Hi, what are you looking for?
အာရက္ခတပ်တော်(AA) သိမ်းပိုက်ထားသည့် ရခိုင်ပြည်နယ်ရှိမြို့နယ်များ မှစစ်တပ်စခန်းများပတ်ဝန်းကျင်ကို AA က မိုင်းရှင်းလင်းစဉ် ဘုရားစာများကပ်ထားသည့် မိုင်းများ၊ ဗုံးများ၊ လက်နက်ကြီးကျည်ဆန်များကို တူးဖော်တွေ့ရှိခဲ့သည်။
အာရက္ခတပ်တော်(AA)မှ စစ်ပွဲများအတွင်း ဖမ်းဆီးထားပြီး မကြာမီပြန်လွှတ်ပေးရန်ပြင်ဆင်ထားသည့် စစ်သုံ့ပန်းများနှင့် ၎င်းတို့၏ မိသားစုဝင်များထားရှိရာနေရာကို စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေးငယ်နှင့်အမျိုးသမီးအပါအဝင် စုစုပေါင်း ၂၈ဦး သေဆုံးခဲ့ပြီး ၂၅ ဦးဒဏ်ရာရရှိခဲ့သည်ဟု AAက ယနေ့ (ဇန်နဝါရီ ၁၉ရက်) သတင်းထုတ်ပြန်သည်။