယ်များရှိကူညီထောက်ပံ့မှုမရရှိသေးသောစစ်ဘေးရှောင်များကို အရေးပေါ် စားနပ်ရိက္ခာအကူအညီများ ဆက်လက် ထောက်ပံ့နိုင်ရေး ဆောင်ရွက်နေပါသည်”ဟု HDCOက သတင်းထုတ်ပြန်သည်။

ဇွန်လအတွင်းအချက်အလက်များအရ သံတွဲမြို့နယ်တွင် စစ်ဘေးရှောင် အိမ်ထောင်စုပေါင်း နှစ်ထောင်ကျော်ကို မေလနှင့် ဇွန်လ နှစ်လတာ ကာလအတွင်း ဆန် (၁၄၂) အိတ်သာ ဒေသခံလူမှုအဖွဲအစည်းတစ်ခု၏ ထောက်ပံ့မှု ရရှိထားသည်ကိုတွေ့ရဟု အသိပေးသည်။

၂၀၂၅အတွင်းသံတွဲမြို့နယ်တွင်လူသားချင်းစာနာထောက်ထားရေး ပရောဂျက်၃ခုသာဝင်ရောက်လျက်ရှိပြီး စီမံကိန်း ၁ ခုမှာ ပြီးစီးပြီးဖြစ်ကြောင်း၊ လူသားချင်းစာနာထောက်ထားရေး အဖွဲအစည်းများအနေဖြင့် လိုအပ် ချက်မြင့်မားပြီး အကူအညီ အထောက်အပံ့ရရှိမှုနည်းပါးသည့် မြို့နယ်များရှိ စစ်ဘေးရှောင်ပြည်သူများကို အရေးပေါ်ကူညီ ထောက်ပံ့မှုများ ပေးအပ်နိုင်ရေး အလေးအနက်ထား လုပ်ဆောင်ရန် လိုအပ်နေကြောင်း HDCOက ထုတ်ပြန်သည်။

ရက္ခိုင်ပြည်နယ်ရှိပြည်သူများအနေဖြင့် စစ်ဘေးအပြင် သဘာ၀ဘေးဒဏ်ပါ ကြုံနေကြရပြီး မှတ်တမ်းများအရ ဘေးဒဏ်အမျိုးမျိုးကြောင့်နေရပ်စွန့်ခွာ ပြည်သူ ၆သိန်းကျော်ရှိဟု AA ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ဩဂုတ် ၁၁ရက် သတင်းစာ ရှင်းလင်းပွဲ၌ ပြောကြားထားသည်။

ကုလ၊နိုင်ငံတကာနှင့် ပြည်တွင်းအဖွဲများ၏ အကူအညီများ စစ်ကောင်စီ ပိတ်ထား၍ ဒုက္ခသည်များ လုံလောက်သည့် အကူအညီမရဘဲဖြစ်နေသည်ဟု ၎င်းက ပြောသည်။

“နိုင်ငံတကာ နဲ့ ပြည်ပ ကူညီရေးအဖွဲအစည်းတွေအနေနဲ့ ရက္ခိုင်အမျိုး သားအဖွဲချုပ်က ဖွဲစည်းထားတဲ့ လူသားချင်းစာနာမှုနှင့် ညှိနှိင်းရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးရုံး(HTCO)နဲ့ ချိတ်ဆက်ပြီး လူသားချင်း စာနာမှု လုပ်ငန်းတွေကို အခုထက် ပိုလို ထိထိရောက်ရောက်လုပ်ဆောင်ပေးဖို လိုအပ်ပါကြောင်း အလေးအနက် တိုက်တွန်းပြောကြားလိုပါတယ်”ဟု ဦးခိုင်သုခက ပြောထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်တွေ-ပုဏ္ဏားကျွန်းမြို့အစပ်မှာ စက်တင်ဘာလဆန်းကစပြီးဖြစ်ပွားနေတဲ့တိုက်ပွဲ​တွေအတွင်းမှာ သိမ်းဆည်းရရှိတဲ့ လက်နက်ခဲယမ်း​တွေနဲ့ စစ်သား​အ​လောင်း​တွေရဲ့ ဓါတ်ပုံမှတ်တမ်း​တွေကိုအာရက္ခတပ်​တော်က ဒီ​​နေ့တရာဝင်ထုတ်ပြန်လိုက်ပါတယ်။

သတင်း

စစ်တွေ-ပုဏ္ဏားကျွန်းမြို့အစပ်မှာ စက်တင်ဘာလဆန်းကစပြီးဖြစ်ပွားနေတဲ့တိုက်ပွဲ​တွေအတွင်းမှာ သိမ်းဆည်းရရှိတဲ့ လက်နက်ခဲယမ်း​တွေနဲ့ ဖမ်းဆီးထားတဲ့ စစ်သုံ့ပန်း​တွေကို အာရက္ခတပ်​တော်က ဒီ​​နေ့တရာဝင်ထုတ်ပြန်ပါတယ်။

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်တိုက်ပွဲတွေအတွင်းအာဏာသိမ်းစစ်တပ်ရဲ့ကာကင်းအပါအဝင် ခြေကုတ်နေရာအချို့ကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ရရှိထားပြီး တိုက်ပွဲတပါတ်ကျော်အတွင်း ​နေရာ​လေးခုထက်မနည်းရှိပြီဖြစ်တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။