သတင်း ဒီးမော့ဆိုမြို့နယ် စံပြ(၆)မိုင်ဘက်သို့ အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်နေ သော စစ်ကောင်စီတပ် ထိခိုက်သေဆုံးမှုများနေဟု KNDF ထုတ်ပြန် သြဂုတ် ၂ ရက် နံနက် အစောပိုင်းတွင် ဒီးမော့ဆိုမြို့ ငွေတောင်အခြေစိုက် ခမရ (၄၂၇) တပ်စခန်းမှ စံပြ(၆) မိုင်ဘက်သို့ စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်များနှင့် KNDF B09တို့ ထိတွေ့ တိုက်ပွဲ တနေကုန်နီးပါး ဖြစ်ပွားခဲ့သည်ဟု ဆိုသည်။ LuduNwayOoဩဂုတ် 8, 2022
သတင်း ဖရူဆိုမြို့နယ် စစ်ကောင်စီတပ်နှင့် ကင်းစခန်းကိုတိုက်ခိုက်၊ စစ်ကောင်စီ တပ်သားသုံးဦးသေဟု KNDF ပြော စစ်ကောင်စီတပ်သည် စစ်ကြောင်းနှစ်ခုဖြင့် လွိုင်ကော် - ဒီမောဆိုလမ်းမကြီး ကို ယမန်နေ့(ဇူလိုင် ၃၀ ရက်)ကစ၍ ပြန်လည် ထိန်းချုပ်ရန် ကြိုးပမ်းနေ ကြောင်းလည်း KNDF တာဝန်ရှိသူတစ်ဦးက ပြောထားသည်။ LuduNwayOoဇူလိုင် 31, 2022
သတင်း ကရင်နီပြည်တွင် ပြည်သူများအပေါ် အခွန်များဖိနှိပ်ကောက်ခံနေသည့် စည်ပင်နှင့်လျှပ်စစ်ဌာန ရပ်တန့်ကရပ်ရန် KNDF သတိပေး ယခုလက်ရှိ ကရင်နီ(ကယား)ပြည်နယ်တွင် တိုက်ပွဲများဖြစ်ပွားလာခဲ့သည်မှာ တစ်နှစ်ကျော် လာခဲ့ပြီး နောက်ဆက်တွဲအနေဖြင့် ပြည်သူလူထုမှာ စစ်ဘေးဒဏ်များ နေချင်းညချင်းခံစားလာရပြီး အိုးအိမ်များပျက်စီးဆုံးရှုံး စွန့်ခွာလာရသည်ဟု KNDF က ဆိုသည်။ LuduNwayOoဇူလိုင် 29, 2022
သတင်း မိုးဗြဲမြို့အခြေစိုက်(ခမရ ၄၂၂)တပ်စခန်းအပါအဝင် ဘုရားကျောင်းတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို KNDF တိုက်ခိုက်၊ စစ်ကောင်စီတပ်သား ခုနစ်ဦးသေဟုဆို ဖယ်ခုံ၊ မိုးဗြဲနှင့် လွိုင်ကော်မြို့ရှိ စစ်ကောင်စီအမြောက်တပ်မှ ယနေ့တွင် လက်နက်ကြီးဖြင့် တနေကုန်ရမ်းသမ်းပစ်ခတ်သောကြောင့် ဒေသခံပြည်သူများ ၏ အိုးအိမ်များ ပျက်စီးဆုံးရှုံးမှုရှိခဲ့သည်ဟု ဆိုသည်။ LuduNwayOoဇူလိုင် 18, 2022
သတင်း ဒီးမော့ဆိုနယ် အူးခူးရီရွာ တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို KNDF တိုက်ခိုက်၊ အနည်းဆုံးနှစ်ဦးသေဟုဆို အဆိုပါတိုက်ပွဲများတွင် စစ်ကောင်စီတပ်သား ၅၀ကျော်သေဆုံးကာ ကရင်နီပူးပေါင်းတပ်မှ ရဲဘော် ၁၂ဦးကျဆုံးခဲ့သည်။ LuduNwayOoဇူလိုင် 17, 2022
သတင်း တရားမဝင်ကုန်သွယ်မှုအပါအဝင် မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှုများ၊သတင်းပေးများနှင့် စစ်ကောင်စီအုပ်ချုပ်ရေးကို ပုံဖော်ကြိုပမ်းနေသူများကို အရေးယူမည်ဟု KNDFသတိပေး တရားမဝင် မူးယစ်ဆေးဝါးရောင်းချသုံးစွဲ ခြင်းများနှင့် စစ်တပ်ထုတ်ကုန်များ လက်လီ၊လက်ကားရောင်းချခြင်း၊သုံးစွဲခြင်းများကို အရေးယူမည်ဟု သတိပေးသည်။ LuduNwayOoဇူလိုင် 16, 2022
သတင်း ဇူလိုင်ဒုတိယအပတ်အတွင်း ကရင်နီပြည်၌ စစ်ကောင်စီ၏ စခန်းကုန်းများနှင့် ထောက်ပို့ယာဥ်များကို KNDF ကြားဖြတ်တိုက်ခိုက် တိုက်ပွဲအတွင်းကျဆုံးခဲ့သောရဲဘော်အား KNDFက အာဇာနည်သူရဲကောင်း အဖြစ် အလေးပြု သမိုင်းမှတ်တမ်းတင်ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။ LuduNwayOoဇူလိုင် 15, 2022
သတင်း လွိုင်ကော် – မော်ချီးလမ်းပိုင်းကို တစ်ပတ်လျှင်သုံးရက်သာ ဖြတ်သန်းသွားလာခွင့်ပြုမည်ဟု KNDF အသိပေး ကရင်နီပြည်နယ်အစိုးရ၊ပြည်ထဲရေးဝန်ကြီးဌာန၊ ဒီးမော့ဆိုမြို့နယ်အုပ်ချုပ်ရေးမှူးနှင့် KNDF တပ်ရင်း - ၉ ၊ ၁၀ တို့၏ အစည်းအဝေးဆုံးဖြတ်ချက်အရ လွိုင်ကော် - မော်ချီးလမ်းပိုင်းအသုံးပြုရမည့် စည်းကမ်းချက်များကို သတ်မှတ်ခဲ့ကြောင်း ဖော်ပြသည်။ LuduNwayOoဇူလိုင် 10, 2022
ဗီဒီယို စစ်ကောင်စီအခြေစိုက်စခန်းကို ရဲမေအချို့ပါဝင်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သားငါးဦးသေဟု KNDF ထုတ်ပြန် တိုက်ပွဲ ဖြစ်စဥ်မှာ ဇူလှိုင် ၆ရက် နံနက် ၆ နာရီတွင် လွိုင်ကော်မြို့နယ်၊ လောပိတကျေးရွာအနီးရှိ စစ်ကောင်စီ၏ သင်္ဘောပင်စခန်းအား ကရင်နီတပ်မတော် (KA) နှင့်KNDF B-10၊ B-9 တို့မှ ချည်းကပ်တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။ LuduNwayOoဇူလိုင် 8, 2022
သတင်း ဇူလိုင်ပထမပတ်အတွင်း လွိုင်ကော်မြို့နယ်နှင့် ဖယ်ခုံမြို့နယ်တို့ရှိ စစ်အုပ်စု၏ ခြေကုပ်စခန်းများကို တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၄၅ဦးထက်မနည်းသေဟု KNDF ထုတ်ပြန် စစ်ကောင်စီတပ်မှ လက်နက်ကြီးများဖြင့် အလွန်အကျွံ့ အသုံးပြုတိုက်ခိုက်ခဲ့ခြင်း၊ သာလွန် စစ်ကူအင်အားတို့ဖြင့် ပိတ်ဆို့တိုက်ခိုက်ခြင်းတို့ကြောင့် ပူးပေါင်းတပ်ဘက်မှ ၁၁ဦးကျဆုံးခဲ့ရသည်။ LuduNwayOoဇူလိုင် 8, 2022